
“အကြည့်”တချက်လည်းမဟုတ်
“အထိအတွေ့” ဆိုတာကတော့ ဝေးရော...
ကိုယ်....“ငြိ” မိသွားတယ်
သဲဖူးလိပ်ပြာ ရုံးဖို့ခက်ခက်
သူ့ရင်ထဲက ခံစားချက်ပိုးမျှင်ကြား...
တိမ်တိုက်တွေလို
ပေါ့ပါးစွာ ကိုယ်လွင့်မျောသွား
သူဖမ်းစားတဲ့ မှော်ရုံတောမှာ
သူ့အတွက်...
တိတ်တိတ်လေးရေးနေခဲ့တဲ့
ကိုယ့်ရဲ့... ရင်၌ဖြစ်တည်သော... “ကဗျာ”
15 comments:
တိတ် တိတ်လေးလာဖတ်သွားတယ်နော
ညီမ ရေ
တိတ်တိတ်လေး ပြန်ရဲတော့ဘူး
ချစ်သော အကိုကြီးအတွက် စိတ်မကောင်းဖြစ်မိပါတယ်
တိတ်တိတ်လေးရေးတဲ့ ကဗျာကို တိတ်တိတ်လေး ဆွေးနေတဲ့ လူက ဖတ်သွားပါတယ် . .
ပိုးမျှင်တွေထဲ ဘယ်သူဝင်ခိုင်းလို့လဲ....။
အမြန်ရှင်းပစ်လိုက်ပါကွယ်....။ လာဘ် ပိတ်တယ်ဆိုလားပဲ (ကေတုဟလ မင်္ဂလာတွေ မယုံနဲ့)
တိတ်တိတ်ကလေး ဟတ်ထိတယ်ဆိုတာ ဒီကဗျာဖြစ်မယ်၊ ရင်ထဲရောက်သွားပါတယ်၊
နတ်သမီးလဲ ပုထုဇဉ်ပဲကိုး အချစ်နဲ့  ဘယ်ကင်းပါ့မလဲနော်..
ပုံ
ဒေဝေါ...
တိတ်တိတ်လေးရေးတဲ့ကဗျာကို လူစုံတုန်း ဖတ်သွားပါသည်။ ကျန်းမာပျော်ရွှင်ပါစေ...
တိတ်တိတ်လေးဖတ်ပြီပျံဖို့ အတောင်ပျံခဏငှားပါးD
စိတ်ရောကိုယ်ပါကျမ်းမာပျော်ရွှင်လို့ 
သာယာချမ်းမြေ့ပါစေရှင်းးးး
မိုး
တိမ်တိုက်တွေလို
ပေါ့ပါးစွာ ကိုယ်လွင့်မျောသွား
သူဖမ်းစားတဲ့ မှော်ရုံတောမှာ
း)
ပေးချင်တဲ့ ခံစားချက်ကို ရသွားတယ် နန်းမ၀ရေး)
ခင်မင်တဲ့
ဗညား
မြင်လည်း မမြင်ဘူးပဲနဲ့ ဘယ်လို ငြိနိုင်ပါ့မလဲ.. :P
အားပေးသွားပါတယ် ..တိုက်ဆိုင်လိုက်တာ အရမ်းကြိုက်တယ်..
အမရယ် အဲဒါ ` စိတ်` ပေါ့
ချည်နှောင် မထားပဲလည်း ငြိ နိုင်တယ်လေ
အပြင်မှာ မမြင်ဖူးပေမဲ့ အင်တာနက်ကနေ အမြဲတွေ့တယ်လေ
ဟုတ်တယ်ဟုတ်း)
ညီမရဲ့ တိတ်တိတ်လေးရေးတဲ့ကဗျာကို သူကလည်း တိတ်တိတ်လေး လာဖတ်မှာပါ
ပြီးတော့ တိတ်တိတ်လေး ခံစားသွားမှာ သေချာပါတယ်
နတ်သမီး ပျော်ရွှင်ပါစေ
ချစ်တဲ့
မချော
အဟဲ.. တိတ်တိတ်ကလေးရေးပြီး မဆွေးလိုက်နဲ့နော်...း))))
သူကလဲတိတ်တိတ်ပြန်ရေးမယ်နဲ့တူတယ်။
ကဗျာချစ်သူတွေဆိုတော့ စိတ်ညီတာပေါ့။
Post a Comment