Thursday, November 18, 2010

“တန်ဆောင်မုန်းသူ”


“သန်မိုးကုန်စဲ၊
နှင်းသေးဖွဲသည်၊
ခဝဲပွင့်တုန်း၊
တန်ဆောင်မုန်း”
ဟုဆိုထားသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာဝင်တို့သည်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်ပွဲတော်၊ ကျီးမနိုးပွဲများကို ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည်။ တန်ဆောင်တိုင်ပွဲတော်ကို ဘုရားမပွင့်မီအခါက ဂြိုဟ်နက္ခတာရာများကို အဆိုးရသော နတ်ဘုရားများအား ဂုဏ်ပြုသောအားဖြင့် ကြတ္တိကာပွဲဟုခေါ်တွင်ခဲ့သည်။

“တန်ဆောင်”ဆိုသည်မှာ မီးရှူးမီးတိုင်ဟု အဓိပ္ပါယ်ရ၍ “ပုန်း”မှာ မီးပန်းများထွန်းလင်းတောက်ပစေခြင်း ဖြစ်၍ “မီးရှူးမီးတိုင်တို့ကို တောက်ပစေသောလ”ဟု အနက်အဓိပ္ပါယ်ရပါသည်။ လောကနီတိဆရာက “သရဒံ ဥတုကာလနံ ပဓာနံ”(လ တကာတို့တွင် တန်ဆောင်မုန်းလသည် အမြတ်ဆုံးလဖြစ်သည်)ဟု ရေးစပ်ခဲ့ဖူးသည်။

တန်ဆောင်မုန်းလသည် ဆီးနှင်း၊မြူ၊တိမ်၊သူရိန်၊မီးခိုးဟူသော ညစ်မျိုး(၅)ပါး ကင်းစင်၍ရာသီဥတုသည် အလွန်အေးမြကြည်လင်သော လပင်ဖြစ်သည်။ တန်ဆောင်တိုင်ညသည် ဆေးပေါင်းခသောညဖြစ်သည်ဟု ယူဆပြီး မယ်ဇလီဖူးများကို သုတ်၍စားသည့်ဓလေ့မှာ ယ္ခုအချိန်ထိရှိနေဆဲဖြစ်သည်။ ခဝဲပန်းများပွင့်လန်းသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓခွင့်ပြုတော်မူခဲ့သည့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၁)လအတွင်း မိမိကထိန်ခင်းလိုသော ရက်ကိုရွေးချယ်၍ မိမိတို့နှင့်ပတ်သက်ရာ ဘုန်းကြီးကျောင်းများတွင် အလှူပေး၍ ကထိန်ပွဲများကိုကျင်းပလေ့ရှိသည်

“အလှူမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ကျောင်းမှာ သိမ်” ဟူသော စကားကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားကြမည်ဟုယုံကြည်ပါသည်။ ထိုသို့ကထိန်သင်္ကန်းကိုကပ်လှူသော သူတို့သည် “အနှောင်အဖွဲ့မှကင်းလွတ်ခြင်း”ဟူသောအကျိုးတရားများကို ရရှိနိုင်ပါသည်။

အကြောင်းတိုက်ဆိုင်၍ အနည်းငယ်ဖြည့်စွက်လိုသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တလအတွင်းမိမိကထိန်ခင်းလိုသော ရက်ကိုေ၇ွးချယ်၍ မိမိတို့ကိုးကွယ်ရာ ဘုန်းကြီးကျောင်းများတွင် ဆွမ်း၊ ထမင်း၊ ဟင်းများကိုချက်ပြုတ်၍ ရဟန်းသံဃာတော်များအား အာရုံဆွမ်း ကပ်လှူလေ့ရှိသည်။

အဲဒီအလှူဒါယိကာများထဲတွင် ကျမ၏မေမေလည်းတယောက်အပါအဝင်ဖြစ်သည်။ မေမေပြောပြချက်အရ ကျမတို့ကိုးကွယ်သော ဘုန်းကြီးကျောင်းတွင် အလှူလုပ်ရန် ညဘက် ဆွမ်း၊ ထမင်း၊ ဟင်းများချက်နေစဉ် ကျမကိုယ်ဝန်ကိုလွယ်ထားရသည့် မေမေမှာ ဗိုက်နာလာသဖြင့် ဆေးရုံသို့ပြေးခဲ့ရပြီး နောက်တနေ့(တနင်္ဂနွေ)နေ့နံနက် အာရုံတက်အချိန်တွင် ကျမကိုချောမောစွာ မွေးဖွားခဲ့သည်ဟုဆိုပါသည်။

လောကကြီးထဲကို ရောက်ရှိလာပြီဖြစ်တဲ့ ဖေဖေဦးစိန်မောင်၊ မေမေ ဒေါ်အုန်းကြည်တို့၏ တဦးတည်းသော သမီး ဖြစ်သည့် ကျမအတွက် ဖေဖေကိုယ်တိုင် နာမည်ရွေးပေးခဲ့ပုံမှာ တနင်္ဂနွေနေ့ဖွား ဖြစ်သည့်အတွက် “အ” “ဥ”အက္ခရာများကို ဦးစားပေး၍ စဉ်းစားခဲ့ရာဝယ် ရာဇဝင်ဇာတ်တော်များထဲမှ တနင်္ဂနွေအမည်ဖြင့်စသော မင်းသမီးတပါး၏ အမည်ဖြစ်သည့် “ဥမ္မာဒန္တီ” အမည်၏ ရှေ့နာမည်“ဥမ္မာ” နှင့် ဖေဖေ့အမည် “စိန်မောင်” ကိုပေါင်းစပ်ကာ “ဥမ္မာစိန်မောင်” ဟု အမည် ကင်ပွန်းတပ်ပေးခဲ့သည့်နေ့က “ယနေ့က စလို့ သမီးလေး“ဥမ္မာစိန်မောင်”ဟာ “ဥမ္မာဒန္တီ” မင်းသမီးကဲ့သို့ အဆင်းလှခြင်း၊ အချင်းလှခြင်း၊ ဥာဏ်ပညာထက်မျက်ထူးချွန်ခြင်း၊ “လူမြင်လျှင် ချစ်ခင်ပါစေ...အသံကြား သနားပါစေ” ဟူသော ဆုနဲ့ပြည့်စုံပြီး လိမ္မာယဉ်ကျေးသော၊ ဘာသာတရားကိုမမေ့သော သမီးလေးဖြစ်ပါစေ...လို့ ဖေဖေနဲ့ မေမေတို့က ဆုတောင်းပေးလိုက်တယ်နော်”..ဆိုသည့် မိဘ(၂)ပါး၏ ကျမအပေါ်ထားရှိခဲ့သည့် ဆုတောင်းမေတ္တာကြောင့် ကျမဖြတ်သန်းလာခဲ့သော ဘဝတွင် အတိုက်အခိုက်များရှိပါသော်လည်း လူချစ်လူခင်ပေါများခြင်း၊ အသိပညာ၊ အတတ်ပညာများစွာကို သင်ယူလေ့လာခွင့်ရရှိခြင်း၊ လိုအင်ဆန္ဒပြည့်ဝခြင်း၊ အနာရောဂါကင်းရှင်းခြင်း၊ ရောက်ရာအရပ်တွင် ကူညီမည့်သူများနှင့် တွေ့ခြင်း၊ စသည့် ကံကောင်းခြင်းလက်ဆောင်များကို ရရှိခဲ့ပါသည်။
မြင့်မြတ်လှသည့်တန်ဆောင်မုန်းလတွင် ကျမကိုဖွားမြင်ပေးခဲ့သော မေမေ၊ကျမကိုဗုဒ္ဓဘာသာဝင်စစ်စစ
်ဖြစ်အောင် နည်းလမ်းပြပေးခဲ့သောမေမေ၊ ဝမ်းမှကျွတ်ကတည်းက ကျမကိုအလှူဒါနနှင့်
မိတ်ဆက်ပေးခဲ့သောမေမေနှင့် အတိတ်နမိတ်ကောက်၍ နေ့သင့် နံသင့် လှပသော အမည်လေးနှင့်တကွ ကံကောင်းခြင်းလက်ဆောင်များကို ဘဝတသက်စာပေးခဲ့သော ဖေဖေတို့အား ကျမ၏မွေးနေ့သို့ရောက်တိုင်း ရဟန်းသံဃာတော်များအား ကထိန်သင်္ကန်းကပ်လှူပြီး ကျမပြုခဲ့သော ကုသိုလ်ကောင်းမှုအားလုံးကို မိဘ(၂)ပါးအား အမျှပေးဝေပါသည်။ ရောက်ရာအရပ်မှ သာဓုခေါ်နိုင်ပါစေ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုပါလျှင် “နောင်ဖြစ်လေရာ လူ့ဘဝများ ရှိခဲ့ပါလျှင် ဖေဖေ မေမေတို့ရဲ့ သမီးသာ ဖြစ်ပါရစေ..”.။
စာဖတ်သူ သူငယ်ချင်းများကိုလည်း စားဖွယ်သောက်ဖွယ် အစုံအလင်နှင့် တည်ခင်းဧည့်ခံရင်း နိုဝင်ဘာလ(၁၉)ရက်(သောကြာ)နေ့မှာကျရောက်တဲ့ ကျမရဲ့မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာဆင်နွှဲကြပါစို့....

MOET ရှန်ပိန်လေး တယောက်တခွက်နဲ့ အရင်ဦးဆုံး “ချကွာ” ရအောင်နော်...




ကော်ပြန့်လိပ်ကြော်




ပုဇွန်နှမ်းကပ်ကြော်




ဝက်နံရိုးကြော်

တုန်ယမ်ချဉ်စပ်ဟင်းရည်



ပုဇွန်ချိုချဉ်ကြော်




ကြက်ပဲငပိချို


ဘဲလိမ္မော်




ကန်ဇွန်းရွက်ကြော်



ဂဏန်းပေါင်း


ငါးကြော်နှပ်





တရုတ်မုန်ညင်းကြော်



အစိမ်းကြော်

ပုဇွန်ထုပ်ဆီပြန်




ဝက်မာဆလာ


ကြက်ချိုချဉ်ကြော်




ထမင်းကြော်
ခေါက်ဆွဲကြော်



ANGEL TIP COCKTAIL






SEX ON THE BEACH





BLACK IRISHMAN


ANGRY PIRATE COCKTAIL




BANANA MILK SHAKE




SMOKY MARTINI COCKTAIL








BURNT ORANGE COCKTAIL







KAMIKAZE COCKTAIL
အချိုတည်းစရာ...







မွေးနေ့ကိတ်လေးပါ...




အိပ်အပြန် CYPRUS AIRWAY က တာဝန်ယူပါလိမ့်မယ်




ကားနဲ့ပြန်မယ်ဆိုရင်တော့...






အိမ်အပြန်လက်ဆောင်... WHITE ANGEL CUP





THANK YOU FOR COMMING......XXX

နောင်နှစ်များမှာလည်း ပြန်လည်ဆုံတွေ့ကြပါစို့....

42 comments:

ခွန် said...

ရုံးဆင်းခါနီး ဗိုက်ဆာနေတဲ့အချိန် ရောက်လာမိတာ ဒုက္ခကိုရောက်ရော အစ်မရယ်........ :P

ခွန်ကကဗျာမရေးတက်လို့ မပို့ပေးနိုင်တာ စိတ်မရှိပါနဲ့နော်...

ပျော်ရွင်ကြည်နူးဖွယ်ရာ မွေးနေ့မင်္ဂလာဖြစ်ပါစေ :)

Anonymous said...

On your birthday I wish you much pleasure and joy;
I hope all of your wishes come true.

with loves
seesein

မောင်မိုး said...

ဒီနေ့တော့ ၀ါးတီးတွေဆက်နေပြီ။ အခုပဲ ဘုန်းကြီးကျောင်းက ပြန်လာတယ်။ မွေးနေ့ရှင်ကျေနပ်အောင် စားလိုက်ဦးမယ်...ပကျွတ်..ပကျွတ်...ပကျွတ်။

နောင်နှစ်ပေါင်းများစွာတိုင်အောင် လှူနိုင်၊ ကျွေးနိုင်ပါစေဗျားးး။

မိုးစက်အိမ် said...

ံHappy Birthday ပါမနတ်သမီးရေ မွေးနေ့ လက်
မြတ်မင်္ဂလားမှာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြဘ့်ဝပါစေဗျာ
ကျွေးထားတာတော့အများကြီးဘဲ အကုန်လုံးလည်းချယ်ကြီးဘဲ
တောက် တကယ်ဘဲမစားရတာ နာသကွာ :D

rose of sharon said...

အဖြူရောင် သူငယ်ချင်းနတ်သမီးချောချောလေးရေ... အစားတွေက စားချင်စရာတွေချည်းဘဲ... ရှန်ပိန်လေးကလဲ မြည်းချင်စရာ... မွေးနေ့ကိတ်လေးကလဲ မစားရက်လောက်အောင်လှတယ်.... လေယာဉ်လက်မှတ်ဘိုးမတတ်နိုင်တော့ သွားရည်တွေဘဲကျပြီး ပြန်သွားတယ်.... လိုရာဆန္ဒ မှန်သမျှ ပြည့်ဝပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်...

TYZ said...

ပျော်ရွှင်စရာမွေးနေ့မှသည် နောင်မနက်ဖြန်ပေါင်းများစွာတွင်လည်း ပျော်ရွှင်အေးချမ်းတဲ့ နေ့ရက်တွေကိုသာ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးတတယ်နော်... စာချင်တာလေးတွေ တ၀ စားသွားပါတယ်။

WWKM @နန်းဝါ၀ါမောင် said...

ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးဖြစ်ပါစေ ညီမလေး အဖြူရောင်နတ်သမီးရေ..

သတိတရ ချစ်ခင်စွာနဲ့ အရောက်လာခဲ့ပါတယ်နော်..

HAPPY BIRTHDAY TO YOU.

war

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy Birthday ပါ နတ်သမီးလေးရေ
ရုပ်ကလေးက လှသလို ကျွေးထားတာတွေကလည်း တကယ့်ကို စားချင်စရာ ရှယ်ဘဲနော်
ခုတော့ တကယ်မစားရတာ စိတ်မကောင်းဘူး
ဒါပေမဲ့ wedding ကျရင်တော့ တကယ်စားရဖို့ မျှော်လင့်ပါတယ်..
ရောက်အောင်ကို လာစားဦးမယ်သိလား
မွေးနေ့ကဒ်လေးပို့ထားတယ်နော်
ရှန်ပိန်လေးနဲ့ ချကွာ လုပ်ပြီး နတ်သမီးအတွက် မွေးနေ့ဆုတောင်း အများကြီး တောင်းသွားပေးတယ်..
နေ့ရက်တိုင်း ပျော်ရွှင်ပါစေ.. ဖြစ်ချင်တဲ့ ဆန္ဒတွေအားလုံး ပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..
နတ်သမီးပြထားတဲ့ ပုံတွေထဲက ဟင်းတစ်မျိုးကို အရမ်းသဘောကျသွားပြီး သိမ်းထားလိုက်တယ်
တစ်ရက်တော့ အဲဒီတိုင်းချက်စားဦးမှာ..
ကျေးဇူးနော်

ညိမ်းနိုင် said...

ရုံးကခုမှပြန်ရောက်တယ်၊ရောက်ရောက်ခြင်း ကဗျာကယာ
မွေးနေ့ကို အရောက်လာတယ်ဗျိုး..။မွေးနေ့လက်ဆောင်နဲ့
ဆုတောင်းတော့ မေးနဲ့ပို့လိုက်ပြီ..။ဗိုက်ဆာဆာနဲ့ အကုန်
စားပလိုက်ပြီ...:)။အကြိုက်ဆုံးကတော့ ပုဇွန်နှမ်းကပ်ကြော်
ဝက်နံရိုးကြော်၊ဂဏန်းပေါင်းနဲ့ အဲ....ယမကာတွေ အကုန်လုံးပဲ....:)။

လင်းဦး(စိတ်ပညာ) said...

တက်ရောက်ပါသည်.... အာလူးစားသူတွေရဲ့ နိုင်ငံမှာ အဆင်ပြေပါစေ....

ငွေလမင်း said...

အခု အလုပ်ပြီးလို့ မွေးနေ့ပွဲလေးကို လာပါတယ်
စားစရာတွေကိုကြည့်ပြီး ဗိုက်အရမ်းဆာတာနဲ့ အ၀စားသွားတယ်
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ပါစေ
မေးလ်ကနေ မွေးနေ့ သီချင်းလေးရဲကုတ်ပို့ထားတယ်

ငွေလမင်း said...

http://www.123greetings.com/send/view/11419610203431535757
မွေးနေ့ သီချင်းလေးပါ
မေးလ်မှာလဲပို့ထားတယ်
ပျော်ရွှင်ပါစေ

SHWE ZIN U said...

နောက်ကျနေ လို့ ကျန် ပါတော့မလား လို့ ဗျာ အဟဲ အခုတော့ အပြည့်ကျန်သေးတယ် တော်သေးတာပေါ့ ကိုမိုး တို့ ပါဆယ် ထုတ် မသွားလို့

ကဲ နတ်သမီး လေး ကျန်းမာချမ်းသာ ပါစေ .. ချကွာ ချကွာာာာာာာ.......

အားလုံးအားလုံးစားသွားတယ်
အရေးထဲ seesein နဲ့ ဟင်းလုနေရသေး

ချစ်တဲ့
အမရွှေစင်
.

ချစ်ကြည်အေး said...

ညီမ နတ်သမီးလေး....အောက်ကို ရောက်တဲ့အထိ ဘယ်နှစ်ခါ တံတွေးမြိုချမိမှန်းတောင် မသိဘူး...။ ဂလု ဂလု....။ စားချင်စဖွယ်လေးတွေ လှလှပပ ရှာရှာဖွေဖွေ တင်ထားရှာတဲ့ စေတနာကိုက တော်တော်ကြီးမှန်း သိသာပါရဲ့ ညီမရယ်...။ တန်ဆောင်မုန်းသူလေး မွေးနေ့မှာ ပျော်ရွှင် ချမ်းမြေ့ပြီး လိုရာဆန္ဒ ပြည့်ပါစေနော်...:)

sosegado said...

မင်္ဂလာမွေးနေ့ပါ။
စကော်ပီယံဖွားသူတစ်ယောက်အတွက် ကဗျာလက်ဆောင်လာပေးရင်း
ကိတ်မုန့်မလှီးသေးတော့ မှီသေးတယ်ထင်တာပဲ၊
ဗိုက်ပြည့်နေတယ် အမြည်းတွေကောင်းပေမဲ့ သောက်ချင်စရာမပါတော့
ကာမီကာဇေကိုပဲ ရီရီလေးသောက်သွားတယ်။
အဲ……. ရီရီလေးချသွားတယ်။

sonata-cantata said...

ကျွေးထားတာတွေက မမြင်ဖူး မတွေ့ဖူးတာတွေ ဆန်းပေ့ ကောင်းပေ့တွေချည်းပါလား...

မွေးနေ့ရှင်ကလည်း လှလိုက်တာ ငေးယူရတယ်

ပျော်ရွှင်ချမ်းမြေ့ပါစေ

ကိုဇော် said...

အသောက်ကလွဲပြီး ကျန်တာတွေ အားလုံးကတော့ ကိုယ့်အကြိုက်တွေချည်းပဲ ဆိုတော့ အကုန်ကို ဆွဲပြီဟေ့။ ဂဏာန်းပေါင်းကိုတော့ ဂဏာန်းမရေနိုင်အောင် ကြိုက်တယ်ကွာ။

** အခုတလော မအားလို့ ရောက်တာ နောက်ကျတယ်။ ဆောတီး **

Anonymous said...

(1)when i see you i will be :D
(2)After :D i will give you white rose posy
(3)After that i will pray you"Be Happy"


Mg Stranger

မြတ်မွန် said...

恭祝你一歲兩歲三歲長命百歲
生日快樂喲
ပျော်ရွှင်စရာ မွေးနေ့ပါ မမရေ..
အသက် နှစ်ပေါင်းများစွာ ရှည်ပါစေ။
Today's your special day
Happy birthday to you

Anonymous said...

happy birthday ပါ အစ်မနမ်း ...
ပျော်ရွှင်ချမ်းမြေ့ပါစေ ...

ညလင်းအိမ်

အနမ်း said...

စားကောင်းသောက်ဖွယ်အစုံအလင်နဲ့ မွေးနေ့ပွဲလေး ပါလား..အပြင်မှာဆုံတွေ့ကြရရင် ပိုကောင်းမယ်နော်း)) နတ်သမီးဆန္ဒတွေလည်းပြည့်ပြည့်စုံစုံဖြစ်ပါစေ

ချစ်မောင် said...

မင်္ဂလာ ရှိတဲ့ မွေးနေ့ ဖြစ်ပါစေ ခင်ဗျာ။ နှုတ်ဆက်တာ နဲနဲနောက်ကျ ပါတယ်။ ခွင့်ပြုပါ၊။ ပုံ တွေ ကို ကြည့်ပြီး မစားတတ်ပေမယ့် တကယ် မစားရသလိုပါပဲ။း)...
စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ တဘ၀လုံး ပျော်ရွှင် ပါစေ...

ချစ်မောင် said...

မင်္ဂလာရှိတဲ့မွေးနေ့ ဖြစ်ပါစေ ခင်ဗျာ။း)

ုchitmaung said...

နှုတ်ဆက်တာနောက်ကျပါတယ်။ ခွင့်ပြုပါ။ မင်္ဂလာရှိ သော မွေးနေ့ရက်မြတ် ဖြစ်ပါစေ။
း)

Ree Noe Mann said...

မွေးနေ့မှာပျော်ရွှင်ပါစေဗျာ။

အနော် said...

နတ်သမီးရေ နောက်ကျမွေးနေ့ဆုတောင်းလေးပါ
ချစ်တဲ့သူတွေ ဘဝရဲ့လက်တွဲဖော် သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေတွေနဲ့အတူ
ပျော်ရွှင်စရာမွေးနေ့မှသည် နောက်နှစ် နောက်နှစ်ပေါင်းများစွာတိုင်အောင် အေးချမ်းပျော်ရွှင်ဖွယ်ရာ ဘဝလေးကို ပိုင်ဆိုင်ပါစေလို့..

ခင်တဲ့
အနော်

ခွန်ကြီး said...

တစ်ယောက်ထဲ အကုန်စားပစ်လိုက်မယ်
.....

ခွန်ကြီး said...

ဝမ့်စွေ့ ၀မ့်စွေ့ ၀မ့်ဝမ့်စွေ့

ကွာစေ့လေး said...

HAPPY BIRTHDAY မနမ်းရေ
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်
ဘ၀မှာ ပျော်ရွင်မှုပေါင်းများစွာ နဲ့ဆုံဆည်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
ကျွေးသမျှတွေ အကုန်စားသွားတယ်...း) ကျေးဇူး..

ကွာစေ့လေး said...

HAPPY BIRTHDAY မနမ်းရေ
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်
ဘ၀မှာ ပျော်ရွင်မှုပေါင်းများစွာ နဲ့ဆုံဆည်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
ကျွေးသမျှတွေ အကုန်စားသွားတယ်...း) ကျေးဇူး..

ဝက်ဝံလေး said...

အဘကျောက်ပုံပြင်ဖတ်ပြီးတော့ ရယ်လိုက်ရတာ ခစ်ခစ်

မမ ပျော်ရွှင်ပါစေနော် မွေးနေ့လက်ဆောင် ကဗျာ တွေ ပေးချင်ပေမယ့် သမီးက မရေးတတ်ဘူးလေ ဒါကြောင့်ပါ

အစားတွေကတော့ရှယ်ပဲ သမီး လာလည်ရင် အဝ (အဝမှာ ကျွေးလို့မဆိုလိုပါ) ကျွေးရမယ်နော် ဟဲဟဲ
တာ့တာ

ကိုအောင် said...

အသက်ရာကျော်ရှည်ပါစေဗျာ ....

ဆောင်း said...

ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ ညီမရေ

ဆောင်း said...

ပျော်ရွှင်စရာ မွေးနေ့ လေး ဖြစ်ပါစေ ညီမရေ

Rita said...

နောက်ကျသွားတယ်။
မင်္ဂလာမွေးနေ့ဖြစ်ပါစေ။
အပေါ်ဆုံးက ဓါတ်ပုံ သိပ်ကြည့်ကောင်းတာပဲ။ မြန်မာဝတ်စုံနဲ့ဆို ပိုကြည့်ကောင်းတယ် ထင်မိတယ်။
=)

အွန်စော said...

မမကြီးနော် အွန်စောလေးကို မေ့ထားတယ်။ ကြည့်ပါလား။ နောက်ကျမှဖိတ်စာလာပို့တယ်။ သူများက မကြီးနမ်းအတွက် ကိုရီးယားမိတ် မွေးနေ့လက်ဆောင်ဝယ်လာတာနော်။ အခု ပရိတ်သတ်အချို့ကပြန်တောင်ကုန်ကျပြီ။ ဖိတ်စာရောက်တာနောက်ကျလို့ကျေနပ်ဘူး။ ဒါပဲ။
(ဆုတောင်းပေးဘူး။ အွန်စောဆုမတောင်းပေးလဲ မမက ၀ပြီးသားလှပြီးသား ကျန်မာပြိးသားမို့ပါ)။

ခြင် said...

နှပ်သမီးလေးရေ... ပျော်ရွှင်ဖွယ်မွေးနေ့လေးများစွာ ပိုင်ဆိုင်သူဖြစ်ပါစေ.... မအားလို့ ခုမှ လာတာ... ကုန်ပီလားဟင်....

အမှန်တိုင်းကျောရရင်... အဲပုံတွေထက် နှပ်သမီး ပုံပဲ ပိုကြည့်ချင်ဒယ်.....

တပုံထဲ ကပ်ရှီးနှဲ..... ညားညားတင်ပါအေ.....

ဧပရယ်လ်ပူး@ပူးတေ said...

ချစ်နတ်သမီးလေး

ပူးတေ လာစားတာ နောက်ကျသွားတယ်... ပန်းကန်တွေ သိမ်းဆည်းပေးဖို့ လာသွားပါတယ်... နတ်သမီးလေး ပျော်ရွှင်ပါစေနော်... မင်္ဂလာဆောင်ကျရင် ပူးတေ တကယ်လာမယ် ကြိုပြီး မေးလ်ဖြစ်ဖြစ်ပို့နော် ကြိုတင်စီစဉ်လို့ရအောင်လို့.... :)

ပူးတေမေးလ်က naughtycavia@gmail.com နော်

အခု မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်သော ခင်သောသူများနှင့် မွေးနေ့ပေါင်းများစွာကို ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်ပါစေနော်...

အိမ်ထောင်ကျပြီးရင်လဲ သားကောင်းသမီးရတနာလေးများရဲ့ မိခင်ကောင်းတယောက် ဖြစ်ပါစေလို့ ခုထဲက ကြိုဆုတောင်းလိုက်မယ်နော်.... :)


ခင်တဲ့ ချစ်ညီမ
ပူးတေ

သဒ္ဓါလှိုင်း said...

နန်းရေ..
နောက်ကျသွားတဲ့အတွက် မွေးနေ့မှာကျွေးတဲ့
စားစရာလေးတွေနဲ့လွဲသွားပြီပေါ့..။
သွားရေကျပြီးပဲပြန်သွားခဲ့ပါတယ်.။
နန်းရဲ့ဘ၀တလျှောက်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏
ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး သာသာသာသနာအကျိုးကို
သယ်ပိုးနိုင်တဲ့ သမီးကောင်းလေးတယောက်ဖြစ်ပါစေ.လို့
ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။
ချစ်တဲ့
သဒ္ဓါ

အနှိုင်းမဲ့ said...

စားးးးးးသွားးးးးးဒယ်

Evy said...

မွေးနေ့ဖိတ်ထားတာ မသိလိုက်ဘူး။ Belated happy birthday ပါနော်။ ပုံလေး လှလိုက်တာ ။ ဗမာပြည်ပြန်တုန်းက ရိုက်ခဲ့တာလား

blackroze said...

မရေ...ညီမလာတာနောက်ကျသွားတယ်မရယ်..
အခုတလောကျောင်းတဘက်နဲ့စနေ..တနန္ဂနွေ..
လုံးဝကိုမအားတော့တာမရယ်...
စာလည်းမရေးဖြစ်ဘူး
ဘလော့ထဲလည်းမဝင်ဖြစ်ဘူး..ဒီမနက်မှမရဲ့
ဖိတ်စာလေးတွေ့တာလေ..စိတ်မဆိုးပါနဲ့နော်မ..
မရဲ့မွေးနေ့လေးမှသည်..
နောက်နှစ်ပေါင်းများစွာတိုင်အောင်
စိတ်ချမ်းသာခြင်း
ကိုယ်ကိုယ်ကျန်းမာခြင်းတွေနဲ့
ပြည့်စုံပြီး...
မရဲ့လိုအင်ဆန္ဒမှန်အားလုံး
ပြည့်ဝပါစေလို့..ညီမဆုတောင်းပေးပါတယ်..
စာပေအကျိုးသယ်ပိုးနိုင်တဲ့
အဖြူရောင်နတ်သမီးလေး
ထာဝရဖြစ်ပါစေလို့....

by the way
မရဲ့ဓါတ်ပုံတွေအရမ်းလှတယ်...

ခင်မင်လျှက်....blackroze

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .