“စနေနေ့ကျရင် သီတင်းကျွတ်ပြီနော်”..တဲ့
သူငယ်ချင်း နှိုင်း ရဲ့စကားကြောင့် ခေါင်းထဲသို့ အသိလေးတခုဝင်လာခဲ့ရသည်။
ဆီမီးငယ်တဲ့ ထိန်ထိန်။
အိုင်မင်း ရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။
အသဝါနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။
ဂါရဝေ
သက္ကစ္စံ ပဏာမေဖြင့်
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ်ကိုနှိုးကြတယ်
မျိုးမြန်မာ့တိုင်း။
ဝါဆိုလပြည့်နေ့၌ ရဟန်းသံဃာသည် မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကျောင်းသင်ခန်း၌ ကပ်ရောက်၍ သီတင်းသုံးပြီးသော် သီတင်းကျွတ်လပြည့်နေ့၌ ဝါမှထ၍ ဝါမဝင်မီ ရှေးက အရပ်တပါးဆီသို့
ဒေသစာရီကြွချီမြဲ အတိုင်း ကြွချီတော်မူ၏။ ဤကဲ့သို့ ဝါဆိုလပြည့်မှ သီတင်းကျွတ်လပြည့်အထိ
ရက်ပေါင်း၉၀ သီတင်းပြည့်၍ ကျွတ်လွတ်သောကြောင့် ဝါကျွတ်သည်ဟု ခေါ်ဆိုကြ၏။ ထိုသို့ သီတင်းဝါကျွတ်သောအခါ သက်ငယ်တို့သည် သက်ကြီးရွယ်အို လူကြီး မိဘ ဆရာသမားတို့ထံ အိမ်တိုင်ရာရောက် သွားရောက်၍ ကန်တော့ကြ၏။ ထိုသို့ ငယ်သူက ကြီးသူကိုလည်းကောင်း၊ လူအပေါင်းတို့က မိဘ ဆရာသမား ရဟန်းတော်များကိုလည်းကောင်း၊ မိမိတို့၌ အပြစ်ရှိခဲ့သော်
ထိုအပြစ်တို့မှ ပပျောက်ရန် ကန်တော့ပါ၏ ဟုဆို၍ ကာယကံမြောက် ကန်တော့ကြသော ပွဲတော်ကြီးပေါ်ပေါက်သည်ဟု ဆိုကြသည်။ အဘိဓမ္မာတရားကို ဟောကြားတော်မူသော
မြတ်စွာဘုရားသခင် ကိုလည်း ရည်စူး၍ ဆီမီးထွန်းညှိပူဇော်ကြသည် ဟူ၍လည်း ဆိုကြသည်။
ကျမမှတ်မိနေပါသေးတယ်..။
ငယ်စဉ် ကလေးဘဝက သီတင်းကျွတ်ပြီဆိုလျှင် ဖေဖေနဲ့ မေမေတို့ရဲ့ရှေ့မှာ ထိုင်ပြီး
“ဖေဖေနဲ့ မေမေတို့ကို သမီးပြောမှားဆိုမှာ ရှိခဲ့ရင် ခွင့်လွှတ်ပါ”ဆိုပြီး ကန်တော့လိုက်တိုင်း
“ဖေဖေနဲ့ မေမေတို့က သမီးလေးကို အမြဲခွင့်လွှတ်ပြီးသားပါ” ဆိုတဲ့ အဖြေလေးနဲ့အတူ
“သမီးလေးအတွက်” ဆိုပြီး မုန့်ဖိုးပေးပြီး အိမ်တွင်း သီတင်းကျွတ်မီးထွန်းပွဲတော်ကို
ကျမတို့ မိသားစု ၃ယောက်ပျော်ရွှင်စွာဆင်နွှဲကြမြဲ။
သိမ်ကြီးဈေးက ဖေဖေဝယ်လာတဲ့ စက္ကူမီးပုန်းလေးတွေကို အိမ်ရှေ့ဝရန်တာမှာ အလှဆင်ရင်း မေမေရဲ့လက်ရာ လ္ဘက်သုတ်နဲ့ရေနွေးပူပူလေးကို မိသားစု၃ယောက် ထိုင်းပြီး စားခဲ့ဖူးတယ်။ဆီမီးငယ်တဲ့ ထိန်ထိန်။
အိုင်မင်း ရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။
အသဝါနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။
ဂါရဝေ
သက္ကစ္စံ ပဏာမေဖြင့်
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ်ကိုနှိုးကြတယ်
မျိုးမြန်မာ့တိုင်း။
ဝါဆိုလပြည့်နေ့၌ ရဟန်းသံဃာသည် မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကျောင်းသင်ခန်း၌ ကပ်ရောက်၍ သီတင်းသုံးပြီးသော် သီတင်းကျွတ်လပြည့်နေ့၌ ဝါမှထ၍ ဝါမဝင်မီ ရှေးက အရပ်တပါးဆီသို့
ဒေသစာရီကြွချီမြဲ အတိုင်း ကြွချီတော်မူ၏။ ဤကဲ့သို့ ဝါဆိုလပြည့်မှ သီတင်းကျွတ်လပြည့်အထိ
ရက်ပေါင်း၉၀ သီတင်းပြည့်၍ ကျွတ်လွတ်သောကြောင့် ဝါကျွတ်သည်ဟု ခေါ်ဆိုကြ၏။ ထိုသို့ သီတင်းဝါကျွတ်သောအခါ သက်ငယ်တို့သည် သက်ကြီးရွယ်အို လူကြီး မိဘ ဆရာသမားတို့ထံ အိမ်တိုင်ရာရောက် သွားရောက်၍ ကန်တော့ကြ၏။ ထိုသို့ ငယ်သူက ကြီးသူကိုလည်းကောင်း၊ လူအပေါင်းတို့က မိဘ ဆရာသမား ရဟန်းတော်များကိုလည်းကောင်း၊ မိမိတို့၌ အပြစ်ရှိခဲ့သော်
ထိုအပြစ်တို့မှ ပပျောက်ရန် ကန်တော့ပါ၏ ဟုဆို၍ ကာယကံမြောက် ကန်တော့ကြသော ပွဲတော်ကြီးပေါ်ပေါက်သည်ဟု ဆိုကြသည်။ အဘိဓမ္မာတရားကို ဟောကြားတော်မူသော
မြတ်စွာဘုရားသခင် ကိုလည်း ရည်စူး၍ ဆီမီးထွန်းညှိပူဇော်ကြသည် ဟူ၍လည်း ဆိုကြသည်။
ကျမမှတ်မိနေပါသေးတယ်..။
ငယ်စဉ် ကလေးဘဝက သီတင်းကျွတ်ပြီဆိုလျှင် ဖေဖေနဲ့ မေမေတို့ရဲ့ရှေ့မှာ ထိုင်ပြီး
“ဖေဖေနဲ့ မေမေတို့ကို သမီးပြောမှားဆိုမှာ ရှိခဲ့ရင် ခွင့်လွှတ်ပါ”ဆိုပြီး ကန်တော့လိုက်တိုင်း
“ဖေဖေနဲ့ မေမေတို့က သမီးလေးကို အမြဲခွင့်လွှတ်ပြီးသားပါ” ဆိုတဲ့ အဖြေလေးနဲ့အတူ
“သမီးလေးအတွက်” ဆိုပြီး မုန့်ဖိုးပေးပြီး အိမ်တွင်း သီတင်းကျွတ်မီးထွန်းပွဲတော်ကို
ကျမတို့ မိသားစု ၃ယောက်ပျော်ရွှင်စွာဆင်နွှဲကြမြဲ။
ကလေးပီပီ မီးဆော့ချင်တဲ့ကျမဟာ မီးဖိုစောင့်နတ်၊ ရေချိုးခန်းစောင့်နတ်၊ မြေစောင့်နတ်၊ ကျောက်ပြင်စောင့်နတ်၊ လှေခါးစောင့်နတ် အစရှိတဲ့ နတ်များကို ပူဇော်ဖို့ ဖုယောင်းတိုင်ထွန်းတဲ့ တာဝန်ကိုယူရင်း လေတိုက်လို့ မီးငြိမ်းသွားတဲ့အခါ အပြေးလေး မီးညှိရင်း မီးဆော့ခဲ့ဖူးတယ်။
သီတင်းကျွတ်မီးထွန်းပွဲတော် ညဈေးတန်းကို ဖေဖေ ၊မေမေတို့နဲ့လမ်းလျှောက်ထွက်တို
အိပ်ပျော်ရင်း မိသားစု၃ယောက် အိမ်ပြန်လာခဲ့ကြတဲ့ ဘဝလေးကို ကျမ ပြန်စဉ်းစားရင်း
ကျမ မျက်ရည်လည်လာမိတယ်။
အသက်ကြီးမှ အိမ်ထောင်ကျခဲ့ကြတဲ့ ဖေဖေနဲ့ မေမေတို့ဟာ တဦးတည်းသော သမီးဖြစ်တဲ့ ကျမကို အရမ်းချစ်ကြပါတယ်။ မေမေကတော့ မိန်းမပြီပြီ သမီးမိန်းခလေးဖြစ်တဲ့ကျမကို မိန်းမတို့
တတ်ထားသင့်သည့် အိမ်တွင်းမှုကိစ္စအဝဝနဲ့ အိမ်ရှင်မပီသအောင် သင်ပေးရင်း ကျမကို မျက်နှာသာပေးလေ့မရှိပါဘူး။
ဖေဖေကတော့ ကျမဘာလုပ်လုပ် ခေါင်းလေးတညိတ်ညိတ်နဲ့ပြုံးပြီး
ဖေဖေ့ရဲ့ အားပေးမှုကြောင့် ကျမဟာ မူလတန်းအရွယ်က စလို့ နေရာတကာမှာ ပါလေရာဖြစ်ခဲ့ရတယ်။
ကျောင်း ကာယ အားကစားအသင်း၊ ဘင်ခရာအသင်း၊ ပန်းချီပြိုင်ပွဲ၊ ပညာရည်ထူးခွန်ဆုတွေနဲ့ကျမဟာ ဖေဖေရဲ့ ပစားပေးမှုကြောင့်“ မစွာတေး”လေးဖြစ်ခဲ့ရသတဲ့...။း)
ဒီလိုနဲ့ပဲ..မု
လက်အုပ်ချီပြီး တောင်းပန်ကန်တော့ရင်း
မုန့်ဖိုးတွေ တပွေ့တပိုက်ကြီး ရခဲ့တဲ့ကျမတို့ရဲ့ ပျော်ရွှင်စရာမိသားစုလေးရဲ့ ဘဝဟာ
အခုတော့ ဟိုးးးးး အတိတ်ဆီမှာ ကျန်လို့နေခဲ့ပါပြီ..။
အခုတော့လည်း သီတင်းကျွတ်ပေါင်းများစွာကို ဖြတ်ကျော်ရင်း........
ကွယ်လွန်သွားကြပြီဖြစ်သော ဖေဖေနဲ့ မေမေ့ကို တမ်းတမှန်းဆရင်း ကန်တော့ရင်း........
မိဘအရွယ် လူကြီးသူမများကို မိဘအမှတ်နဲ့ ကန်တော့ရင်း....အခုတော့ ဟိုးးးးး အတိတ်ဆီမှာ ကျန်လို့နေခဲ့ပါပြီ..။
အခုတော့လည်း သီတင်းကျွတ်ပေါင်းများစွာကို ဖြတ်ကျော်ရင်း........
ကွယ်လွန်သွားကြပြီဖြစ်သော ဖေဖေနဲ့ မေမေ့ကို တမ်းတမှန်းဆရင်း ကန်တော့ရင်း........
မီးပုန်းလေးတွေကိုမြင်တိုင်း...
ညပွဲဈေးတန်းမှာ လျှောက်လည်နေကြတဲ့ မိသားစုတွေကိုမြင်တိုင်း...
ဖခင်ရဲ့ပခုံးထက်မှာ နှစ်ချိုက်စွာ အိပ်ပျော်နေတဲ့ ကလေးငယ်တွေကိုမြင်တိုင်း...
ကျမလေ....ဟိုးးးးးး အဝေးဆီက မိသားစုလေးကို လွမ်းတယ်...
သြော်....ရောက်ခဲ့ပြန်ပြီ...သီတင်းကျွတ်ဆီ......
18 comments:
သီတင်းကျွတ်မှာ မိဘတွေပဲလွမ်းနေသလား...
အပျိုကြီးရဲ့..
ဖတ်ရတာစိတ်မကောင်းဖြစ်မိတယ်.ဒါပေမယ့်
ဆွေလေး ကိုယ်တိုင်လည်း လောလောဆယ် အိမ်ကို
လွမ်းနေတယ်...
တကယ်ကို ပွင့်ပွင့်လင်းလင်း ပြောတာပါ။
အားလုံးကို ခဏမေ့ထားတယ်။
နတ်သမီးရဲ့ ဘ၀လဲ ကြေကွဲဖွယ်ပါပဲလား။ ကဲလွမ်းတာတွေ တမ်းတတာတွေလဲ လုပ်ပါ။ မြန်မာ နတ်သမီးဆိုတော့ မြန်မာတွေ ထုံးစံအတိုင်း ဆိုင်ဆိုင် မဆိုင်ဆိုင် ၀ါကျွတ် ရင် ကိုယ်လဲ ကျွတ် ။ အဲ အိမ်ထောင်ပြုဖို့ စဉ်းစားပါလေ။
(လာစားရမလားလို့ပါ)
ဟိဟိ..
ကျွေးပါ့မယ် မောင်လေး မိုးယံရယ်..
ကျွတ်တော့ မကျွတ်ပါရစေနဲ့အုံး..
အမရဲ့မွေးနေ့ နောက်လ ၁၉ ရက်နေ့ကျရင် လာခဲ့..ကျွေးမယ်
အဲ..ကဗျာလက်ဆောင်ယူခဲ့ဖို့တော့ မမေ့နဲ့နော်..။
ကိုဇော် နဲ့ ကိုမြစ်တို့လို ပတ်ပြေးဖို့တော့ မစဉ်းစားနဲ့..။
အဝေးရောက်နေသူတွေအဖို့မတော့ သီတင်းကျွတ်ရယ်၊
သင်္ကြန်ရယ်က အရမ်းလွမ်းစရာပါပဲ....။ဒီနှစ်တော့
ကျွန်တော် သိပ်မလွမ်းဘူးဗျ...။စိတ်ကို နေသာအောင်ပဲ
နေလိုက်တော့တယ်..။
အမနတ်သမီးရေ
အခါကြီးရက်ကြီးတွေဟာ အဝေးရောက်သားသမီးတွေကို စိတ်ခံစားမှုအများဆုံးပေးစေတယ် အမရေ..
မပြန်နိုင်သေးတော့လဲ အဖေ အမေကို ဖုန်းနဲ့လှမ်းလှမ်းကန်တော့ရတာပါပဲ..
ထပ်တူခံစားမိပါတယ် အမရေ..
နတ်သမီးရဲ့ငယ်ဘ၀ သီတင်းကျွတ်လေးကိုသိရလို့ စိတ် မကောင်းပါဘူး။ အမကတော့ အမေရှိသေးလို့ ကန်တော့စရာ မိဘဆိုတာရှိသေးတယ်..။
သီတင်းကျွတ်အလွမ်းကို အားပေးသွားပါတယ်။
မနမ်းရေ..
ဒီနေ့သီတင်းကျွတ်လပြည့်နေ့ဆိုတော့
ေ၇ွှတိဂုံဘုရားမှာအရမ်းစည်မှာဘဲနော်..
ကျမလေ..ရန်ကုန်ကိုလွမ်းလိုက်တာအရမ်းဘဲ..
ဟိ အဘကျောက် ပြောသလိုပဲ နော် မမ
သတင်းကျွတ်ပြီနော် ခစ်ခစ် (စသွားလိုက်ဦးမယ်) ဟဲဟဲ
နတ်သာမီးရေ့.....
ခံစားမိပါရဲ့ဗျာ.......။
ကိုဏီတော့ လွမ်းဖို့မေ့နေတယ်.....။
အလုပ်မှာ ညဆိုင်းလေ....။ ပြေးဟယ်လွှားဟယ်နဲ့ပေါ့.....။
(ဒါနဲ့ စကားမစပ်......သီတင်းကျွတ်သွားပြီလေကွယ်....။ ဘယ်တော့ စားရမှာလဲဟ.....း))
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
သီတင်းကျွတ်ရောက်ရင် မိဘကိုနဲနဲ ကန်တော့ပြီး ကျွန်တော်ကတော့ မုန့် ဖိုးကို ပိုများများလေး ပြန်တောင်းလိုက်တာဘဲ။
အရမ်းလွမ်းတယ် မမရယ်..
အား လုံးကိုပေါ့..။
လွမ်းသွားပါတယ်နတ်သမီးရေ..။
ဟိုးးးးးးအတိတ်ဆီကသီတင်းကျွတ်ကိုပေါ့.
ချစ်တဲ့
သဒ္ဓါ
ဟုတ်တယ်နော်.. ဘယ်မှာပဲ ရောက်နေနေ သင်္ကြန်တို့ သီတင်းကျွတ်တို့ဆို ကိုယ့်အိမ်ကို ပြန်ချင်တာပဲ..
မရေ....ခံစားမှုပေါင်းများစွာကို ခံစားရင်းးး
ညီမလဲ လောလောဆယ် အိမ်ကိုအရမ်းလွမ်းနေပါတယ်။
..ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)
မွေးနေ့ ကြရင်....ညီမကော လာစားလို့ ရမလား :)
မအဖြူရောင် ရေ . ကျွန်တော်လည်း ထပ်တူခံစားရပါတယ်ဗျာ. အဆင်ပြေမှုများနဲ့ ငြိမ်းချမ်းအေးမြနေပါစေ နော်...
Post a Comment