ဒီနေ့ဟာ တရုတ်ရိုးရာ “Full Moon Day ” ဖြစ်တဲ့အတွက် သူငယ်ချင်းတို့ကို “Full Moon Cake ”လို့ခေါ်တဲ့ “လ”မုန့်ရဲ့ ပါးစပ်ရာဇဝင် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြပါရစေ.......
ဟိုး......
ရှေးရှေးတုန်းက တရုတ်ပြည်က ရွာတစ်ရွာမှာ..မြှားပစ်အလွန်ကျွမ်းကျင်တဲ့ “ဟုန်ရီ”(Hou Yi) ဆိုတဲ့ လူတစ်ယောက်ရှိတယ်..။သူ့မှာ “ချောင်အာ”(Chang Er)ဆိုတဲ့ သိပ်ချော သိပ်လှတဲ့ ဇနီးလေးလည်းရှိတယ်..တဲ့။
တစ်နေ့ ကောင်းကင်ပေါ်မှာ နေ(၁၀)စင်း တစ်ပြိုင်နက်တည်း ထွန်းလင်းတဲ့အတွက် ကမ္ဘာကြီးဟာ မီးလောင်လုမတတ် ပူပြင်းလာပြီး ပင်လယ်ရေတွေဟာလည်း ခန်းခြောက်စပြုလာခဲ့တယ်။ အဲဒီအကြောင်းကို “ဟုန်ရီ” သိသိခြင်းပဲ..သူ့မှာရှိတဲ့ လေးနဲ့ မြှားတွေကိုယူပြီး အမြင့်ဆုံးတောင်ဖြစ်တဲ့ “ကူလွင်”(Kun Lun) တောင်ပေါ်ကို ခဲရာခဲဆစ် ကြိုးစားပြီးရောက်အောင်တက်ခဲ့တယ်...။
အဲဒီတောင်ပေါ်ကနေ နေ(၁)စင်းကိုချန်ပြီး ကျန်တဲ့ နေ(၉) စင်းကို သူ့ရဲ့မြှားတွေနဲ့ခြေဖျက်နိုင်ခဲ့တယ်..။
အဲဒီအချိန်က“စ”ပြီး မြှားပစ်သမားလေး “ဟုန်ရီ”ဟာ ကမ္ဘာမြေနဲ့ လူသားတွေကို ကယ်တင်ခဲ့တဲ့ လူစွမ်းကောင်းတစ်ယောက်ဖြစ်လာခဲ့တာပေါ့.။
အဲဒီအဖြစ်အပျက်တွေကို အစ အဆုံးမြင်တွေ့ခဲ့ရတဲ့ နတ်ပြည်က နတ်မင်းကြီးရဲ့ မိဖုရားဟာ လူစွမ်းကောင်း “ဟုန်ရီ”ကို နတ်ဆေးလုံးတစ်လုံးချီးမြှင့်ခဲ့တယ်။
အဲဒီနတ်ဆေးလုံးရဲ့အစွမ်းသတ္တိကတော့... ရုပ်ပျိုကိုယ်နုပြီး နတ်စည်းစိမ်နဲ့တကွ နတ်ပြည်မှာ စံစားရင်း ထာဝရ အသက်ရှင်သန်နေစေနိုင်တယ်..တဲ့။
ဇနီးသည်ကိုချစ်တဲ့ “ဟုန်ရီ”ဟာ အဲဒီနတ်ဆေးလုံးကို သောက်ပြီး နတ်ပြည်မှာ ထာဝရ ပျော်ရွှင်စွာနေနိုင်တဲ့ အခွင့်အရေးကို ရပေမဲ့ သူချစ်ရတဲ့ ဇနီးကို မခွဲနိုင်တာကြောင့် နတ်ဆေးလုံးကို မသောက်ပဲ ဇနီးသည်ကို အကြောင်းစုံပြောပြကာ... သိမ်းထားစေခဲ့တယ်..။
စိတ်ဆိုတာကလည်း အခက်သားလား.... “ဟုန်ရီ”ရဲ့ဇနီး..“ချောင်အာ”လေးဟာ “ဟုန်ရီ”မရှိတုန်း နတ်ဆေးလုံးကို စမ်းသပ်ချင်တဲ့စိတ်နဲ့ သောက်လိုက်တယ်ဆိုရင်ပဲ...မိန်းမချောလေး “ချောင်အာ”ရဲ့ခန္ဓာကိုယ်ဟာ လေပေါ်ကိုမြောက်တက်သွားပြီး “လ”ရှိရာကို ပျံတက်သွားခဲ့တယ်..။ နတ်ဆေးလုံးရဲ့အစွမ်းအရ မိန်းမချောလေး “ချောင်အာ”ဟာ ဘယ်တော့အခါမှ လူ့ပြည်ကို ပြန်မလာနိုင်တော့ပဲ (အရှင်ထွက် သဘောမျိုးနဲ့)“လ”ပေါ်မှာပဲ မင်းသမီးလေးတစ်ပါးအဖြစ်နဲ့ ရာသက်ပန်နေသွားရင်း ပြင်လို့မရတော့တဲ့ သူမရဲ့အမှားကို နောင်တရနေတော့တာပေါ့..။
မြှားပစ်သမားလေး “ဟုန်ရီ” ကလည်း သူ့ရဲ့ဇနီးချောလေးကို လူ့ပြည်ကနေ လွမ်းယုံကလွဲလို့ဘာမှမတတ်နိုင်ရှာပဲ ဇနီးသည်ကိုလွမ်းတိုင်း “လ”ကိုပဲ မော့ကြည့်နေတော့တာပေါ့..။
အဲဒီ တရုတ်ရိုးရာ ပုံပြင်ကို အစွဲပြုပြီး တရုတ်လူမျိုးတွေဟာ အဲဒီနေ့ကိုရောက်တိုင်း မိသားစုတွေ ဘယ်လိုအကြောင်းကြောင့်နဲ့မှ အဝေးတစ်နယ်ဆီကို ရောက်နေတဲ့ သူဖြစ်နေပါစေ... မိသားစုတွေ ပြန်ဆုံကြပြီး “Moon Cake”လို့ခေါ်တဲ့ “လ”မုန့်ကို စားသောက်ကြတယ်။ အဲဒီနေ့မှာ သူတို့အဓိက စားကြတဲ့ အရာတွေကတော့...
(၁) Moon Cake (လမုန့်) ။ ။ မိသားစုတွေ “လ”ကဲ့သို့ လုံးဝိုင်းတဲ့ အရာထဲမှာ အတူတကွ ရှိစေရန်။
(၂)Grape (စပျစ်သီး) ။ ။တစ်ခိုင်တည်းမှာ မိသားစုတွေ တစ်စုတစ်စည်းတည်း ရှိနေစေရန်။
လမ်းခွဲခြင်းကို တရုတ်လို “Fen Li” လို့ခေါ်ပါတယ်...
အဲဒီတော့ သစ်တော်သီး “ Li” ကိုစားခြင်းဖြင့် လမ်းခွဲခြင်း “Fen Li ”မှကင်းဝေးနိုင်စေရန် ရည်ညွှန်းပြီး အယူတစ်ခုအဖြစ်သတ်မှတ် ခဲ့ကြခြင်းဖြစ်ပါတယ်။

တရုတ်ရိုးရာ လပြည့်နေ့ရဲ့ အချိန်အခါလေးမှာ ကျွန်မကတော့ “လမုန့်”ကိုစားရင်း ရှင်ကွဲ ကွဲခဲ့ရတဲ့ “ဟုန်ရီ” နဲ့ “ချောင်အာ” တို့အတွက် နောင်ဘဝဆက်တိုင်းမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ မကြုံမိစေရန် ဆုတောင်းရင်း....ပုံပြင်လေးကို အဆုံးသတ်လိုက်ပါရစေနော်...။
မိဘ၊ဆွေမျိုး များနဲ့ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြသော သူငယ်ချင်းများကိုလည်း မိမိတို့ရဲ့ မိဘ၊ ဆွေမျိုးများနဲ့ အမြန်ဆုံးတွေ့ဆုံရန်နှင့် ချစ်သူများ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာခြင်း ဒုက္ခမှ ကင်းဝေးကြပါစေရှင်...။
13 comments:
ထူးထူးဆန်းဆန်းပဲဗျ။ အခုမှ သိရတယ်။
ကျေးဇူးပါ နတ်သမီးရယ်
ရာဇဝင်တွေလည်း တယ်ပိုင်ပါလား ညီမရေ။
ကြုံပြီ ( ဟုန်ရီ ) နဲ့ အာချောင် ( အာချောင် ) တို့နဲ့ ဘယ်လိုမှ မတော်စပ်ဘဲ ပုံပြင်တွေကို ချစ်သော ကိုဇော် လာရောက် ဖတ်ရှုမှတ်သားသွားပါတယ်။
တားတား ပုံပြင်နားထောင်သွားပါတယ် ..မမနာနတ်သီး
ရောက်လာပါတယ် နတ်သမီးရေ ဗဟုသုတအသစ်လေး တွေလည်းမှတ်သွားပါတယ်။ ဒါပေမယ့် တစ်ယောက်တွေ တစ်ခုတွေ ကိုဖတ်ရတော့ စာအရေးအသားကကောင်းပြီး စာလုံးပေါင်းတွေက ချော်နေတော့ ဖတ်ရတာ feeling နဲနဲကျဲသွားသလိုပဲ။ လာဆူတာမဟုတ်ပါဘူးနော် နောက်အခါတွေရေးရင် သတိထားပြီးရေးမိအောင်လို့ထောက်ပြပေးတာပါ ... ဒါနဲ့ နတ်သမီးမွေးနေ့က ဆယ်လပိုင်း ၁၉ ရက်နေ့လား ဆယ့်တလပိုင်း ၁၉ ရက်နေ့လားဟင် ? ပြီးခဲ့တဲ့နှစ်ကလို မွေးနေ့လုပ်မယ်ဆိုရင် အချိန်ယူပြီး ရေးရမယ့် ကဗျာကိုကြိုစဉ်းစားထားချင်လို့မေး တာပါနော် ။
ခင်မင်လေးစားလျှက်
ဇာနည်မောင်
သြော်..တရုတ်တွေ လမုန့်စားကြတဲ့ ရည်ရွယ်ချက်က ဒီလိုကိုး... မိုးစက်အိမ်ပြောသလို သူတို့နှစ်ယောက်ကလဲ ဆေးလုံးကို
တစ်ယောက်တစ်ခြမ်းသောက်ရလိုက်မှာ.. :)
အဲဒါဆိုရင် အခုလို လမုန့်တွေ..စပျစ်ခိုင်ကြီးတွေ ထိုင်စားနေရမှာမဟုတ်ဘူး.. ဟီးးဟီး (ကိုယ်မကြိုက်တဲ့ အစားစာမလို့ပြောနေတာ)
မနမ်းရေ...မွန်းကိတ်စားနေပမေယ့်သိဝူး။
ပုံပြင်လေးကြောင့် ခုမှပဲသိရတော့တယ်။
ဒါဆို မွန်းကိတ်စားတိုင်း ဟုန်ရီနဲ့အာချောင်(ချောင်အာ)
တို့အတွက်ဆုတောင်းပေးတော့မယ်။
နတ်တွေပေါလာတဲ့ခေတ်ကြီးမှာ(မာရ်နတ်၊ နတ်ဆိုးလေး၊ နတ်သမီး)နတ်သမီးအဖြစ် တစ်ပါးတည်းရပ်တည်နေတဲ့ မနမ်းေ၇ လာတာ တစ်ရက်နောက်ကျသွားပြီ အဟင့် အထု ပွဲနေ့မဟုတ် တော့ဘူး အသီးတွေတောင်နွမ်းနေပီ. ဒါပေမယ့် ချားတွားဒယ်
ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)
ငယ်ငယ်လေးကတည်းက ပုံပြင်ကိုသိပ်ကြိုက်တယ်
ဒီပုံပြင်ကို အခုမှ ဖတ်ဖူးတယ်
နောက်လည်း ပုံပြင်လေးတွေ ခဏခဏတင်ပေးပါ
ဖတ်ချင်လို့
ငွေလမင်း
မွန်းကိတ်တွေ လက်ဆောင်ရလို့ စားလိုက်ရသေးတယ်
ရာဇ၀င်တော့ ခုမှသိတော့တယ်.. ကျေးဇူး ညီမလေး
ပုံပြင်လေးလာဖတ်သွားတယ်..
အဲလိုရာဇ၀င်လေးတွေအရမ်းစိတ်ဝင်စားတယ်..
လမုန့်ပွဲတော်လုပ်ပြီး ရန်သူမသိအောင် လမုန့်တွေထဲသတင်းတွေထည့်ပေးတာကနေ ကြီးကျယ်လာတယ် ချောင်အာပုံပြင်လေးကစတာလို့တော့ပြော ကြပါတယ်၊
စီဘောက်ရဲချိဖူးးးးးးးးးးးး(
ပို့စ်အကုန်ဖတ်သွားတယ်။
မရောက်တာာကြာလို့လေ..အကြွေးတွေ အကြွေးတွေ
အဟား...အာဝါးးးးးးးးးးးနော်
(ချီဘောက်ဖြုတ်ရောင်းလိုက်တာရားတီတီ )
ခိခိ
သြော် ဒီက ကိုရွှေပေါက်ဖော်တို့ရဲ့ လမုန့်ပွဲတော်ဆိုတာ
ကြီးက ဒီလိုလား..
ဟီး ခုမှသိတယ်..အလုပ်တစ်ရက်ပို့လို့ အိမ်မှာတောင်
နားပြီးပြီ..ပိတ်ရချင်းအကြောင်းအရင်းခုမှသိတယ်.
အဟဲ..တစ်လကိုးသတင်း အိမ်မှာစုနေကြပြီးရော..
အလုပ်ပါ တစ်လပိတ်မှာ..
အကြောင်းအရာလေး သိရလို့ ကျေးဇူးမနမ်းရေ.
Post a Comment