Thursday, December 16, 2010

ဆိုက်ပရပ်စ်ကို အဖျားခတ်သွားသော မုန်တိုင်း




၁၁.၁၂.၂၀၁၀(စနေနေ့ည)နှင့် ၁၂.၁၂.၂၀၁၀(တနင်္ဂနွေနေ့မနက်)က အီဂျစ်နိုင်ငံကမ်းခြေတွင် တိုက်ခတ်သွားသော မုန်တိုင်းသည် ဆိုက်ပရပ်စ်နိုင်ငံမှ ကမ်းခြေများကိုပါ အဖျားခတ်သွားခဲ့သည်။
၁၁.၁၂.၂၀၁၀(စနေနေ့)ညက ဆိုးဝါးလွန်းသည့် ရာသီဥတုကြောင့် ကမ်းခြေတလျှောက်တွင် ကျောက်ချထားသော စက်လှေတချို့နှင့် ငါးဖမ်းလှေတချို့အပျက်အစီးများရှိခဲ့သည်။
လူသွားလမ်းနှင့် ကားလမ်းများပေါ်အထိ ပင်လယ်လှိုင်းလုံးများ တက်လာသဖြင့် ပင်လယ်ကမ်းစပ်မှ ကားလမ်းများကို ယာယီပိတ်ထားခဲ့ရသည်။ ကမ်းခြေဘေးမှ စားသောက်ဆိုင်များအတွင်းသို့ ပင်လယ်ရေလှိုင်းများဝင်ရောက်ရိုက်ခတ်ခြင်းကြောင့် အလှစိုက်ပန်းအိုးများ၊ စားပွဲနှင့် ကုလားထိုင်တချို့ပျက်စီးခဲ့ရသည်။
ကျမအလုပ်လုပ်သော စားသောက်ဆိုင်နှင့် ပင်လယ်မှာ ကားလမ်းခြားနေသဖြင့် ထိခိုက်ပျက်စီး မှုဘေးမှ လွတ်မြောက်ခဲ့သည်။ဖော်ပြပါ video file မှာ ၁၂.၁၂.၂၀၁၀(တနင်္ဂနွေနေ့)နေ့လည်၁၂နာရီခန့်တွင် ကျမကိုယ်တိုင် ရိုက်ထားသောပုံရိပ်များဖြစ်ပါသည်။ video file ၏ အဆုံးပိုင်းတွင် ပင်လယ်ကို စုတ်ယူနေသော လေဆင်နှာမောင်းကို အဝေးမှ လှမ်းမြင်နိုင်ပါသည်။

7 comments:

~ဏီလင်းညို~ said...

ကျန်းမာရေးလည်း..ဂရုစိုက်ဦး....နတ်သာမီးရေ့.....။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

အနမ်း said...

ခုမှရောက်ဖြစ်တယ် ညီမရေ..အမလည်းနေမကောင်းလို့...

ညိမ်းနိုင် said...

အော်.......ဒါကြောင့် ဒီမှာ ညနေဆို မိုးရွာနေတာကိုး...:)။

အင်္ဂါဟူး said...

နတ်သမီးရယ် မုန်တိုင်းရယ် ထုံချိုင်းပါ ပါရင်တော့ ပွဲက လှပြီ။

မြစ်ကျိုးအင်း said...

ကျန်းမာရေးလည်း ဂရုစိုက်အုံးအစ်မရေ ထိုင်ဝမ်က ကျွန်းနိင်ငံဆိုတော့ မုန်တိုင်းခဏခဏ ဝင်နေတာပဲ။ ၇ လပိုင်းကနေ ၁၀ လပိုင်းအထိ မုန်တိုင်းရာသီလို့ကို သတ်မှတ်ထားရတာ။
မြို့ပေါ်မှာ လုံလုံခြုံခြုံနေရသူတွေကတော့ မုန်တိုင်းလာမယ်ဆိုရင် ပျော်နေကြတာ။ လုပ်ခမဖြတ်ဘဲ အလုပ်ပိတ်တာကြောင့်လေ။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကြောက်စရာပေမယ့် ပုံလေးတွေက ကဗျာဆန်သလိုလိုပဲအစ်မရဲ့ ပုံထဲမှာမို့ထင်ပါ့
မုန်တိုင်းဆိုကြောက်တယ်ဗျာာာ

အုပ်ကြီး said...

ဂရုစိုက်ပါဦးဗျာ ..
နတ်သမီးဆိုတော့ ပျံရ လွှားရတော့လွယ်မှာပါ ..

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .