ခနတာ ခွဲရပေမယ့်
တဘဝစာ ဘယ်တော့မှမဝေးဘူး
နှလုံးသားထဲမှာ အမြဲရှိတာကို...ယုံ
တခါတလေ
တာဝန် ဝတ္တရားနဲ့ လူမှုရေးတွေက
ကျမတို့ကို ခြားထားတတ်တဲ့အခါ
မောင်က တခါလွမ်းတိုင်း
ကျမက နှစ်ခါလွမ်းတယ်...
မောင်က တဘဝစာချစ်ရင်
ကျမက နှစ်ဘဝစာချစ်မယ်...။
အချစ်ချင်းပြိုင်ရင်
ကိန္နရီ၊ ကိန္နရာမောင်နှံတောင် အရှုံးပေးရမယ့် အချစ်မျိုး
ဘဝတွေ ချောင်းမခြားသလို
ဟောင်းမသွားတဲ့ အချစ်တွေနဲ့
ကျမ...မောင့်ကိုအရမ်းချစ်တယ်...။
တဘဝစာ ဘယ်တော့မှမဝေးဘူး
နှလုံးသားထဲမှာ အမြဲရှိတာကို...ယုံ
တခါတလေ
တာဝန် ဝတ္တရားနဲ့ လူမှုရေးတွေက
ကျမတို့ကို ခြားထားတတ်တဲ့အခါ
မောင်က တခါလွမ်းတိုင်း
ကျမက နှစ်ခါလွမ်းတယ်...
မောင်က တဘဝစာချစ်ရင်
ကျမက နှစ်ဘဝစာချစ်မယ်...။
အချစ်ချင်းပြိုင်ရင်
ကိန္နရီ၊ ကိန္နရာမောင်နှံတောင် အရှုံးပေးရမယ့် အချစ်မျိုး
ဘဝတွေ ချောင်းမခြားသလို
ဟောင်းမသွားတဲ့ အချစ်တွေနဲ့
ကျမ...မောင့်ကိုအရမ်းချစ်တယ်...။
ရွှေမျက်နှာတော် မညှိုးစေရပါဘူး
တီတီတာတာ စကားချိုချိုတွေနဲ့
အနားတော်မှာ ခစား
ပလီပလာမူယာကိုသုံး
မောင် ချစ်အောင်ပြုစားခဲ့တာလည်း ကျမပါပဲ..။
“ဖန်ဆင်းရှင်” မဟုတ်ပေမယ့်
“ချစ်ခြင်း”တွေကို ခြွေချပေးနိုင်တယ်..
“နားလည်ခြင်း” တွေကို ဝေငှပေးနိုင်တယ်...
“ကြင်နာခြင်း” တွေကို လွှမ်းခြုံပေးနိုင်တယ်....
မောင့်အတွက်ဆိုရင်
ဂုဏ်ပကာသနမပါတဲ့ ...
အဖြူရောင်ချစ်ခြင်းများနဲ့ တည်ဆောက်ထားတဲ့
မျက်ရည်မရှိတဲ့ ဘဝကိုပေးမယ့်
မောင့်ရဲ့....“အိန်ဂျယ်နတ်သမီး”
မောင့်ရဲ့....“အိန်ဂျယ်နတ်သမီး”
23 comments:
အားကျသွားပါတယ်ဗျို့..
ဟတ်ထိ တယ် နတ်သမီးတွေ
နတ်သမီး ရဲ့ မောင် ဖတ်မိလို့ကတော့ ကြွေလောက်တယ် ဟိဟိ
ချစ်ကြပါ...ဟာ...အာာာာာာာာာာ
ဆိုတဲ့ သီချင်းပဲ ဆိုသွားပါတယ်။
ခုလောက်ဆို မောင်တစ်ယောက်လည်း ဖတ်ပြီး သာခွေယိုင်ဖြစ်နေလောက်ရောပေါ့...
ဒီလိုကဗျာလေးဖတ်လိုက်ရရင် ဘယ်သူက အချစ်မပိုဘဲ နေမလဲနော်။။။
နတ်သမီးတို့က အားကျအောင် လုပ်နေကြတယ်
တို့လဲ အားကျမခံ ကဗျာလေးဘာလေး ရေးတင်ဦးမှ။။
း)
ကဗျာလေး ဖတ်ရတာနဲ့ တကယ်ရင်ထဲက လာတဲ့စကားတွေဆိုတာ သိသာတယ်
အဲလို အချစ်မျိုးအားကျလိုက်တာ
ပျော်ရွှင်ပါစေ
ရုံးရောက်ရောက်ချင်း နတ်သမီး အချစ်ကဗျာဖတ်ပြီး
အားကျ ကြည်နူး ..
ဘီလို ဖစ်သွားမှန်း ကို တိဘူး...ဟူးဟူး..
ကဗျာလေးက အရမ်းကောင်းတာပဲ
မိန်းကလေးတယောက်ရဲ့ ချစ်ခြင်းကိုဖော်တာ သိပ်ပီပြင်တာပဲ
ကဗျာအသစ်လေးလာဖတ်သွားပါတယ် နတ်သမီးရေ ........ ယောင်္ကျားတွေဘ၀ကသာ အသက် ၄၀ မှ စပေမယ့် အမျိုးသမီးတွေဘ၀စ တာက အသက် ၃၀ လောက်ကတည်းက ဘ၀စနေကြတာနော် .... နတ်သမီး တယောက် ချစ်သူ မောင်နဲ့ မြန်မြန်ပေါင်းရပါစေလို့ ဆုတောင်းပေးခဲ့ ပါတယ် .... လာမယ့် ၁၉ ရက်နေ့ ဆိုမွေးနေ့လည်း ရောက်တော့မယ် နော် ................ နတ်သမီးတယောက် မိမိရည်မှန်းချက်အတိုင်း ပြီးပြည့်စုံ တဲ့ ဘ၀ကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေ ......
မရေ....မှတ်မှတ်ရရ ညီမ အနေနဲ့ ဆိုရင်...
အစ်မဆိုဒ်ထဲမှာ ပထမဦးဆုံး သေချာဖတ်ခဲ့မိတဲ့
ကဗျာလေးပါ။ ချစ်တတ်၊ ခံစားတတ်၊ ရေးတတ်လိုက်တာနော်။ :)
“ဖန်ဆင်းရှင်” မဟုတ်ပေမယ့်
“ချစ်ခြင်း” တွေကို ခြွေချပေးနိုင်တယ်...
:)...သဘောကျတယ်..မရေ။
နူးညံ့ပြီး ပြည့်စုံလွန်းလို့ ။ :)
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)
မျက်ရည်မရှိတဲ့ဘဝကိုတော့ သေချာစဉ်းစားရဦးမယ်၊
အရမ်းကောင်းတဲ့ ကဗျာလေးပါ
ခုလောက်ဆို ကြွေလို့ မောင်တစ်ယောက်လဲ...ကဗျာလေးနဲ့ဟတ်ထိပြီး......။
နတ်သမီးတို့အချစ်ကဗျာများ လန်းလန်းကိုထနေတာပဲ..။
အားကျပါတယ်....တကယ်...။
ခင်တဲ့
မိုးငွေ့
ကြွေတယ်ကွာ... ဂလု.... သိပ်ဖတ်လို့ မဖစ်ဘူး.... ကြားထဲက နာပါကြွေသွားမှ.... ဟိဟိ
ဖျားဖျား....ဖတ်ရတဲ့လူပါကြွေတော့မလို့ နဲနဲပဲလိုတော့တယ်....တတ်လည်းတတ်နိုင်ပါပေ့ မမအဖြူရောင်နတ်သမီးရယ်....း))
ဟိုက်ရှားပါးးး
ဟူးးး အဲဒီမောင်တော့ ဘဝင်တွေခွေ့နေတော့မှာပါပဲဗျာ
အစ်မရေ... အားကျသဗျာ့း)
ပြောတတ်လိုက်တာ.. :)
အပျိုကြီး..ခုတလော တယ်လွမ်းနေပါ့လား
ကဗျာကလဲ လန်ထွက်နေတာဘဲ နတ်သမီးချစ်သူ
နတ်သားသာ သိရင်တော့ ဘယ်လောက်ကြွေချပြီး
မြေခသွားမလည်းမသိဘူး ဒါကြောင့် အတွဲညီ
နေကြတာဖြစ်မယ်း)
အတွဲညီပါပေ့
ဟဲဟဲ
သိပ် အလိုမလိုက်နဲ့ ညီမရေ
မျက်ရေ မရှိတဲ့ ဘဝကို ပေးရင် လသာည ရဲ့ အဆိုအရ ဆိုရင် တော့ စွဲဆောင် မှု့တွေ ရော့နဲသွားရောမယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
တတ်လဲ တတ်နိုင်ကြပါတယ် ။ မယ်တို့ နတ်သမီးတွေရယ်.....
ဂြီ
သြ သြ ဂလိုလား ညီမ ရေ ပေါက်ပြီ သဘော သဘော
ခင်တဲ့
အမရွှေစင်
ဒီလိုချစ်တတ်တဲ့ မိန်းကလေး တစ်ယောက်လောက်များ ရှိခဲ့ရင် ၂ဆ ပိုတဲ့ အချစ်နဲ့ တုန့်ပြန်လိုက်ချင်တယ်....
IT IS VERY NICE POEM.
Post a Comment