Wednesday, December 8, 2010

အသဲကွဲသူရဲ့....နေ့



သူမသည်...
ကဗျာဆရာမ တယောက်ဖြစ်သည်။
ကဗျာတွေကိုချစ်သည်။
အသဲကွဲ ကဗျာများကြားတွင် သူမ၏ အချစ်ကိုမြှုတ်နှံထားသူဖြစ်သည်။
အသဲကွဲသော အရသာကို ကြိုက်နှစ်သက်သူဖြစ်သည်။
ချစ်သူအတွက် စွန့်လွှတ်အနစ်နာခံသော ချစ်ခြင်းဖြင့် ပေးဆပ်နေသူဖြစ်သည်။
ဆွေးဆွေးမြေ့မြေ့လေးနှင့် အလွန်ပျော့ပြောင်းသော သူမ၏ ပုံစံသည် ကျမ၏ မျက်ဝန်းထဲတွင် ယခုချိန်ထိ ပုံရိပ်ထင်ဆဲ...။

ကဗျာရေးသော သူမနှင့် ကဗျာကြိုက်သော ကျမတို့ သူငယ်ချင်းတွေဖြစ်လာကြရင်း သူမ၏ မွေးနေ့အတွက် ကဗျာတပုဒ် လက်ဆောင်ပေးခဲ့ဖူးသည်။
သူမ၏ မွေးနေ့ဖြစ်သော ၈.၁၂.၂၀၀၉ နေ့အရောက်တွင် သူမကျင်းပသော မွေးနေ့ပွဲစာမျက်နှာတွင် ကျမရေးပေးခဲ့သော ကဗျာမှလွဲ၍ လက်ဆောင်ရ ကဗျာများကို ဖော်ပြခဲ့သည်။
ဝါရင့် ကဗျာဆရာ/ ဆရာမများ၏ ကဗျာများထဲမှ ကျမ၏ ကဗျာမှာ အရည်အသွေးမမှီ၍ အပယ်ခံခဲ့ရသည်ဟု ခံစားမိရင်း ကျမစိတ်မကောင်းကြီးစွာဖြစ်ခဲ့ရသည်ကို သူမသိသွားချိန်တွင် ကျမကို တောင်းပန်ခဲ့သည်။
ကွန်နက်ရှင်ကြောင့် ကဗျာတချို့ တင်ခွင့်မရခဲ့ဟုရှင်းပြရင်း ကျမကိုချော့သည်။

နောက်ပိုင်းတွင်တော့ ကျမနှင့်သူမ အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ခဲ့ကြရင်း သူမနှင့် မြန်မာပြည်တွင် ဆုံတွေ့ခဲ့ရင်း သူမ၏ စိတ်ရင်းမှန်နှင့် သူမ၏ ရင်တွင်းမှခံစားချက်များကို ထိုးဖောက်မြင်နိုင်ခဲ့သည်။

အနှိုင်းမဲ့သော ချစ်ခြင်းများစွာဖြင့် ချစ်တတ်သူ...
ဖြူစင်သောစိတ်ထားပိုင်ရှင်....
ပျော့ပြောင်းသော နှလုံးသားပိုင်ရှင်...
ဂျယ်လီကြိုက်သောသူမ...
စိတ်ကောက်လွယ်သောသူမ...
“ချစ်သူဖတ်ဖို့ ကဗျာ” များကိုရေးတတ်သောသူမ..
“အနှိုင်းမဲ့”.. ( http://www.hnine.co.cc/ ) ၏ (၈.၁၂.၂၀၁၀) ယနေ့ကျရောက်သော မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်ပြီး ပေးဆပ်ခြင်း ကင်းသောဘဝကို ပိုင်ဆိုင်ပါစေ....။
ရဲရင့်သောစိတ်ဓာတ်နှင့် မှန်ကန်သော ဘဝလမ်းကို ချစ်သူနှင့်အတူ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း....


Happy Birthday...“အနှိုင်းမဲ့”

Best wishes...and XXX

11 comments:

မိုးယံ said...

အယ် ခပ်ဆင်ဆင်လေးတူဒယ်... သူကြီးက အသည်းကွဲတာကြိုက်တယ်တဲ့..

အနော်ကတော့ အလွမ်းရဲ့ အရာသာကို နှစ်ခြိုက်လေ၏။


ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် ပျော်ရွှင်နိုင်ပါစေ.

ချော(အစိမ်းရောင်လွင်ပြင်) said...

မွေးနေ့ရှင် ပျော်ရွှင်ချမ်းမြေ့ပါစေ
စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေ
ဘ၀အတွက် ဆန္ဒအားလုံး ပြည့်ဝနိုင်ပါစေ..

ကိုဇော် said...

ခပ်သွက်သွက် ဖတ်သွားသဗျို့...

ရွှေရတုမှတ်တမ်း said...

ခနခနအသဲကွဲရတာကြိုက်တဲ့ မွေးနေ့ရှင်ရယ်...အသဲတွေ ကွဲအောင် လွှတ်တော့ မချလိုက်ပါနဲ့ မကွဲပဲ ပိန်ရှုံ့ကုန်ရင်ကြည့်မကောင်းပါဘူး..
မွေးနေ့မှာ ပျော်ရွှင်ပါစေ...

ဝက်ဝံလေး said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ နှိုင်း ရေ...

ချစ်ကြည်အေး said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ...မွေးနေ့ရှင်ရေ... :)

မိုးငွေ့...... said...

အဲ မွေးနေ့လာဆုတောင်းပေးတာ နောက်ကျသွားတယ်..။ မယ်နှိုင်းရေ...ကိုကြီးကျောက်ပြောသလိုပဲ ပြုတ်ကျလို့မကွဲဘဲ ရှုံ့နေရင် ကြည့်မကောင်းဘူး..ထိန်းသိမ်းစောင့်ရှောက်မယ့်သူ အနားမှာအဆင်သင့်ရှိပြီးသားကိုများ...ကွဲကွဲနိုင်တဲ့အသည်း
နတ်သမီးကို ကွန်ပလိန်းတက်ရမယ် ဒီနှစ်ကျွေးမွေးဧည့်ခံတာနည်းလှချေလား...

ခင်တဲ့
မိုးငွေ့

SHWE ZIN U said...

happy birthday

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လင်းခေတ်ဒီနို said...

ငါ့သူငယ်ချင်းလေ အမြဲပျော်ရွင်နိင်ပါစေး))))

လင်းခေတ်ဒီနို said...

မယ်နှိုင်း ငါ ဒါ ဒုတိယမိ ဆုတောင်းပေးတာနော်း)))

ငါ့ သူငယ်ချင်းလေး လိုရာဆုတွေ ပြည့်ဝပြီး တကယ်ချစ်မြတ်နိုးတဲ့ ချစ်သူနဲ့ တွေ့ပါစေလို့
ငါ့လိုတော့ တချိန်လုံး အတည်းမကွဲနဲ့ပေါ့ဟား))))

မောင်မိုး said...

မသိတဲ့မွေးနေ့ရှင်ရေ..Happy Birthday ပါဗျာ။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .