သူမတွင် အိပ်မရသော ညတွေရှိခဲ့သည်...။ အိပ်မရတဲ့ ညများစွာထဲ သူမတိုးဝင်ဖြတ်သန်းသွားခဲ့ရင်းကဗျာတွေ၊ စာတွေ၊ ခံစားချက်တွေ ပေါက်ဖွားလာခဲ့ရသည်။
ဒီလိုညများစွာကို သူမတယောက်ထဲ ဖြတ်သန်းရင်း အထီးကျန်ခဲ့သည်မှာ ကာလများစွာ ကြာခဲ့လေပြီ။
ထိုညများကို ဖြတ်သန်းရင်း ကဗျာ တပုဒ်မှတဆင့် ရောက်ရှိလာသော မျက်ဝန်းတစုံကို သူမ သတိထားမိခဲ့သည့် နောက်မှာ...
သူမ၏ ဘဝဟာလည်း ကဗျာထဲမှ စာသားများဖြစ်လာခဲ့သည်။သူ...ဘယ်သူဆိုတာ သူမ မသိပါ..။
ဘာပဲဖြစ်ဖြစ် ကဗျာတပုဒ်မှတဆင့် သူ့ကို စိတ်ဝင်စားမိပြီဖြစ်တဲ့ သူမ...
သူ့အကြောင်းကို သူ့ကဗျာများထဲမှ မွှေနှောက်ရှာဖွေရင်း သူမကပင် စတင်မိတ်ဆက်ချိန်...
သူ့ထံမှ လက်ဦးစွာမိတ်ဆက်ခြင်းကို သူမလက်ခံရရှိခဲ့သည်။
ထိုမှစ၍ အထီးကျန်စွာ ဖြတ်သန်းခဲ့သော သူမ၏ အချိန်များတွင် သူ အစားထိုးဝင်ရောက်လာခဲ့သည်။သူနှင့် မတွေ့ရသော အချိန်များတွင် သူ့ကိုသတိရနေတတ်ပြန်သည်။
အထူးသဖြင့် အိပ်မရသော ညများတွင်ပေါ့..။
အခုတလော သူမ၏ ကဗျာနှင့် စာသားများ နူးညံ့နေတတ်သည်။
သူမ၏ အတွေးများလည်း တိမ်တိုက်များနှင့်အတူ မျောပါနေတတ်သည်..။
တခါတရံ ပင်လယ်လှိုင်းလုံးများနှင့်အတူ သူမ၏ အတွေးတို့ စီးမျောနေတတ်လေပြီ..။
သူမအား ရည်ရွယ်၍ ရေးထားသည်ဟု ယူဆရသော သူ၏ ကဗျာအား မိန်းခလေးများက ချီးကျူးသြဘာပေးကြလျှင်
သူမရင်ထဲ..တစုံတရာ ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့် ထိုသို့ခံစားတတ်လာခဲ့သည်ကို သူမကိုယ် သူမနားမလည်နိုင်ခဲ့..။
သူက သူမထက် အသက်ငယ်သော်လည်း ရင့်ကျက်တည်ငြိမ်သူ...ပြီးတော့...သူမကို လွှမ်းမိုးနိုင်သည်...။
သူမ အားငယ်နေခိုက် သူ၏ အားပေးမှုများဖြင့် သူမအားတက်ခဲ့ရသည်..။
သူနှင့် ပြောဖြစ်ခဲ့သော စကားများထဲမှ သူ၏ စိတ်နေစိတ်ထား၊ အကျင့် စရိုက်များကို သူမလေ့လာခဲ့သည်။ သူက စကားပြောကောင်းသည်။
အသံသြဇာနှင့် ပြည့်စုံသည်။
ရိုးသားပြီး တည်တည်တန့်တန့်လည်းနေတတ်သည်။
သူနှင့် သူမ ဓာတ်ပုံထဲတွင်သာမြင်ဖူးကြသော်လည်း ရင်းနှီးမှုက အတိုင်းအတာ တခုသို့ ရောက်လာခဲ့ကြလေပြီ။
သူပြောသော စကားလုံးများအောက်တွင် သူမပျော်ဝင်နေတတ်ပြီ..။
သူရေးသော ကဗျာများကြားတွင် သူမသာယာနေတတ်ပြီ..။
သူနှင့် မတွေ့ရသော အချိန်များတွင် တစုံတရာကို သူမ လွမ်းဆွတ်နေတတ်ပြီ..။
ဒီနေ့...သူ့ကို သူမ မတွေ့ရ....။
သူမ သက်ပျင်းငွေ့ငွေ့လေးချကာ...
အထီးကျန်ညလေးကို တယောက်ထဲဖြတ်ကျော်ဖို့ ကြိုးစားရင်း...
ကုတင်ပေါ်တွင် ဖြည်းညှင်းစွာ လဲလျှောင်းပြီး...
မျက်ဝန်းတစုံကို မှေးစင်းလိုက်စဉ်...
သူမရင်ထဲ...
ကဗျာတပုဒ် အသက်ဝင်လာခဲ့လေပြီ...။
********အပိုင်း(၂) မျှော်***
Friday, December 3, 2010
သူမ၏....“သူ”
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
14 comments:
ဇတ်လမ်းက အခုမှ စတာ...
မျှော်ဆိုတော့လဲ မျှော်ရတာပေါ့... နာ့အစ်မ နတ်တမီးရယ်...
အပိုင်း ၂ မျှော်မယ်နော်..
အဟမ်းးး
ချစ်တတ်လိုက်ကြတာ
သူက တမျိုး သူက တမျိုးနဲ့ အပြိုင်အဆိုင်..
လူပျိုကြီးတွေတော့ သမာဓိ ပျက်ရတော့မယ် ထင်တယ်။
မရဲ့ညတွေ...သူကြောင့်အသက်ဝင်ပါစေနော်
ကဗျာတွေလည်းအမြဲရှင်သန်နေပါစေနော်...
ညီမရဲ့ညတွေလည်း...အခုတလော..
သီချင်းသံတွေနဲ့အသက်ဝင်လှပနေတယ်မရေ.
ဒါကြောင့်စာတွေတောင်မရေးဖြစ်ဘူး
အဲဒီညလေးတွေကုန်သွားမှာအရမ်း
ကြောက်မိတယ်မရာ...
သူဆိုတာ ကဗျာတဲ့စပ်ကောင်းတဲ့ ကောင်လေးတစ်ယောက်..
သူမကိုဖမ်းစားနိုင်တဲ့တစ်ယောက်ပေါ့နော်...
(ဘယ်သူပါလိမ့်)း)
မရေ...
အသက်ဝင်နေတဲ့ ညတွေ ဆက်နေပါစေ။
အစလေးနဲ့ တင် အေးချမ်းလွန်းနေပြီ။
မချောလိုပဲ..သို့ လော..သို့ လော အတွေးလေးနဲ့ ..
ပြန်သွားတယ်...ဆက်ရန်ကို စိတ်ဝင်စားနေကြောင်း..
..ခင်မင်လျှက်..ခင်မာလာအောင်..:)
မျှစ်ကလည်း........ဟိဟိ။
ဒီကြားထဲ မချောကလည်း......သယ်သူလဲဆိုတာသိချင်နေသေးတယ်......ခိခိ....။
ကိုဏီလည်း........သိချင်သားဟ.......နတ်သာမီးရ.......ဟေးးးးဟေးးးး
သီတင်းလည်း.....ကျွတ်စ်သွားပြီလေဟ......:P
ဘိုင်ဒဝေး........စာလေးဖတ်ကောင်းတယ်.....။
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
အင်းးးး ဘယ်သူပါလိမ့်နော်.....(မျက်လုံးလေးကိုအပေါ်မော့ကြည့် ခေါင်းဖွရင်းစဉ်းစား)..
လူတိုင်းကတော့ သိချင်နေပြီ မရေ...
ဘယ်သူတုန်း... အဟိ.. မီးလည်းသိချင်လို့ မေးလိုက်သည်။
ကဗျာတွေ မွှမ်းထုံထားတဲ့ ညပေါ့လေ..။ အပိုင်း ၂ ကို စောင့်နေမယ်ဗျာ။
တချို့  ဘလောက်စ့် မှာ နန်းမဝ အကြောင်း မကောင်းရေးထားပြီး ဓာတ်ပုံပါတင်တာတွေ့  လို့  လာလည်ရင်း ဓာတ်ပုံတွေ သူများယူမရအောင် လုပ်ထားနိုင်ပါစေ
အပိုင်းနှစ်မလာခင် တူညားကို သိချင်စိတ်တွေ များအောင်လုပ်နဲ့လေ ဘီတူလဲချိုတာ ပြောကျ တင့်တယ်ဂျာ့ တားတို့က အကောင်လိုက်ပြကာ မှအရိပ်လောက်ထင်တတ်လို့ပါဂျး)
ကဗျာကြိုက်သူများ၊ သီချင်းတွေကိုရော်ကြိုက်တတ်သလားမသိပါ၊
အပိုင်း၂ စောင့်ဦး၇မှာပေါ့။
သြော်.. .အချစ်ဇာတ်လမ်းတွဲလေးကို ငါက သွားဖတ်မိပါရောလား။ အရင်ကတည်းက ချစ်တတ်လွန်းပါတယ် ဆိုမှ. . .
အလုပ်တွေ အရမ်းများနေလို့ ညီမရေ။ စာတောင်မှ အိပ်ချိန်ထဲက ရေးနေရတာ။ လဝက်လောက်မှ နည်းနည်းအားမယ် ထင်တယ်။ ပျော်ရွှင်ပါစေ
Post a Comment