Friday, November 12, 2010

“““ချကွာ”””နောက်ကွယ်မှ ကြေကွဲဖွယ်ဇာတ်လမ်းတပုဒ်





သူငယ်ချင်းတယောက်ရဲ့ ပါတီမှာ ကျမ“““ချကွာ””” လုပ်ခဲ့ဖူးတဲ့အကြောင်း အားလုံးသိပြီးကြမှာပါ..။
အဲဒီ “““ချကွာ”””ညမှာပဲ....
တရုတ်မလေးတယောက်နဲ့ စကားပြောဖြစ်ကြရင်း သူမရဲ့ကြေကွဲဖွယ်ရာ ဘဝအကြောင်းကို ကျမကြားသိလိုက်ရတဲ့အချိန်မှာ...
.

သူ့နာမည်က...“ T.EN ”
၂၁နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ယောက်ျားလေးတယောက်လို ပြုမူ နေထိုင်လေ့ရှိတာကြောင့် ဘယုတ်ကျတတ်တဲ့ ကျမ ၊ သူနဲ့“စ”နောက်ရင်း သူမဘဝရဲ့ တစိတ်တဒေသကို သိခွင့်ရခဲ့ရတယ်..။

“သမီးဦး”အဖြစ် လူ့လောကထဲသို့ ရောက်ရှိလာခဲ့တဲ့ သူမကို မိဘများက သူမ၏ အသက် ၃လ အရွယ်မှာ ၎င်းတို့နေထိုင်ရာ အိမ်နှင့် မလှမ်းမကမ်းက အမှိုက်ပုံးထဲမှာ သွားရောက်စွန်ပစ်ခဲ့ကြတယ်။
မိဘများရဲ့အကြောင်းပြချက်ကတော့ မိသားစု တစုတွင် ကလေး(၁)ယောက်သာ မွေးခွင့်ရှိသည် ဆိုတဲ့ ဥပဒေကြောင့် “သားဦး”ကိုသာ လိုချင်ကြတဲ့ တရုတ်လူမျိုးအများစုရဲ့ မှားယွင်းသော အယူကြောင့် သူမရဲ့မိဘများဟာ သူမကို စွန့်ပစ်ပြီး “သားဦး”တယောက် ထပ်မံမွေးဖွားရန်အတွက် ၎င်းတို့၏ သမီး ဖြစ်သော သူမကို စွန့်ပစ်ခဲ့ခြင်းကြောင်း၊ ထိုသို့ စွန့်ပစ်ပြီး မကြာမီမှာပဲ တရပ်ကွက်တွင်းတွင်နေထိုင်သူ သူမ၏ အဒေါ်မှ သူမရှိရာ မိဘများ၏ အိမ်သို့ လည်ပတ်ရောက်ရှိချိန်တွင် သူမပျောက်နေသည့်အတွက် လိုက်လန်ရှာဖွေရာမှ အိမ်နှင့် မလှမ်းမကမ်းနေရာတွင်ရှိသော အမှိုက်ပုံးထဲမှ သူမကို ပြန်လည်တွေ့ရှိခဲ့သည်။

ထိုအချိန်မှစ၍ သူမသည် အဒေါ်၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရပြီး ပညာရေးတွင် ထူးချွန်သော ကျောင်းသူတယောက်ဖြစ်ခဲ့ရသည်။ သူမပြောပြချက်အရ..
စာကျက်ပျင်းသော ၊ ကစားအလွန်မက်သော သူမအား သူမ၏ အဒေါ်မှ “မင်း စာတော်ရင် ၊ ထူးချွန်ဆုတွေရရင် မင်းရဲ့မိဘတွေက မင်းကို သိပ်ချစ်ကြမှာ...၊ မင်းကိုလည်း သူတို့ရဲ့ သမီးဦး အဖြစ် သတ်မှတ်မှာ၊ သူတို့ရဲ့ အိမ်ကိုလည်း မင်းကို ပြန်ခေါ်မှာ” ..ဟု ပြောလိုက်လျှင် ကစားနေရာမှ သူမချက်ချင်း ထထိုင်ကာ စာကျက်လေ့ရှိကြောင်း ၊ အတန်းထဲတွင်လည်း အမြဲတန်း အမှတ်ကောင်းကောင်းရရှိခဲ့ကြောင်း.... မျက်ရည်များကြားမှ ပြောပြနေသော သူမကို ကျမက “မင်းမငိုပါနဲ့” လို့ ပြောမိစဉ်တွင်....
သူမက...“ငါမငိုပါဘူး...ငါ ယောက်ျားပါ” ဟု ပြန်ပြောရင်း...

“ယောက်ျားလျှာ”ဟု ခေါ်သော မိန်းခလေးများ၏ ဘဝ တစိတ်တဒေသအကြောင်းကို ကျမတို့ ပြောဖြစ်ခဲ့ကြသည်။
သူမပြောပြချက်အရ...ယောက်ျားလျှာ လောကတွင် “ T ” ၊ “ P ” ၊ “ H ”ဟုခေါ်သော လူတန်းစား(၃)မျိုးရှိသည်။

“ T ” အမျိုးအစားတွင် ပါဝင်သော မိန်းခလေးများမှာ ယောက်ျားစိတ်ဖြစ်ပြီး၊ မိန်းခလေးများကိုသာ ချစ်သူအဖြစ် ထားကြသည်။ (ယောက်ျားများကို လုံးဝ စိတ်မဝင်စားသူ)။

“ P ” အမျိုးအစားတွင် ပါဝင်သော မိန်းခလေးများမှာ မိန်းမစိတ်ဖြစ်ပြီး ၊ ယောက်ျားစိတ်ပေါက်နေသူများ၏ ချစ်သူအဖြစ်နေထိုင်သူများဖြစ်ကြသည်။(ယောက်ျားများကို လုံးဝ စိတ်မဝင်စားသူ)။

“H ” အမျိုးအစားတွင် ပါဝင်သော မိန်းခလေးများမှာ ယောက်ျားစိတ်ပေါက်နေသူနှင့်လည်း ချစ်သူဖြစ်နိုင်သလို၊ ယောက်ျားသားများနှင့်လည်း ချစ်သူဖြစ်ကြသည်။

သူမကတော့ “ T ” အမျိုးအစားထဲမှ တယောက်ဖြစ်ကြောင်း၊ သူမ၏ လက်သားကြွယ်တွင် စုတ်ထိုးထားသော “ T. EN ဆိုသည့် သေရာပါ စာတန်းလေးကို ပြရင်း “ ငါဟာ မိန်းခလေးတယောက်ဖြစ်တယ်..၊ ဒါပေမယ့် ငါသေတဲ့အထိ ယောက်ျားလေးတယောက်လိုပဲ နေသွားမယ်..၊ ငါသာ ယောက်ျားလေးဖြစ်ခဲ့ရင် ငါ့မိဘတွေက ငါ့ကို စွန့်ပစ်ကြမှာ မဟုတ်ဘူး...၊ နောင်ဘဝဆိုတာရှိခဲ့ရင် ယောက်ျားလေးဖြစ်ရပါစေ ဆိုတဲ့ ဆုကို ငါတောင်းချင်တယ်”..ဆိုတဲ့ သူမရဲ့စကားကြောင့် ကျမ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ယခုအခါ...
သူမ၏ မိဘများတွင် ၎င်းတို့ လိုချင်တောင်းတသော သားယောက်ျားလေးတဦးထပ်မံရရှိခဲ့လေပြီ..။
သူမ၏ မောင်လေးကိုလည်း သူမအလွန်ချစ်ပါသည် ။
သူမကတော့ ....တလကို ဒေါ်လာ ၁၂၀၀ ရရှိသော စားပွဲထိုးအလုပ်ကို လုပ်ကိုင်ရင်း သူမ၏ ကျေးဇူးရှင် အဒေါ်နှင့် သူမကို စွန့်ပစ်ခဲ့သော မိဘများအား ထောက်ပန့်လျှက်ရှိရင်း...
ဆိုက်ပရပ်စ်နိုင်ငံမှ တရုတ်စားသောက်ဆိုင်တခုတွင် စားပွဲထိုးအလုပ်ကို လုပ်ကိုင်ရင်း...
သူမ၏ ဘဝကို “ T ” ဟု သတ်မှတ်ကာ....ကြေကွဲမှုများစွာဖြင့် ဆက်လက်ရှင်သန်နေရပါအုံးမည်..
မဟုတ်ပါလား...။


မှတ်ချက်။ ။ အယူလွဲခဲ့သော “ T.EN ”၏ မိဘမျိုး တရုတ်ပြည်တွင် မည်မျှရှိနေမည်ကို ကျမတို့ မသိနိုင်ပါ။၎င်းတို့ကြောင့် အပြစ်မဲ့သော ရင်သွေးများ၏ ဘဝများသည်လည်း လမ်းမှားသို့ မည်မျှရောက်ရှိကြအုံးမည်ကို ကျမတို့မသိနိုင်ပါ။ ထိုကဲ့သို့သော လူမဆန်သော မိဘများ ကမ္ဘာလောကတွင် မည်မျှရှိနေသည်ကို ကျမတို့မသိနိုင်ပါ။
“တကိုယ်ကောင်းဆန်သည့် မိဘဆိုးကြောင့် သားသမီးများ ဒုက္ခမရောက်ကြပါစေနဲ့” လို့သာ...

16 comments:

  1. တော်ပါသေးရဲ့ နတ်သမီးလေးတို့ ဗမာပြည်မှာ လူဖြစ်ပေလို့...ကုလားပြည် တရုပ်ပြည်မှာသာဆို မလွယ်ဘူး..မ အခွင့်အရေးကို ကျားရဲ့ ၅၀ %လောက်မှမပေးတဲ့ ဒီနိုင်ငံတွေဟာ...အင်မတန် စက်ဆုတ်စရာကောင်းတာပဲ..

    ReplyDelete
  2. ညီမ ရေ

    အမ တို့ ဒီတခါတော့ မြန်မာပြည်မှာ လူဖြစ်ရတာ ဝမ်းသာသွားပြီ နို့မို့ဆိုရင် အခုနေ တီဖြစ်နေမလား မသိဘူး

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  3. အင်း....ဘယ်တိုင်းပြည်မှာ ဖြစ်ဖြစ် မိန်းမတွေကို ခွဲခြား
    ဆက်ဆံ ကြတာဘာကြောင့်ပါလိမ့်ဗျာ...။အဲဒီ အထဲမှာ
    တရုပ်နဲ့ကုလား နိုင်ငံတွေက အဆိုးဆုံး...။မြန်မာပြည်က
    တော့ တော်ပါသေးတယ်။ဒါတောင် နဲနဲတော့ ရှိတာပဲ..။

    ReplyDelete
  4. ယောက်ျားပဲ ဖြစ်ဖြစ် ၊ မိန်းမပဲ ဖြစ်ဖြစ် ဒါက အဓိက မကျပါဘူး။ အခုပဲ ကြည့်လေ... ယောက်ျားကြီးပေါင်းများစွာက မိန်းမတစ်ယောက်ကို ကြောက်နေကြတာ ၊ ဒီမိန်းမ လွတ်လပ်သွားမှာ လန့်နေကြတာ ရှိနေတာပဲ မဟုတ်လား။ အဓိက က ကိုယ့်ပတ်ဝန်းကျင်ကို ထိရောက်စွာ အကျိုးပြုနိုင်ဖို့လို့ပဲ ထင်တယ်။

    သူ့မှာ ရှိနေတဲ့ ဆိုက်ကိုကတော့ အတော်ကို ပြင်းတယ်။ ဒါပေမဲ့ မိန်းမကတော့ မိန်းမပါပဲ။

    ReplyDelete
  5. We should deeply thank to our great great.......grand mothers.We Myanmar women already got equal right n even high respect.It's a great tradition n invaluable one we inherited from them.What a chance!Gyidaw

    ReplyDelete
  6. သမီးမိန်းခလေးမွေးလာရင် စွန့်ပစ်တဲ့အလေ့က တရုတ်ပြည်မှာ အတော်လေးကို ကြီးထွားခဲ့တယ်..
    အဲဒါရဲ့ အကျိုးဆက်က အခုတရုတ်ပြည်မှာ ယောက်ျားဦးရေများပြီး မိန်းခလေးက နည်းနေတယ်
    နယ်ဒေသတွေမှာဆို ယောက်ျားတွေက မိန်းမ မရနိုင်တော့ မြန်မာက ဆင်းရဲတဲ့မိန်းခလေးတွေကို ၀ယ်ပြီး သားမယားအဖြစ် ပေါင်းသင်းကြရတယ်..
    အဲဒီလို မြန်မာမိန်းခလေးတွေ ရောင်းစားခံရတာ မနည်းဘူး
    သူတို့တိုင်းပြည်ရဲ့ ဓလေ့စရိုက်က မြန်မာပြည်ကို ရိုက်ခတ်လာပြီး မြန်မာမိန်းခလေးတွေအများကြီး နစ်နာကြရတယ်..
    ပြောရရင် ပြောမကုန်ပါဘူးလေ

    ReplyDelete
  7. ဒါတွေက မွေးရာပါ ဗီဇ နဲ့ ဟော်မုန်းဓါတ်တွေကြောင့် ဖြစ်ရတာမို့  သူ တို့ တီ တွေရဲ့  အပြစ် မဟုတ်ပါဘူး လေ..ကိုယ့်ဟာကိုယ် ရွေးချယ်လို့ မှ မရတာ နော်.. ကံတရား ပဲပေါ့ .

    ReplyDelete
  8. နှပ်သမီးလေးရေ..တချို့လူတွေက လူစိတ်ပျောက်နေကြပြီ....

    ReplyDelete
  9. သနားပါတယ်... ဒါပေမဲ့ အဲလိုမိဘတွေကို ထောက်ပံ့နေတဲ့ သူ့ကိုလေးစားတယ်

    ReplyDelete
  10. အဲတရုတ်တွေကအဆိုးဆုံးပဲ ကမ္ဘာပေါ်မှာ....
    နိုင်ငံရေးပါသွားရင်ခွင့်လွတ်ပါ....

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  11. ဘယ်ဘ၀ပဲရောက်ရောက် တရုတ်နဲ့ ကုလားမဖြစ်ရင်ပြီးရောဗျာ..။

    ReplyDelete
  12. ဘာသာတရားရဲ့ အဆုံးအမ ထဲထဲဝင်ဝင် မရရှိကြတဲ့အခါ သားသမီး ဖျက်ချဖို့၊ စွန့်ပစ်ဖို့ ဝန်မလေးကြသလို မှားယွင်းတဲ့ ယုံကြည်မှူတွေနောက် လိုက်တတ်ကြတယ်။ သားသမီးဖြစ်ခွင့်က ရွေးချယ်ခွင့် မရှိဘူးလေ....

    ReplyDelete
  13. White Angle
    White Dream လာလည်သွားတယ်။ အကုန်လုံးတော့ မဖတ်ရသေး။ ဖတ်ပြီးသမျှ ကောင်း၏-လို့ပဲ ဆိုချင်ပါတယ်။ ဒီ့ထက်ပိုပြောရင် ပျက်မှာ စိုးလို့ပါ။ နောက်ဆုံးပို့စ်ကတော့ ရင်ကို တကယ် ထိသွားပါတယ်။ အဲဒီ တိုင်းပြည်ရဲ့ စနစ်ကို နင်တို့ စနစ်မကောင်းဘူး-လို့ အလုပ်နဲ့ သက်သေပြနေတဲ့ နိုင်ငံမှာ နေနေရသူ ဆိုတော့ ပိုပြီး မြင်သာတာပေါ့လေ။

    ReplyDelete
  14. ဝက်ဝံလေးNovember 13, 2010 at 8:33 AM

    မ ရေ ငိုချင်တယ် ခုနက မန့်ထားတာ ကိုးနတ်ရှင် ကျသွားလို့ အကုန်ပါသွားရော
    သမီးပြောတာတွေ ဘယ်ရောက်ကုန်လဲ မသိတော့ဘူး မေ့တွားဘီ....

    ဗြဲဗြဲ စာလာဖတ် တယ်
    အဲဒါပဲ မန့်ခဲ့တော့မယ်
    စိတ်နဲ့ငါနဲ့ ညစ်တယ် ကိုးနတ်ရှင်ရယ်

    ReplyDelete
  15. ကျမ လက်ရှိနေထိုင်တဲ့ ဆိုက်ပရပ်စ်နိုင်ငံကတော့ လူဦးရေနဲတဲ့အတွက် လူဦးရေများအောင်လို့ အစိုးရက ကလေးမွေးတဲ့သူတွေကို ထောက်ပံ့ကြေးပေးတယ်..။
    ၁ယောက်ကို မြန်မာငွေနဲ့တွက်မယ်ဆိုရင် (တလကို)၂သောင်းပတ်ဝန်းကျင်ရတယ်..။
    အနည်းဆုံးတော့ ကလေးမုန့်ဖိုးရတာပေါ့..။

    ReplyDelete
  16. ဖိုးတရုတ်တွေ လုပ်ရက်လိုက်ကြတာနော်...

    ReplyDelete