Friday, March 18, 2011

အရပ်မှာ(၈)မျက်နှာ



ရှင့်အကြင်နာတွေ ကဗျာဆန်လွန်းလို့
ဘဝမှာ(၂)ခါပြန် လွမ်းရလည်း
ဝမ်းမနည်းဘူး....မောင်။

နူးညံ့လွန်းတဲ့ အချစ်တွေက
ကျမကို အရူးအမူးဖြစ်စေခဲ့တယ်...။

မောင့်ရဲ့နွေးထွေးတဲ့ မေတ္တာလေး ရယုံနဲ့တင်
ကျမကြည်နူးခဲ့ရတာ...။

နှလုံးသားက စွဲလန်းရလွန်းလို့
ည...ည..ဆိုရင်
“မောင်”...“မောင်”...ဆိုပြီး
“ထ”ယောင်မိတာကို
ရူးတယ်လို့များ ဆိုလေမလား...။

ကျမလေ.....
အပိုတွေမပြောဘူး...
အရပ်မှာ(၈)မျက်နှာ...
ကျမဘဝမှာ.....
“မောင့်တမျက်နှာ”....ထဲရယ်ပါ...။

:P

19 comments:

အင်္ဂါဟူး said...

အရပ်ရှစ်မျက်နှာမှာ တစ်မျက်နှာထဲရယ်ဆိုတော့...လင်္ကာဒီပအရှင်ကိုတော့ မမှီသေးဘူးပဲ။

(ရိုးရိုးသားသား)

ကိုဇော် said...

နင့်နင့်နဲနဲ အရပ်ရှစ်မျက်နှာကို ခံစားလာတာ။
အောက်ဆုံး ရောက်မှ :P ဆိုပြီး နံသွားတာပဲ။

လင်းခေတ်ဒီနို said...

ရှင့်အကြင်နာတွေ ကဗျာဆန်လွန်းလို့
ဘဝမှာ(၂)ခါပြန် လွမ်းရလည်း
ဝမ်းမနည်းဘူး....မောင်။


မိုက်ပါပေ့ သူငယ်ချင်းရယ် . . . . ၂ ခါတောင် အလွမ်းခံနိင်တယ် . . . ကျူပ်မှာ တခါတည်းနဲ့တင် ထပ်လွမ်းရမှာာ ကြောက်နေပြီး
း)

Angelhlaing(May everybody be happy and healthy! said...

နှစ်ခါပြန်လွမ်းရလဲ ဝမ်းနည်းဘူးမောင်တဲ့
မမရေ အရမ်းဖတ်လို့ကောင်းတယ်။
ချစ်စရာ ကဗျာလေး။
ခံစားအားပေးလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မောင်နဲ့ အင်ပြေသွားပြီလား
အမြန်ဆုံး နားလည်အဆင်ပြေပါစေလို့နော်။
ဒဿဂီရိကတော့ ၁၀မျက်နှာရှိတယ်..
နတ်သမီးက တစ်မျက်နှာတည်းဆိုတော့ နည်းလွန်းနေသလားလို့ :P

အဖြူရောင်နတ်သမီး said...

သြော်...
ကဲ...
ခက်တော့နေပါပြီ...
:P ...ပါ ဆိုနေမှ...
နောက်တခါ “:P” လိုက်ရမလား...ဟိ

rose of sharon said...

ရူးတယ်လို့ဆိုရမှာပေါ့... ချစ်စရာကောင်းတဲ့ အချစ်ရူးချောချောလေး...

အယ်ကို said...

အမ နတ်သမီးက အပိုတွေမပြောဘူးတဲ့ ဟုတ်မယ် .. :P ... ပဲ ... :P .. သွားတာ ..
... :P

sosegado said...

သြော် ကဗျာဆန်ဆန် ချစ်တတ်သူရယ်၊
အရူးအမှုးဖြစ်သွားရပြီ၊

ဆွေလေးမွန် said...

ကဗျာလေးဖတ်ပြီး နတ်သမီး တစ်ကယ်လွမ်းနေတာဖြစ်မယ်လို့ သိသွားတယ်။

ချစ်လွန်းလို့ ရူးတာပဲ... ရူးတယ်လို့ မဆိုတော့ ပါဘူးလေ...

မေသိမ့်သိမ့် ကျော် said...

အခုကော ညညဆို ထထယောင် သေးလားဟင် :P

ခံစားချက်အပြည့်နဲ့ ရေးဖွဲ့ထားတဲ့ ကဗျာကောင်းလေးဖတ်ရလို့ ကျေးဇူးပါ။

ခင်မင်လေးစားလျက်

မြစ်ကျိုးအင်း said...

ဒါက ပြန်အဆင်ပြေသွားတဲ့ သင်္ကေတပေါ့။
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ဘဝက နေသာ လွန်းတယ်ဆိုပါတော့။

မိုးငွေ့...... said...

မောင်...မောင်လို့တော့မကြားလိုက်ဘူး ...ဖတ်ရင်းနဲ့ ညှောင်....ညှောင်လို့....ကြားနေရသလို...:P


ခင်တဲ့
မိုးငွေ့

ကိုကိုမောင်(ပန်းရနံ့) said...

နတ်သမီးရေ...
နှစ်ခါကြီးတော့ မလွမ်းရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။
ရာသီဥတုအခြေအနေ သာယာပါစေဗျာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

သိင်္ဂါကျော် said...

လွမ်းပါ လွမ်းပါ ကိုယ့်ဟာကိုယ် လွမ်းတာပဲ ဘယ်သူမှ ဘာမှ မပြောပါဘူး.. :P

မြတ်မွန် said...

မောင့်မျက်နှာက ကမ္ဘာကြီးလောက်ရှိမယ်နော်..။
အရပ်၈မျက်နှာဆိုတော့လေ ..မရေ..
ဖတ်သွားတယ်...
ကဗျာကတော့
ကြည်နူးနေတယ်ပေါ့။

Han Kyi said...

လွမ်းတယ်ဆိုတာ လွယ်မှတ်လို့ လွမ်းအောင်လုပ်တဲ့သူရယ် လွမ်းတတ်တဲ့ နှလုံးသားရယ် လွမ်းစေလောက်တဲ့ စေ့ဆော်မှုရယ် အားလုံးပေါင်းမှ လွမ်းလို့ရတာ ဒါပေမယ့် တစ်ခါဆိုတော်ရောပေါ့ နှစ်ခါတောင်မှ...

နေ၀သန် said...

အဲ.... ကဗျာလေးကို အဟုတ်ဖတ်နေတာ.. အောက်ဆုံးကျမှာ ဘယ့်နှယ် ပီက ပါလာတာလဲ... :P


ခင်မင်တဲ့
နေ၀ဿန်

မိုးစက်အိမ် said...

ကဗျာကိုနင့်နင်နဲနဲခံစားလာတာအောက်ဆုံးနေရာကျ
မှ မျက်စိကမှုန်တော့မှားဖတ်မိပြီးနင်သွားတယ်
ကျမဘ၀မှာ မျောက်တစ်မျက်နှာ :D :P
စတာနော် မနမ်း အားပေးလျက် . . .

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .