Saturday, April 9, 2011

အတာကူးမှာ ဖွားတဲ့ သူ


နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကိုကြိုဆိုတဲ့ မြန်မာလူမျိုးတို့ရဲ့ အတာကူးတဲ့ တန်ခူးလသို့ရောက်ရှိခဲ့ပြန်ပါပြီ...
“တာ” သည် အချိန်အခါ၊ ရာသီဥတု၊ နှစ် စသည်တို့ကို ဟောရာ ဤ“တာကူး” ဟူသော ဝေါဟာရ၌ “နှစ်”ကိုရည်ရွယ်သည်။
ထို့ကြောင့် တာကူးလသည် နှစ်ကူးသောလဟု အဓိပ္ပါယ်ရသည်ဟု ဆိုသည်။
“သင်္ကြန်”ဟူသောစကားသည် သင်္ကန္တဟူသော ပါဠိမှဆင်းသက်၍ ရွတ်ဆိုသောအခါ သက္ကတ၌ရှသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည်။ အဓိပ္ပါယ်မှာ “ကူးပြောင်းခြင်း” ဖြစ်သည်။

သင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည်။
သင်္ကြန်ရေပက်ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည်။ “ရေ” သည် “မေတ္တာဓာတ်” ကိုတင်စားသည်။ ရေကစားကြသည်မှာ “ရေလိုအေး၍ ပန်းလိုလန်းပါစေ” ဟူသော မေတ္တာဓာတ်ဖြင့် ကစားခြင်းဖြစ်သည်။
လူကြီးများကား သင်္ကြန်နှစ်သစ်ကူးအခါတော်တွင် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစုံ စင်ကြယ်စေသည်ဟူသော အထိမ်းအမှတ်ဖြင့် ဦးခေါင်းကို ဆေးကြ လျှော်ကြသည်။
မြန်မာမင်းတို့ လက်ထက်တွင်မူ ဘုရင်မင်းမြတ်တို့ ကိုယ်တိုင် ဦးခေါင်းဆေးမင်္ဂလာကို ကြီးမှူး၍ ကျင်းပသည်။
ထိုဦးခေါင်းဆေးမင်္ဂလာနှင့်စပ်လျှင်း၍ လူငယ်တို့က လူကြီးတို့၏ဦးခေါင်းကို တရော်ကင်ပွန်းတို့ဖြင့် ဆေးလျှော်ပေး၍ ကုသိုလ်ယူကြသည်။
ဤမင်္ဂလာအမှုနှင့် တဆက်တည်း ဂါရဝ နိဝါတ တရားကိုရည်မှန်း၍ လူငယ်တို့က အသက်ကြီး ရွယ်ကြီးတို့ကို ကန်တော့ကြသည်။

သင်္ကြန်သည် တစ်နှစ်ပြီးတစ်နှစ် ကာလရွေ့လျှားပြောင်းလဲလာခြင်းကို သတိရစေသည်။
္က္က္ကဤရွေ့လျှားခြင်းသင်္ခါရဓမ္မကို ဆင်ခြင်သော လူကြီးများသည် ဥပုသ်သီတင်း တည်ဆောက်၍ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလေ့ရှိကြသည်။
တရားဓမ္မ၌ ဦးဆောင်လမ်းပြဖြစ်သော လူကြီးများသည် မိမိတို့၏ သားသမီး မြေး မြစ် ငယ်ရွယ်သူတို့ကို ကုသိုလ်တရားပွားများရလေအောင် သင်္ကြန်ကာလအတွင်း၌ပင် ပဉ္စင်းခံရှင်ပြုအလှူအတန်းတို့ကို ဆောင်ရွက်လေ့ရှိသည်။

တန်ခူးလတွင် ပိတောက်၊ငုဝါ၊ ကံ့ကော်နှင့် ရင်ခတ်ပန်းတို့ပွင့်လန်းကြရာ ပိတောက်ပန်းကို သင်္ကြန်ပန်းဟုသတ်မှတ်ပြီး သင်္ကြန်သီချင်းများနှင့် လှပသော ကဗျာများရေးစပ်ရာတွင် ထည့်သွင်းအသုံးပြုကြသည်။
ပိတောက်သည် အခိုင်လိုက် အဆုပ်အခဲနှင့်ပွင့်လေ့ရှိသောကြောင့် အပွင့်ပွင့်လျှင် တစ်ပင်လုံးရွှေရောင်ကဲ့သို့ ဝင်းထိန်၍နေသည်။
တစ်နိုင်ငံလုံးကို မွှေးပျံ့သင်းကြိုင်သော ရွှေဝါရောင်ပိတောက်ပန်းများဖြင့်လွှမ်းခြုံထားသော ကာလ...
နှစ်ဟောင်းကိုချန်၍ နှစ်သစ်ကိုကူးပြောင်းသောကာလ...
မြန်မာဗုဒ္ဓဘာသာဝင်တို့ တရားဓမ္မကိုဆင်ခြင်ရင်း ဥပုသ်သီလဆောက်တည်သောကာလ...
ပဉ္စင်းခံရှင်ပြုအလှူအတန်းတို့ဖြင့် ကုသိုသ်ယူကြသောကာလ...
မြန်မာတိုင်းရင်းသားတို့ ပျော်ရွှင်စွာရေပက်ကစားကြသောကာလ...
ဤကဲ့သို့ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ မြင့်မြတ်လှသည့် အချိန်ကာလတွင် မွေးဖွားခဲ့သော “ကိုဇော်”ရဲ့ (၁၀.၀၄.၂၀၁၁)တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ မင်္ဂလာရှိသော မွေးနေ့ပွဲလေးကို အမှတ်တရ ကျင်းပပေးရင်း မဟာဂီတ ဦးပြုံးချိုရေးသားခဲ့သော “တန်ခူးလဖွဲ့ လေးချိုး” ကဗျာလေးကို မွေးနေ့လက်ဆောင်အဖြစ်ပေးရင်း “ကိုဇော်” ရဲ့မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ဆင်နွှဲလိုက်ကြရအောင်လားရှင်.......

နှစ်လုံးရယ်တဲ့ ပါဒ်မှီ။
ရေသွန်း စံပျော်လို့
ငွေကံ့ကော် ပိတောက်ပန်းရယ်
လန်းတဲ့ရာသီ။
စိတြာ ရွှေကြယ်မြတ်ကယ်နှင့်
စန်းသမ သတ်ပြည့်ခါမှီ
ညဉ့်နာရီနေခင်း။
မျှမပို
လအလို အခါထူးပါတဲ့
တန်ခူးသည် ဂိမှေ၌
ရဝန်နေ မဇ္ဈေနန်းမှာ
မြန်းမည့်အတွင်း။





HAPPY BIRTHDAY.....“ KO ZAW ”
အအေးများ...
္က္က


ပင်လယ်ရေညှိကြော် မွမွလေး

ကြက်သားဆာတေး

ကြက်သားသီဟိုစေ့

ကြက်ချိုချဉ်




ကြက်သား မှို၊မြှစ်ချို

တုမ်ယမ်ချဉ်စပ်ဟင်းရည်

ပုဇွန်မာဆလာ


ပုဇွန်ပဲသီး


မှိုခရုဟင်း

ပုဇွန်အစပ်
ဝက်သားကင်
ဘဲသားကင်
ကန်ဇွန်းရွက်ကြော်
သီးစုံထမင်းကြော်


သီးစုံအချိုပွဲ






မွေးနေ့ကိတ်လေးပါ
ရင်ထဲက ခံစားချက်ရောင်စုံများကို စာဖတ်ချစ်သူများအတွက် အမြဲတန်းချပြတတ်တဲ့ ကိုဇော့်အတွက် ရောင်စုံအလံလေးတွေသီကုံးထားတဲ့ မွေးနေ့ကဒ်ဖြူဖြူလေးကို လက်ဆောင်အဖြစ်ပေးရင်း...


ယနေ့ အချိန်မှ“စ”လို့...
ကိုဇော်တစ်ယောက်.. ရေလိုအေး၍ ပန်းလိုလန်းပါစေ...
အများအတွက် ပညာပေးရာ ကလောင်ရှင်တစ်ယောက် ဖြစ်ပါစေ...
လူမျိုး ဘာသာ သာသနာကို သယ်ပိုးတဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ပါစေ...
ကိုဇော့်ရင်ထဲက လိုအင်ဆန္ဒများလည်း အမြန်ဆုံးပြည့်ဝပြီး ဘဝရဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိပါစေလို့
ဆုတောင်းပေးလိုက်တယ်နော်......



ကဲ...
ဘာမှလာပြောမနေနဲ့...
မွေးနေ့မှာ လူစုံတယ်...
သင်္ကြန်အကြို... ကိုဇော့်ကို ရေပုံးနဲ့လောင်းတယ်ကွာ...
ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး




မှတ်ချက်။ ။ ဆရာမောင်ထင်ရေးသော မြန်မာတစ်ဆယ့်နှစ်လရာသီ မှ ကူးယူဖော်ပြပါသည်။
ဆိုက်ပရပ်စ်နိုင်ငံနဲ့ မလေးရှားနိုင်ငံ ၆နာရီကွာတဲ့အတွက် ပို့စ်ကို ၉ရက်နေ့ ရက်စွဲနဲ့ တင်လိုက်ပါတယ်။

11 comments:

လင်းခေတ်ဒီနို said...

ဘာမှလာမပြောနဲ့ ကဇော် ဘယ်မလဲ နှစ်ကူးမှာ မိန်းမယူလိုက်ပြီးဆို သတင်းတွေကြားနေတယ် ကဇော်း)))

မွေးနေ့မှာ ပျော်ရွင်နိင်ပါစေ ကိုဇော်ရေ . . . ဘက်ပီးဟက်ဒေးးးးးး)

rose of sharon said...

Happy Birthday Ko Zaw , နတ်သမီးလို သူငယ်ချင်းတစ်ယောက်ရှိတာ ကောင်းလိုက်တာနော်...

ဆောင်းနှင်းရွက် said...

selamat hari ulang tahun ..း))

လင်းခေတ်ဒီနို ပြောတာ ဟုတ်လားဗျို့ ..??

ကိုဇော် နှစ်သစ်မှာ
ညာနဲ့နော် .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်ဟုတ်တယ် ကိုဇော်က ဘာမှကျွေးလို့ ဒီမှာပဲ လာစားလိုက်တော့တယ်မမရေ .... :D
ံပျော်ရွင် ဖွယ်မွေးနေ့ မင်္ဂလာ ရက်မြတ်လေး ဖြစ်ပါစေ အကိုရေ..Happy Birthday for u!

မိုးစက်အိမ် said...

Happy Birthday ပါကိုဇော်ရေ မွေးနေ့ မှာ
ကောင်းခြင်းအဖြာဖြာပြည့်စုံပါစေသားဗျာ

An Asian Tour Operator said...

မွေးနေ့မှာ အရက် ၊ ဘီယာ ၊ ယမကာ မပါတဲ့ အတွက် ပို၍ ပို၍ ကျေးဇူး တင်သွားပါတယ်။ :)

စော(အဝါရောင်မြေ) said...

မွေးနေ့ ရှင်တော့ မသိဘူး ဘေးက အလည်လာတဲ့သူတော့ စားခြင်တာတွေ တော်တော် များများ တွေ့ လိုက်ရ၏။

မိုးငွေ့...... said...

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ကိုဇော်...
အီးးး ဗိုက်လဲ တော်တော်ပြည့်သွားပြီ...ကျေးဇူး
မွေးနေ့လုပ်ပေးတဲ့ မမနတ်သမီးရော...မွေးနေ့ရှင်ရော...

ခင်တဲ့
မိုးငွေ့

အနှိုင်းမဲ့ said...

ရေလာလောင်းတာ....ဗွမ်းးးးဗွမ်းးးးဗွမ်းးးး ဗွမ်းးးးဗွမ်းးးးဗွမ်းးးးဗွမ်းးးးဗွမ်းးးးဗွမ်းးးး:)

ကိုဇော် said...

အားလုံး ကျေးဇူး . . . .

အလွမ်းမြို့လေး said...

နတ်သမီးလေးရေ။
ပြင်ဆင်ပေးတဲ့ မွေးတွေနေ့ပွဲအတွက် ကျေးဇူးပါဘဲ။ စာချင်နေတာနော်။ သရေယိုနေတယ်။ ကိုဇော်ကတော့ ကျွေးမှာမဟုတ်ဘူးသိတယ်။ ခုမှအားလို့ ပြန်လာလည်နောက်ကျတာ ဆောရီးပါနော်။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .