သူ့နာမည်က “နောင်နောင်” ...
ဘလော့ဂ်မှာ စာရေးရင်းနဲ့ ကျမနဲ့ သိကြွမ်းခဲ့ရတဲ့ အသက်ခပ်ငယ်ငယ် ကောင်လေး(မောင်လေး)တယောက်ပေါ့..။
အကြောင်းတခုခုကြောင့် ဆေးကျောင်းသား ဘဝကိုစွန့်ခွာခဲ့ရပြီး မိဘ၊ မောင်နှမများနဲ့ခွဲကာ ထိုင်းနိုင်ငံရဲ့ တနေရာမှာ အခြေချနေထိုင်ရင်း အများအကျိုးပြုအဖွဲ့အစည်း တခုမှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်လေးတယောက်...ရဲ့ ဆုံးရှုံးခဲ့ရတဲ့ ဆရာဝန်ဘဝကို ကျမ အရမ်းနှမျောမိပါတယ်။
“ရောင်ခြည်ဦးအလုပ်သမားအဖွဲ့”ကို သက္က္ကရာဇ် ၁၉၉၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ထိုင်းနိုင်ငံရောက် ကျောင်းသားများနှင့် မြန်မာအလုပ်သမားများမှ မဲဆောက်ဒေသမှာရှိတဲ့ မြန်မာအလုပ်သမားများ၏လုပ်ငန်းခွင် အခြေအနေတိုးတက်ရန်နှင့် လူနေမှုဘ၀ တိုးတက်ရေးတို့အတွက် စတင်ဖွဲ့စည်းခဲ့ပါတယ် ဆိုတဲ့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်တဲ့ မောင်လေး “နောင်နောင်” ဟာ ဆရာဝန်ဘဝကို ဆုံးရှုံးခဲ့ရပေမယ့်လည်း စိတ်ဓာတ်မကျပဲ ရောက်တဲ့အရပ်မှာ အများအတွက် အကျိုးပြုလုပ်ငန်းများကို ကျရာနေရာကနေ ထမ်းဆောင်ရင်း ဘဝကိုပေးဆပ်နေခဲ့တယ်..။
“မင်္ဂလာပါ မမရေ...”
“မမ နေကောင်းရဲ့လား...”
“ကျန်းမာရေး ဂရုစိုက်နော်..”..လို့
အွန်လိုင်းပေါ်မှာ အမြဲနှုတ်ဆက်တတ်တဲ့ သူ့ကို အပြင်မှာ တခါမှမမြင်ဖူးခဲ့ပေမယ့် သူ့ရဲ့ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်လေးတွေကြောင့် သူ့ကို ကျမ “ အဖြူရောင် ဖုယောင်းတိုင်လေး” လို့ အမည်ပေးထားမိပါတယ်..။
ဒီနေ့ဟာ “အဖြူရောင် ဖုယောင်းတိုင်လေး”ရဲ့ မွေးနေ့လေးပါ..
မနှစ်က မလုပ်ဖြစ်ခဲ့တဲ့ သူ့ရဲ့မွေးနေ့ပွဲလေးကို ဒီနေ့တော့ မှတ်မှတ်ရရ လုပ်ပေးရင်း..
မောင်လေးနောင်နောင်အတွက် ဆုတောင်းပေးလိုက်ကြရအောင်နော်...
ကျမထက် အသက်အများကြီးငယ်တဲ့ မောင်လေးရဲ့မွေးနေ့ပွဲလေးမှာ ပေါ့ပေါ့ပါးပါး အစားအစာများနဲ့ အယ်လ်ကိုဟော မပါသည့် အအေးများနဲ့ဧည့်ခံလိုက်ပါတယ်...
ကြက်တောင်ပံနဲ့ အာလူးကြော်
အရိုးမပါငါးနဲ့အာလူးကြော်
ပုဇွန်နဲ့ အာလူးကြော်
အရက်မပါသော အအေးအစုံအလင်....
စတော်ဗယ်ရီ Milk shake များ...ရေခဲမုန့်များ..
“အဖြူရောင် ဖုယောင်းတိုင်လေး”အတွက် မွေးနေ့ကိတ်လေးပါ..
ဘဝရဲ့အနာဂတ် စာမျက်နှာများကို ဆန္ဒရှိသလို ရေးနိုင်ဖို့ လက်ဆောင် ဘောလ်ပန်လေး..မွေးနေ့ဆုတောင်း ကဒ်လေးနဲ့အတူ...
ကံကောင်းခြင်းလက်ဆောင်များ အပြည့်ထည့်ထားတဲ့ လက်ဆောင်ဘူးလေးကို မောင်လေး နောင်နောင်အတွက် လက်ဆောင်ပေးလိုက်တယ်နော်...။
မောင်လေးရေ...
ယနေ့မှာ ကျရောက်တဲ့ မင်းရဲ့မွေးနေ့လေးမှ အစပြု၍ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို အမြန်ဆုံးလျှောက်လှမ်းနိုင်ပြီး..
ဖြူစင်တဲ့ ဘဝလေးကို ပိုင်ဆိုင်သော ၊ အများအတွက် အလင်းပေးနိုင်သော အဖြူရောင် ဖုယောင်းတိုင်လေးအဖြစ် ဘဝကို ဆက်လက်ထွန်းတောက်နိုင်ပါစေကွယ်....
HAPPY BIRTHDAY.... “ NAUNG NAUNG (a) WHITE CANDLE”
Monday, March 28, 2011
အဖြူရောင် ဖုယောင်းတိုင်လေး...အတွက်
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
13 comments:
မမ
ဘလော့ဂါက မိတ်ဆွေတွေကိုတော့ မွေးနေ့ လုပ်ပေးတာ အမြဲပဲ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနား နဲ့ မတရားဘူးနော် ဟင့် စိတ်ကောက်တယ်ုမနာလိုလောက်အောင်ကောင်းလိုက်တာ အအေးနဲ့ မုန့်တွေ :)
ပျော်ရွင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ကိုနောင်နောင်ရေ...
အခု ကျရောက်သော နောင်နောင် (a) အဖြူရောင် ဖယောင်းတိုင်လေး၏ ( )ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး အများအတွက် ဆက်လက်ပြီးအလင်းရောင် ပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်...
နတ်သမီးလည်း ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
မွေးနေ့ရှင်တော့မသိဘူး...ကပ်စားရမယ့် ဧည့်သည်တော့ သွားရည်ကျလာလို့ ခွက်နဲ့ခံထားရတယ်...ဗိုက်ဆာလာလို့ ထမင်းစားလိုက်ရတာပါ အမြတ်ထွက်တယ် အစ်မရေ...
ဟတ်ပီး ဘတ်ဒေးမှာ အဖြူရောင် ဖုယောင်းတိုင်လေးရေ။
မွေးနေ့လုပ်ပေးသူကလဲ ဘာမှပြောစရာ မလိုအောင် စုံလင်လှပါ၏။
အဖြူရောင် ဖယောင်းတိုင်လေး မွေးနေ့မှာ ပျော်ရွှင်ပြီး အများအကျိုး ဆက်လက်လုပ်ဆောင်နိုင်ပါစေလို့..
အမ နတ်သမီးရဲ့မောင်လေး နောင်နောင်
(အဖြူရောင်ဖယောင်းတိုင်လေး) မွေးနေ့မဂ`်လာပါ .။ မိဘကျေးဇူးကို အောက်မေ့တတ်သော
သားရတနာတစ်ပါး အဖြစ် ချမ်းသာကျန်းမာခြင်း
တွေနှင့်ပြည့်စုံပါစေလို့ ...
.........
မွေးနေ့ရှင် ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ
အစားအသောက်တွေလဲ အပြင်မှာတကယ်ကျွေးနိုင်ပါစေ
အင်း.. အမတို့ကတော့ ဒီလိုဘလော့ခ်ပေါ်က မွေးနေ့လုပ်မယ်ဆို ရှယ်ပဲ.. ခက်တာက တကယ်လည်းမစားရဘူး..း))))
မွေးနေ့ရှင် ကိုနောင်နောင်လည်း ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေဗျာ...
ခင်မင်လျက်
နေ၀ဿန်
မင်္ဂလာမွေးနေ့ရက်မြတ်လေးပါ နောင်နောင်ရေ...
မမနတ်သမီးလုပ်ပေးတဲ့ မွေးနေ့ပွဲလေးကို တစ်ဝလာအားပေးပါတယ်...။ သူလဲ ဒီလထဲမှာပွဲတော်တော်များများလက်ခံထားလို့ မောနေလောက်ပြီ...။ မမနတ်သမီးလေး ဒီထက်ပိုချောပိုလှပါစေ....။
ခင်တဲ့
မိုးငွေ့
အအေးတွေကသောက်ချင်စရာပါပဲ၊
ကိုယ်ဘို့မဟုတ်တော့လည်း ကြည့်ပဲသွားပါတယ်။
အအေးတွေကသောက်ချင်စရာပါပဲ၊
ကိုယ်ဘို့မဟုတ်တော့လည်း ကြည့်ပဲသွားပါတယ်။
မွေးနေ့  ကျနော့ကျ မဖိတ်... စိတ်ဆိုး... :(
နောက်ထှာ...
ကဲ.... ကိုနောင်နောင် အရာရာ အဆင်ပြေပါစေဗျား .. မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အတွက် အကျိုးဆောင်နေသူမို့  သူများအကျိုးကိုဆောင်ရင်း ကိုယ့်အကျိုးလဲ အောင်မြင်ပါစေလို့  ဆိုတောင်းပေးလိုက်ပါသဗျား
Post a Comment