တခါတလေ...
သူမသည် သူရေးသော ကဗျာထဲမှ “ခံစားချက် စကားလုံးများဖြစ်လျှင်” ဆိုသော အတွေးမျိုး
ရူးသွပ်စွာ သူမတွေးမိတတ်သည်..။
သူမ ဆက်တွေးသောအခါ သူမ မပျော်နိုင်တော့ပေ...။
သူရေးသော ကဗျာမှာ တပုဒ်ထဲမဟုတ်...၊ ကဗျာတပုဒ်ကို သူခံစား၍ရေးမည်။
ထိုတပုဒ်ပြီးသွားသော အခါ နောက်တပုဒ်ကို ခံစားချက်အသစ်တမျိုးဖြင့် ထပ်ခံစား၍ ထပ်ရေးမည်၊
ဤသို့ဖြင့် မတူညီသော ခံစားချက်များ ဖြင့် ပြည့်နှက်နေသော ကဗျာများစွာ ဖြစ်ပေါ်လာမည်။
သူမ၏ ဆန္ဒကတော့ သူ့ရင်ထဲမှ မပြောင်းလဲသော (သို့) တူညီသည့် ခံစားချက်ဖြင့်ရေးသော “ကဗျာတပုဒ်”သာ ဖြစ်စေချင်ခဲ့သည်။
သူနှင့်ပတ်သက်၍ သူမရူးသွပ်လွန်းသည်...။
သံတူကြောင်းကွဲ ခံစားမှုနှစ်မျိုးရှိပေမဲ့ စွယ်တော်ရွက်လို အချစ်မျိုးနဲ့ ပန်းလေးတပွင့် ဖန်ဆင်းပေးခဲ့သူ...
သူမနှင့် သူ ချစ်သူမဖြစ်ခင် တရက်အလိုက သူမနှင့် သူ အွန်လိုင်းထဲတွင် စကားပြောဖြစ်ခဲ့သောအချိန်ကို တွေးမိရင်း သူမတယောက်ထဲ ပြုံးမိပြန်သည်....
သူ့ကို သူမ လက်တန်းပုံပြင်တခုကို ပြောပြခဲ့ဖူးသည်..။
သူ့ကို သူမ လက်တန်းပုံပြင်တခုကို ပြောပြခဲ့ဖူးသည်..။
သူမ: “တောအုပ်လေးတခုထဲက အိမ်လေးတလုံးမှာ..အဖြူရောင်မင်းသမီးလေးတပါးရှိတယ်

အဲဒီအိမ်လေးထဲမှာ မင်းသမီးလေးဟာ...ကဗျာလေးတွေ စာလေးတွေကို တယောက်ထဲ ရေးနေတတ်တယ်တဲ့....
တနေ့တော့ အဲဒီအိမ်လေးနားကို မင်းသားလေးတပါးဟာ တောကစားရင်း အဖော်တွေနဲ့ကွဲပြီး အဖြူရောင်မင်းသမီးလေးရှိတဲ့ အိမ်ဆီကို လမ်းမှားပြီးရောက်လာခဲ့တယ်..။
မင်းသမီးလေးဟာ...မင်းသားလေးကို
မင်းသားလေးကတော့ ဘာမှမသိရှာဘူးတဲ့လေ၊အဲဒီလိုနဲ့ လမ်းပျောက်နေတဲ့ မင်းသားလေးဟာ..သူ့ရဲ့ အပေါင်းအပါတွေကို စောင့်မျှော်ရင်းတနေ့ပြီးတနေ့ အဲဒီအိမ်ကလေးထဲမှာ အချိန်တွေ ကုန်လာခဲ့တာပေါ့
တခုထူးဆန်းတာက...အဲဒီအိမ်ကလေးထဲမှာ မင်းသမီးလေးကလွဲလို့ ဘယ်သူမှမရှိဘူးတဲ့လေစားစရာနဲ့ ..အသုံးအဆောင်တွေကလည်း အပြည့်ပဲ
မင်းသမီးလေးဟာ...ညဘက် ရောက်တိုင်း အိမ်ထပ်ခိုးပေါ်က အခန်းလေးထဲကို ဝင်ဝင်သွားပြီး စာတွေထိုင်ရေးနေတတ်တာကို မင်းသားလေးတွေ့သွားတော့မင်းသမီးလေးကို မေးတယ်..

“အသင်မင်းသမီးလေး....အဘယ်သို့ေ
ပေရွက်ထဲမှာရေးထားတဲ့ စာတွေကတော့ မင်းသားလေးကို သူမ လွမ်းနေရတဲ့အကြောင်းနဲ့မင်းသားေ
တခုထူးဆန်းတာက..အဲဒီပေစာရွက်
မင်းသားလေးလဲ စိတ်ဝင်စားသွားပြီးမင်းသမီးလေးကို မေးတာပေါ့“အသင်မင်းသမီးလေး....ဤကွက်လပ်ေ
မင်းသားလေးလည်း စိတ်ဝင်စားသွားပြီး “အသင်မင်းသမီးလေးရဲ့ချစ်သူဟာ အဘယ်အရပ်မှာနေပါသလဲ..၊ ဘယ်သူပါလဲ” လို့မေးတဲ့အခါ...
မင်းသမီးလေး ပြန်ဖြေလိုက်တာကတော့...ကျွန်တော
ကျွန်တော်မျိုးမ ရေးထားသော ဤပေစာရွက်ထဲမှ လွတ်နေသောနေရာများတွင် လိုအပ်သော စာများကိုဖြည့်စွက်ရေးသားပါလိမ်
အဲဒီနေ့ကို အကျွန်မျိုးမ စောင့်နေကြောင်းပါ...လို့ ပြောသတဲ့..။
သူ: “ဟင်..ပုံပြင်ကလည်း တန်းလန်းကြီး..ဆက်ပြောလေ”..
သူမ:“အဲဒီပုံပြင်ကိုက အဲဒီနေရာမှာတင် ရပ်နေတာ..ပုံပြင်လေးရဲ့ သဘောတရားကိုက အခန်းလေးတခုထဲမှာ မင်းသမီးလေးဟာ ညတိုင်း စာတွေရေးရေးနေတယ်..၊ မင်းသမီးလေးရေးထားတဲ့ စာကြောင်းတကြောင်းပြီးတိုင်းလည်
မောင်တော်မင်းသားလေး ဆိုတာကလည်း အဲဒီမင်းသမီးလေးရဲ့ချစ်သူ လို့ပြောထားတယ်လေ..ပြီးတော့ အဲဒီမင်းသားလေးကို စောင့်နေပါတယ်ဆိုမှ...
ပုံပြင်လေးက ပြီးပြီလေ။
ဆက်ပြောတတ်တော့ဘူး...ဆက်ပြီြးေ
သူ: “ပုံပြင်လေးက နားထောင်လို့ကောင်းတယ်...၊ အရမ်းလှတဲ့ ပုံပြင်လေးကို မဖျက်ပါရစေနဲ့..တခြားပုံပြင်လေး
သူမ:အင်း..
သူ:“ဟိုး...ရှေးရှေးတုန်းက.....
*****အတွဲ(၃)..မျှော်****
14 comments:
ကြည်နူးစရာလေး
မမ အတွဲ ၃ မျှော်နေမယ်နော်
တာ့တာ
အဲဒီမင်းသမီးလေးလို ဘာမှလုပ်စရာမလိုပဲ စာတွေပဲ ထိုင်
ရေး နေလို့ရရင်တော့လား...ဟင်း.....။
အဖြူရောင်နတ်သမီးလေးရဲ့ ပုံပြင်တွေကို အနော်လဲ လာနားထောင်နေတယ်နော်... :)
ကဗျာတွေစာတွေရေးတာလည်း ကိုယ်ဝါသနာပါတာကို လုပ်နေတာဘဲမို့ စိတ်ချမ်းသာမယ်ထင်ပါတယ်..
လူတိုင်းဟာကိုယ်ဝါသနာပါတာကို လုပ်ခွင့်ရရင် ကျေနပ်နေတတ်ကြတယ် မဟုတ်လားနော်
ကြည်နူးစရာအချစ်ဇာတ်လမ်းလေးက ရာသက်ပန် ပျော်ရွှင်ကြည်နူးနိုင်ပါစေ
ခိုင်မြဲပါစေ နတ်သမီးလေးရေ
ငါ့နှယ်နော်. . . ဒါ ဝဋ်လည်တာပဲ. .
သူက အခုမှ အပိုင်း ၂ တဲ့။
မအားတဲ့ ကြားက အပြေးလာဖတ်ရဦးမယ် ဟူး...
ညန်ညန်တင်ဂျာ။
မောင်တော်မင်းသားလေးက ကီးဘုတ်ပဲနှိပ်တတ်တော့ ..ပေရွက်ပေါ်စာမရေးအားဘူးပေါ့ကွယ်..
အဖြူရောင် နတ်သမီးလေး ရေ
မျှော်နေတယ်နော် ဆက်ရန်လေးကို ချစ်စရာပုံပြင်လေးပါ
ချစ်တဲ့
မကြီးရွှေစင်
အာ မီးသနတ် ဆန့်တငင်ငင်ကြီး လုပ်ချသွားပြန်ပြီး
မီးသနတ်ရယ် ဖတ်ရတာ ကိုဂျီးယားကား ကြည့်ရသလိုပဲ တိုးလို့ တန်းလန်းကြီးး)))))
ပုံနားထောင်လို့ ကောင်းနေတော့မှကွာ....
မ သူပြောမယ့်ပုံပြင်လေးကို သူမရဲ့နောက်နားကနေ ခိုးပြီးနားထောင်ဖို့ စောင့်နေတယ်နော်.....
ဟမ်.. တခုခုပေးချင်နေတယ်ထင်တယ်... စဉ်းစားနေတယ်.. ဟဲ...
ခင်မင်တဲ့
နေ၀သန်
ပုံပြင်ပြောတဲ့ နတ်သမီးပေါ့လေ...
နူးညံ့တယ်...
လှပတယ်..
ပျောက်ချင်လို့တော့မဟုတ်ပါဘူးအစ်မရယ်... အခြေအနေမပေးလို့ပါ.. အစ်မကိုရော.. ဘလော့ရွာလေးကိုရော လွမ်းပါတယ်...
မအဖြူရောင် ရေ အလည်ရောက်ရင်း အားပေးခဲ့ပါတယ်. အလုပ်တွေပိနေတာနဲ့ အွန်လိုင်းပေါ်လည်း သိပ်မတက်ဖြစ်ဘူးဖြစ်နေတယ်ဗျာ.
အော်..လုပ်ပြီးတန်းလန်းကြီး...
ချစ်တဲ့
သဒ္ဓါ
Post a Comment