Monday, October 4, 2010

ဆောင်းရင်ခွင်


မိုးစက်တို့ နှုတ်ဆက်ထွက်ခွာ
ဆောင်းလေပြေကို ရှူရှိုက်မိတဲ့ တဒင်္ဂ
မြူနှင်းပျောက်တို့ လွှမ်းခြုံ
ကန္တာရ ရင်ကိုအေးစေခဲ့တယ်...

ဖြူစင်ခြင်း နှင်းစက်တွေကြား
နားလည်မှု နှလုံးသားနှစ်ခုရဲ့
အပေးအယူက တသွေးထဲ တသားထဲ...

ကြင်နာခြင်း လေဟာနယ်မှာ
တဖွဲဖွဲကျနေတဲ့ “မျှဝေခံစားခြင်း”ဆိုတဲ့
အေးမြတဲ့ နှင်းစက် နှင်းပျောက်တွေက
နွမ်းလျှလျှ ရင်တစုံကို
အမောပြေစေရင်း...

မနီးမဝေးဆီက “ပေါင်းစီးခြင်းတံတား” ကိုရောက်ဖို့
“ဆောင်း” သခင်ရေ....
အသင့်ရဲ့လေပြေတွေနဲ့
“သူ့”ရင်ခွင်ထက်မှာ ထာဝရ နားခိုဖို့
ကျမကို ခပ်ဖွဖွလေး သယ်ဆောင်သွားပေးပါ...




23 comments:

Bravo said...

ပေါင်းစီးခြင်း တံတား
ဘာကို ဆိုလိုတာပါလိမ့်
ကျနော့်အထင် တော့း)


ဆောင်းသခင်ရေ......
အမြန်သယ်သွားပေးလေရော့

မိုးငွေ့...... said...

“ဆောင်း” သခင်ရေ....
အသင့်ရဲ့လေပြေတွေနဲ့
“သူ့”ရင်ခွင်ထက်မှာ ထာဝရ နားခိုဖို့
ကျမကို ခပ်ဖွဖွလေး သယ်ဆောင်သွားပေးပါ...

အဲဒီနောက်ဆုံးပိုဒ်လေးက ရေလည်ထိတယ်...။

ခင်တဲ့
မိုးငွေ့

မိုးယံ said...

နာ့အစ်မ နတ်သမီး မြန်မြန် ဆန်ဆန် ပေါင်းစီးခြင်းတံတား ဆီကိုရောက်ပါစေဗျာ။

ဆောင်းသခင်ကြီးရော အဆင်ပြေရဲ့လား။

Aung Kyaw Min said...

ကန္တာရ ရင်ကို တစ်ကယ်အေးမြပါစေသား...လို့ ကဗျာလေးကိုဖတ်ရင်း ထပ်ဆင့်ဆုတောင်းပေးခဲ့ပါတယ် မအဖြူရောင်.

ညိမ်းနိုင် said...

အင်းးး အဆင်ပြေသူတွေကတော့ လုပ်ကြပါဗျာ....
လုပ်ကြပါ....။ဒီမှာတော့ ကမ္ဘာခြားနေလေတော့ ဘယ့်နှယ်
လုပ်ပြီး ပေါင်းစီးခြင်းတံတာ ထိုးရမှန်းကို မသိဘူး။
(နာလိုဘူးဗျာ...)

ဆွေလေးမွန် said...

ကဗျာလေးရဲ့ နောက်ဆုံးစာပုဒ်လေးကို ပိုသဘောကျတယ်..

ကဗျာဆိုတဲ့တိုင်း မနတ်သမီးရေးထားတာ
ကဗျာဆန်လွန်းတယ်..

ရွှေရတုမှတ်တမ်း said...

ပေါင်းစီးခြင်းတံတားတော့ မသိဘူး..ပေါင်းစီးခြင်းကား..က ရန်ကုန်မှာ Taxi စီးရင် သေချာတယ်..

ကိုဇော် said...

ပေါင်းစီးခြင်းတံတားလေးပေါ်ကနေ ချစ်သူဆီကို အမြန်ဆုံး အရောက် ပြေးသွားနိုင်ပါစေ။

နေမကောင်းဘူးဆို နားနားနေနေ မနေပဲ ဘာလို့ ကဗျာတွေ ရေးနေပြန်တာလဲ။ ပြောရင်လည်း ဆူတယ် ဖြစ်ဦးမယ် ဟွန်း။ နောက်မှရေးလည်း ရတာပဲ ညီမရေ။

သိင်္ဂါကျော် said...

အင်း...
တစ်ဆောင်းသစ်ပြန်တော့မယ်..

နှင်းဟေမာ said...

အလွမ်းတွေနဲ့ ဆန္ဒတွေကို နုညံ့စွာရေးသားထားမှုက ကဗျာလေးကို တစ်မျိုးလှပစေပါတယ် ..။
ဆောင်းသခင်ရဲ့ ခပ်ဖွဖွလေးသယ်ဆောင်မှုတွေနဲ့အတူ ချစ်သူ့ရဲ့ ရင်ခွင်မှာ အမြန်ဆုံးခိုနားနိုင်ပါစေ မမအဖြူရောင်လေးရေ ...း)

ညီမလေးနှင်း ...

သဒ္ဓါလှိုင်း said...

ဆောင်းတောင်ရောက်ခါနီးပြီပဲ..။
ဆောင်းသခင်ရဲ့ လေပြေလေးတွေနဲ့ ချစ်သူရဲ့ရင်ခွင်မှာ
အေးမြခြင်းတွေနဲ့ အမြဲနားခိုနိုင်မှာပါ..။

ချစ်တဲ့
သဒ္ဓါ

မချော( အစိမ်းရောင်လွင်ပြင်) said...

ထပ်တူဆုတောင်းပေးလိုက်ပါတယ်..
အမြန်ဆုံး ဆုံဆည်းနိုင်ပါစေ
ဒါနဲ့ ဒီမှာတော့ ဆောင်းရောက်တော့မယ်...
အဲဒီဆောင်းရင်ခွင်က မရောက်သေးဘူးလား
နှင်းတွေ တဖွဲဖွဲကျတဲ့အချိန်မှာ ဆုံဆည်းကြမယ်ဆိုရင် သိပ်ကိုရင်ခုန်ဖို့ကောင်းမယ်နော။
ဆုတောင်းလေးတွေ အမြန်ဆုံး ပြည့်ပါစေ။

ကိုကိုမောင်(ပန်းရနံ့) said...

မနီးမဝေးဆီက ပေါင်းစီးခြင်းတံတားတဲ့။
ညီမရေ... ဘ၀စတင်ဖို့ နီးကပ်လာပြီထင်တယ်။ လေပြေလေးရေ.. ချစ်သူ့ရင်ခွင်ဆီ ညီမကို အမြန်ဆောင်ညှင်းပေးလိုက်ပါ။

အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေ အမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

sosegado said...

ဆောင်းရောက်တော့မှာလားဆိုပြီး သတိရသွားတယ်

မြစ်ကျိုးအင်း said...

မနီးမဝေးဆိုတော့ ဧကန္တတော့
အင်း..
မဝေးမနီးပဲ နေမှာ။

ဝေလင်း said...

ကျွန်တော်က ဆောင်းဦးတုန်းရှိသေး အစ်မက ဆောင်းဝင်သွားပြီလား အစ်မရဲ့..။ အစ်မကဗျာလေးက ကောင်းလိုက်တာဗျာ....

ဇာနည်မောင် said...

မင်္ဂလာပါ ရောက်လာပါတယ် နတ်သမီးရေ ...... ကဗျာလေးကိုလည်းသေသေချာချာဖတ်သွားပြီး နတ်သမီးရဲ့ခံစားချက်တချို့ကို မျှဝေခံစားကူသွားပါတယ် ..... မနီးမဝေးဆိုလို့ နောက်ထပ်ချစ်ရမယ် အညာသူတယောက်က ဂျာမဏီ မှာရောက်နေပြီ အချိန်နာရီတော့တူတယ် ... နိုင်ငံလေးပဲ ခြားနေတာပါ။ သတင်းကျွတ်တော့မယ် နတ်သမီးရေ ချစ်တဲ့သူနဲ့အမြန်ပေါင်းရပြီး အနာဂတ်လှလှတခုတည်ဆောက်နိုင်အောင် ချစ်သူကို များမျာဖိအားပေးထားပေတော့နော် ...... :D

အင်ကြင်းသန့် said...

နောက်ဆုံးပိုဒ်လေးကိုအကြိုက်ဆုံးပဲ။း)

ခိုင်နုငယ် said...

မနမ်းရေ.အရောက်လာခဲ့တယ်။
ခုတလော စာဖတ်အားများရင် မျက်ရည်ကျနေတတ်တာမို့
ဘယ်မှ မရောက်ဖြစ်။
လေပြည်လေညင်းရေ...ဆောင်းသခင်ဆီ
မနမ်းအား....ပေါင်းစည်းခြင်း တံတားလေးဆီမှတဆင့်
အမြန်ဆုံး သယ်ဆောင်သွားပါစေသား....
တောင်းသောဆုများပြည့်ပါစေ။
ခင်တဲ့
ခိုင်နုငယ်

SHWE ZIN U said...

ကောင်းတယ်ဗျာ ကဗျာလေးက

ခင်မင်တဲ့
ရွှေစင်ဦး

ဆူးသစ် said...

Read more. Write more.

Khinmarlaraung said...

မမရေ....ကြည်နူးစရာ ကဗျာလေးပါ။
နူးညံ့တယ်...ချစ်စရာလေး..ပြီးတော့...
မနီးမဝေးဆီက “ပေါင်းစီးခြင်းတံတား”ကိုရောက်ဖို့ 
“ဆောင်း”သခင်ရေ...
အသင့်ရဲ့လေပြေတွေနဲ့ 
“သူ့ ”ရင်ခွင်ထက်မှာထာဝရနားခိုဖို့ 
ကျမကို ခပ်ဖွဖွလေး သယ်ဆောင်သွားပေးပါ...တဲ့
မမရေ....လက်ဆောင်လေးပြင်ထားရတော့မှာလား..ဟဲဟဲ..စတာနော်..:)...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

မိုးစက်အိမ် said...

ဆောင်းသခင်ရဲ့ လေပြေလေးမှာ
နတ်သမီးတစ်ပါး ထာဝရနားခိုမှေးစက်ရင်း
ကြည်နူးပျော်ရွှင်စရာ ဗိမာန်လေးတခုကို
တည်ဆောက်နိုင်ပါစေဗျာ . . . :)

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .