Tuesday, March 1, 2011

ခေတ်သစ် သူတောင်းစားများ




“မုသားမပါ လင်္ကာမချော”...တဲ့


အမေ့ကိုလိမ် အဖေ့ကိုလိမ်


ဆရာကိုလိမ် သူငယ်ချင်းကိုလိမ်


ချစ်သူကိုလိမ် ကိုယ့်ကိုယ်ကိုလိမ်


ကိုယ်လိမ်တာ ကိုယ်သိနေသ၍တော့


မင်းလူမိုက်မဖြစ်သေးဘူး....။





လှည့်စားမှုတွေ ကျားကွက်ရွှေ့ကြတဲ့အခါ


တစ်ကွက်မှားရင် အစားခံရမယ်


“လျင်”သူ စားကြေးဆိုပေမယ့်


“လည်လွန်းတဲ့ဘီး ...! *%$&*#)(>?" ” ..သင့်တတ်သတဲ့




အရူးမှန်ရင် “ဒီ”ကြိုးဝိုင်းထဲဝင်မလာဘူး


အရူးကွက်နဲ့ ခြေတစ်လှမ်းအဆုတ်ကို


“အရှုံး”လို့ လျှော့မတွက်နဲ့


ဝှက်ဖဲ ဆိုတာ လူတိုင်းမှာရှိတယ်





သကာဖုံးတဲ့ မာယာ“လင်းတ”တွေကြား


“ခေါင်း” မပါသူတွေ လည်စဉ်းပေးကြ


အဖြူတွေကြား အမဲတွေကများ


မာယာနဲ့လိမ် တဏှာနဲ့လိမ်


မျက်လုံးအိမ်ထဲမှာအလိမ် နှလုံးအိမ်ထဲမှာလိမ်


သနားအောင်လိမ် စကားဗျောင်လိမ်


ပေးအောင်လိမ် ကျွေးအောင်လိမ်


သူလိမ် ကိုယ်လိမ် လူလိမ်ဈေးကွက်ထဲက


အရှုံးနဲ့ထွက်သူလည်းရှိရဲ့


အပြုံးမပျက်သူတွေလည်းရှိသကွဲ့


သူဋ္ဌေးဖြစ်သူ ခွေးဖြစ်သူများ


“ခေတ်သစ်သူတောင်းစား” ဂုဏ်ပုဒ်ကိုလက်ဝယ်ထား


ဇာတ်နာပြကာ လုပ်စားနေတဲ့သူတွေကြား



ငါ...


မျက်စိကိုမှိတ် နားကိုပိတ်
ခပ်စိတ်စိတ်နဲ့ မသိသလိုပဲနေတော့မယ်...။


မှတ်ချက်။ ။ ကျမရဲ့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အကြောင်းတွေကို ကဗျာတပုဒ်အဖြစ် ပုံဖော်ထားခြင်းဖြစ်ပါသည်။ (ဤကဗျာသည် ချစ်သူနှင့်လုံးဝ မသက်ဆိုင်ပါကြောင်း)။

26 comments:

ကျောက်လိမ် said...

တလိမ်နှစ်လိမ်ပွေလိမ်ရှုတ်တယ်..လူညာကြီးပေါ့ကွယ်..
နတ်သမီးလဲ ပတိဝန်းကျင်က လူလိမ်တွေကို သတိထားမိပြီပေါ့..

အိမ်မက်စေရာ said...

အမလေး..ကောင်းလိုက်တဲ့ ကဗျာလေးမမ...dream ကြိုက်လိုက်တာ ..ဆိုလိုရင်းလေး တအားထိတယ်...

noblemoe said...

မျက်စိကိုမှိတ် နားကိုပိတ်
ခပ်ဆိပ်ဆိပ်နဲ့မသိသလိုပဲနေတော့မယ်...။
မမြင်ရမကြားရတဲ့ကိလေသာ သူ့ ဟာသူငြိမ်း၏ဆိုသလိုပါပဲနော်
မတတ်နိုင်တဲ့အဆုံးဒီလိုပဲနေဖြစ်နေတယ်။ တူနေပြန်ပြီ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

noblemoe said...

မျက်စိကိုမှတ် နားကိုပိတ်
ခပ်ဆိပ်ဆိပ်နဲ့မသိသလိုပဲနေတော့မယ်။
ဒီလိုပဲနေဖြစ်နေတယ်လေ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

သဒ္ဓါလှိုင်း said...

နန်းရေ..
မသိသလို နေလိုက်တာ အကောင်းဆုံးပါ.။

ချစ်တဲ့
သဒ္ဓါ

မိုးခါး said...

ဘာမှ လာမရှင်းပြနဲ့ :P

တောက်ပကြယ်စင် said...

အဖြူရောင်ရေ မသဒ္ဓါပြောသလို မသိသလိုနေလိုက်တာက အကောင်းဆုံးပါပဲကွယ်...ရွှင်လန်းချမ်းမြေ့ပါစေချင်ဗျာ

ဆွေလေးမွန် said...

မရေ..တစ်ခါတစ်ခါ မသိသလိုနေလိုက်တာပဲ ကောင်းပါတယ်..

ကဗျာလေးက။ သီအိုရီလဲ ပါ ရေးထားတဲ့ စာသားလေးတွေကလဲ မာန်ပါတယ်
ပြီးတော့ ကာရံလေးတွေလဲ မိနေသလိုပဲ
သဘောကျတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ချစ်သူနဲ့ မသက်ဆိုင်ပါတဲ့
အရေးထဲ ကြွေးကြော်နေသေး
သိပါတယ် ချစ်သူကို ဒီလိုမပြောရက်မှန်း
ကဗျာလေးက ခံစားချက်တွေပွင့်ထွက်လာတဲ့ အသံတွေမို့ ထိထိမိမိ ရှိလှတယ်နော

အဖြူရောင်နတ်သမီး said...

ဟိ...
ဟုတ်တယ် မချောရေ...
နေ့စဉ်နဲ့အမျှ မဟုတ် မဟတ် လုပ်ကြံဇာတ်တွေဖန်ဆင်းပြီး ဇာတ်နာပြနေတာ မြင်ဖန် ကြားဖန်များလာတော့ ပါးစပ်က ပြောချင်နေတာလေ...။
အသနားခံပြီး ပြည်သူ့မေတ္တာ ခံယူဖို့ကြိုးစားနေပေမယ့် ဟာကွက်ကရှိနေလေတော့ အများရဲ့အမြင်မှာ ဟားစရာဖြစ်နေတာပေါ့။
ခေတ်ကာလတွေ တိုးတက်လာတာနဲ့အမျှ သိပ်ရိုးသားပါတယ်ဆိုတဲ့သူတွေလည်း အကြီးအကျယ်လိမ်တတ်လာပြီ...း(

ကိုအောင်(ပျူနိုင်ငံ) said...

ဓါတ်ပုံနဲ့ ကဗျာက လိုက်တယ်၊ အဲဒီဓါတ်ပုံလေး
ကူးသွားတယ်ဗျို့၊ ခွင့်ပြုပါ ...

အဖြူရောင်နတ်သမီး said...

ယူလို့ရပါတယ် ကိုအောင်ရဲ့..
ညီမကိုယ်တိုင်က Google ကနေပဲ ယူသုံးနေတာ..။

သစ်နက်ဆူး said...

မဖြူ..
ပထမဆုံးအံ့သြပြီး ချီးကျူးချင်တာက..
ဒီကဗျာလေးက အရင် မဖြူရေးတဲ့ကဗျာလိုင်းပုံစံ
မဟုတ်ဘဲ...လုံးဝကို ဖောက်ထွက်လာတဲ့ကဗျာဘဲဗျာ..။

မှတ်ချက်ကိုတော့ ရီချင်တယ်...
ကိုယ့်ချစ်သူကိုများ မဖြူက
“ခေတ်သစ်သူတောင်းစား”လို့ တင်စားမိလို့ ကတော့...
ဟိုက..မဖြူကို ရေဆုံးမြေဆုံး လိုက်ရိုက်မှာပေါ့..း)

မှတ်ချက်။ ။ မှတ်ချက်ရေးခြင်း ဆင်ခြင်ပါ..။

အဖြူရောင်နတ်သမီး said...

ဟိဟိ..
ဟုတ်ဘူး..ကိုသစ်ရဲ့..
ဒီကဗျာကို ချစ်သူကို ပြတော့ ချစ်သူကပြောတယ်၊
သူ့ကိုရေးတယ်လို့ ထင်နေအုံးမယ်တဲ့..၊
အဲဒါနဲ့ပဲ..
ချစ်သူနှင့် မသက်ဆိုင်ပါလို့ ရေးလိုက်တာ..ဟိ

အုပ်ကြီး said...

ဝှက်ဖဲတစ်ချပ်ကိုပဲငေးကြည့်သွားတယ်ဗျာ ..

ကိုကိုမောင်(ပန်းရနံ့) said...

အင်း... ဟုတ်တယ်။ အသနားခံ မျက်ရည်ထိုးပြီး ရိုးသားချင်ယောင် ဆောင်နေတဲ့သူတွေ များမှ များဘဲ။
ကဗျာလေး ထိတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခြင် said...

ကောင်းလွန်းလို့ သိပ်သိပ်ကြိုက်တယ် နှပ်သမီးလေးရေ... အဲဒီထဲမှာ... နံကြားထဲကို ထိုးနိုင်တဲ့ ဓားဟာ အနီးဆုံး အရပ်မှ လာတယ်တဲ့... သူလိုလို ကိုယ်လိုလို နှစ်ပေါက်တစ်ပေါက်ရိုက်တာခံရတာ ဆိုးမှဆိုး.. ( သူငယ်ချင်းဟောင်းတယောက် အကြောင်းပါ .. :P )

IDIOT-Ki said...

မိုက်သဟ ကဗျောင် လေးက..

လိမ်မယ် ၊ လိမ်မယ်
နောက်ဆုံး လိမ်စရာ မရှိတော့ရင်
ကိုယ့်ပါး ကိုယ်ပြန်လိန်မယ် ကွယ်..
စပလိန် ဖြစ်အောင်ကို လိန် မယ် ကွယ် ..

ပုံ /
ခင်ကိကိလိန်

ကိုဇော် said...

မျက်စိကိုမှိတ် နားကိုပိတ်
ခပ်ဆိပ်ဆိပ်နဲ့ မသိသလိုပဲနေတော့မယ်...။

ဒါ အကောင်းဆုံးပါပဲ။

Angelhlaing(May everybody be happy and healthy! said...

မမရေ..အရမ်းကောင်းတဲ့ ကဗျာလေးပဲ။ အားပေးသွားတယ်မမရေ.ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

Anonymous said...

I really like your post. Will continue reading your blog. :)

သက်တန့်ချို said...

မျက်စိကိုမှိတ် နားကိုပိတ်ပြီး ကဗျာ ဖတ်သွားပါတယ် အာရုံခံပြီးတော့ :p

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ-
တော်ပါသေးတယ်အောက်မှာမှတ်ချက်ရေးထားလို့ -
နေရာတိုင်းမှာသတိထားရတာအကောင်းဆုံးပေါ့နော်

ဟန်ကြည် said...

ကောင်းတယ် စာလုံးပေါင်းလေးတွေ မှားနေတာကလွဲလို့ မှားတာတွေ့ရင် မနေနိုင်တဲ့ အကျင့်တော့ခွင့်လွှတ်

အင်္ဂါဟူး said...

ချစ်သူနဲ့ မသက်ဆိုင်သော ကဗျာအား ဘာမှ မဆိုင်သူ တစ်ယောက်က နားကိုပိတ်ပြီး ခပ်ဆိပ်ဆိပ် ဖတ်သွားပါတယ်.. ကိုယ်များ ခေတ်သစ်သူတောင်းစား ဖြစ်နေသလားပေါ့

ဆူးသစ် said...

ထိန်းထားတာတွေ ပေါက်ထွက်လာပုံရတယ်။ အဲဒီမျောက်ပုံက မကောင်းတာမကြည့်ဘူး၊ မကောင်းတာ နားမထောင်ဘူး၊ မကောင်းတာမပြောဘူးဆိုတဲ့ အဓိပ္ပါယ်လို့ မှတ်ထားဖူးတယ်။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .