Monday, February 7, 2011

IT နည်းပညာရှင်များသို့


IT နည်းပညာရှင်များရှင့်..
ကျမ အပါအဝင် ဘလော့ဂ်အသိုင်းအဝိုင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာလေးတခုကတော့ ကျမတို့ရဲ့ ဘလော့ဂ်ကို Mozilla နဲ့ ဖွင့်တဲ့အခါ အောက်ပါ ပုံအတိုင်း သာမြင်ရပါတယ်။

Internet Explorer နဲ့ဖွင့်ရင်တော့ ရပါတယ်။
Email လည်း ဝင်လို့ရပါတယ်။

Mozilla နဲ့ ဝင်လို့ ပေါ်နေတဲ့ပုံရဲ့ ညာဘက်အောက်ခြေက Ignore this warning

ဆိုတာလေးကိုနှိပ်လိုက်ရင် ဘလော့ဂ်ပွင့်လာပေမယ့် အဲဒီဘလော့ဂ်ရဲ့ အပေါ်မှာ အနီရောင် လိုင်းတလိုင်းကို တွေ့ရပါတယ်..။
အဲဒီလိုင်းရဲ့ ညာဘက်က ကြက်ခြေခတ်ပုံလေးကို နှိပ်လိုက်တဲ့အခါမှသာ ပုံမှန်ဘလော့ဂ်ကို မြင်ရပါတယ်။
ဒါဟာ ပုံမှန်မဟုတ်ပါဘူး။
ကျမနည်းတူ တချို့မိတ်ဆွေများလည်း ဒီလိုအခက်အခဲမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် IT နည်းပညာရှင်များအနေနဲ့ လူကြီးမင်းတို့ရဲ့ ဘလော့ဂ်မှာ Post တခု အနေနဲ့ ဝိုင်းဝန်း ဖြေရှင်းပေးစေချင်ပါတယ်ရှင့်..။


လေးစားစွာဖြင့်...
နမ်းမဝ(အဖြူရောင်နတ်သမီး)


0 comments:

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .