On Line ပေါ်မှာ တွေ့ပြီး ကျမနဲ့ မိတ်ဆွေဖြစ်ခဲ့ရတဲ့ သူတွေထဲမှာ “ကိုဇာနည်မောင်” ဆိုတဲ့ (သူ့ရဲ့မကျေနပ်ချက်တွေကို အချိန်ပြည့် ပွစိပွစိလုပ်တတ်သူ)အကိုတယောက်လည်း ပါဝင်ခဲ့ပါတယ်။
နယ်သာလန်နိုင်ငံမှာ အခြေချနေထိုင်ပြီး သူ့ရဲ့ဘလော့ဂ်စာမျက်နှာကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးဝါသနာပါသူတယောက်လို့ ယူဆရတဲ့ ကိုဇာနည်မောင်ရဲ့(၃၉)နှစ်မြောက် မွေးနေ့ဖြစ်တဲ့အတွက် ထုံးစံအတိုင်း မွေးနေ့ပွဲလေးတခုလုပ်ပေးရင်း “မွေးနေ့ရှင် ကိုဇာနည်မောင်” အတွက် ဆုတောင်းပေးလိုက်ကြရအောင်လားရှင်...ပုဇွန်ပေါင်မုန့်ညှပ်ကြော်
ပုဇွန်ဖက်ထုပ်
ပုဇွန်ကင်(နတ်သမီး ကတော့ တရုတ်မတွေနဲ့ပေါင်းပြီး ပါတီပွဲလုပ်ရင် အဲဒီလို ပုဇွန်တွေကို လက်နှစ်ဖက်နဲ့ ကစ်တာ အကျင့်ဖြစ်နေပြီ)
အနောက်တိုင်းစတိုင်လ် Creamပုဇွန်
ပုဇွန်ငြုပ်သီး
ပုဇွန်ကြက်သွန်ဖြူ
မိန်းခလေးများအတွက် “မိုဂျီတို” ကောက်တေးလ်
ပူစီနံရွက်နဲ့ သံပုရာသီး အနံကိုသုံးပြီး သကြားနဲ့ရောထားတဲ့အတွက်
သောက်လိုက်ရင် ချိုပြီး သံပုရာရည်အရသာနဲ့ ပူစီနံအနံ့သင်းသင်းလေးရှိတဲ့
နွေရာသီမှာ အသောက်များတဲ့ “မိုဂျီတို”ကောက်တေးလ် ပါ..။
ယောကျာ်းလေးများအတွက် ဝိုင်များအချိုပွဲ သစ်သီးများ..
(၂.၀၉.၁၀)နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင်အတွက်...မွေးနေ့ကိတ်
မွေးနေ့လက်ဆောင်...
ယောက်ျားလေး ဆိုတာ အသက်(၄၀)မှ ဘဝ“စ”တာပါ ...ကျွန်တော်က အခုမှ(၃၉)နှစ်ပဲ ရှိပါသေးတယ် လို့ အတိအလင်းကြေညာသွားတဲ့ ကိုဇာနည်မောင်အတွက် မွေးနေ့ကဒ်လေး..နဲ့အတူ...ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့များကို နှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း...
Happy Birthday.....“ကိုဇာနည်မောင်”
*(ဘလော့ဂ်ကို လာလည်ရင် ပွစိပွစိ သိပ်မလုပ်နဲ့ အကိုရေ...၊ ချစ်သူက နတ်သမီးကို မျက်မှောင်ကုတ်ပြီးကြည့်ကြည့်နေတာ...၊ ဘယ်နေ့ အဆူခံရမလည်းမသိဘူး၊ )
Thursday, September 2, 2010
ကိုဇာနည်မောင် အတွက်...
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
11 comments:
နတ်သမီးရေ...ပုဇွန်ဟင်းတွေ အမယ်စုံ အကုန်စားသွားတယ်....အစ်ကိုဇာနည်မောင်ရေ...ဟက်ပီးဘတ်ဒေးနော်...စားပြီးမှာ wish လုပ်တယ် ဒီညီမလေးကတော့....။
ခင်တဲ့
မိုးငွေ့
ပျော်ရွင်စရာမွေးနေ့လေးဖြစ်ပါစေ ကိုဇာနည်မောင်ရေ
စားသောက်စရာတွေက တကယ်ကို ဂလု စေတယ်ဗျာ
း)
ဟက်ပီးဘတ်ဒေးပါဗျာ...
မွေးနေ့ရှင်ရော..
မွေးနေ့ပွဲ ကျင်းပပေးသူရော ပျော်ရွှင်ကြပါစေ။
ဘဝစဖို့ ၁ နှစ်တောင်မှ လိုသေးတာပဲနော်..အနော်ဆို အခုမှ ခရေးရေးပေါ့...ဟီး
မွေးနေ့ရှင်ကိုဇာနည်မောင် ဘ၀ စတော့မှာ ဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။
ဖန်ဆင်းရှင်နတ်သမီးကိုလည်းကျေးကျေးပါ။ စိတ်ကူးကောင်းတဲ့ ပုဇွန်ဟင်းတွေ အတွက်ပေါ့။ (ကိုဇာနည်မောင့် မဟေသီလောင်း က တော့ ကြည့်နေတယ်နော်)
ငြိမ်းချမ်းကြပါစေ
မိုးယံ
မွေးနေ့ရှင်ကို ဆုတောင်းပေးရင်း ပုဇွန်တွေဝါးသွားတယ်
တူမဖြစ်သူ နတ်သမီးလေးမွေးနေ့မှာတော့ ပုဇွန်ထက်ကြီးတဲ့ မိချောင်းကောင်လုံးကင် ပို့ပေးပါ့မယ်
၃၉နှစ်မြောက်မွေးနေ့မှသည် ကျန်းမာပျော်ရွှင်စွာနဲ့ စာများကို ရေးသားနိုင်ပါစေ။
စိတ်သွားတိုင်း ကိုယ်ပါ လိုရာ ဆန္ဒအားလုံးပြည့်ဝပါစေ။
အေင်မြင်မှုပန်းတိုင်ကို ရရှိနိုင်ပါစေ။
ရောက်လာတယ် နတ်သမီးရေ ဒါပေမယ့် South Africa Red Wine မပါတော့ တခြားဝိုင်တွေသောက်ရမှာ သိပ်ပြီး လျှာမလေးဖြစ်နေတယ် ............. :D ..... အခုလို မွေးနေ့လုပ်ပေးတဲ့အတွက်ကျေးဇူးပါ။ မွေးနေ့အတွက် ဆိုပြီး ၂၂.၇.၂၀၁၀ ( ကြာသာပတေးနေ့ ) က ကတ္တီပါ လမ်းခွဲနဲ့ လမ်းခွဲလိုက်တဲ့ အချစ်ဟောင်းက ဂျင်းဘောင်းဘီတထည်နဲ့ ပိုက်ဆံအိတ်တလုံးမွေးနေ့ လက်ဆောင်ပို့ပေးလိုက်တယ်ဆိုပြီးဖုန်းဆက်လာတယ် ။ ပြီးတော့ မွေးနေ့မှာ နယ်သာလန်က ဘေးမဲ့ပေးထားတဲ့ ဘဲကလေးတွေကို အစာသွားကျွေးတော့လည်းသူက ဖုန်းနဲ့လိုက်လာပြီးနှောက်ယှက်နေသေးတယ် ...... ဟူးးးးးးးးးးးးးးးးး ................... သူ့ကို့ သနားလို့ ကတ္တီပါ လမ်းခွဲနည်းနဲ့လမ်းခွဲပေးလိုက်မိပါတယ် ... အခုမှ ဘယ်လိုပြန်ခွါချရမှန်းမသိဖြစ်နေပြီ ........... :) ...... နောက်အခါတွေဆိုရင် http://pyichittharmaung.blogspot.com ကိုအလည်လာဖို့ဖိတ်ခေါ်ခဲ့ပါတယ် နတ်သမီးရေ .....
ဟင့်.. ဗိုက်ဆာတဲ့အချိန်ကိုရွေးပြီးလာဖတ်မိတာကိုက ကံဆိုးလွန်းပါတယ်လေ... :P
ခင်မင်တဲ့
နေ၀သန်
Blogspotမှာ Comment ပေးလို့ရတုန်းလေး အပြေးရောက်ခဲ့ပါတယ် ညီမရေ..။ စာတွေဝင်ဖတ် ဖြစ်ပေမယ့် Comment ပေးလို့မရဖြစ်နေတာလေ။
Comment ပေးလို့ရပြီမို့ လင့်ခ်လည်း ချိတ်ထားလိုက် ပြီ။ ကိုဇာနည်မောင် မွေးနေ့အတွက်ပါ ဆုမွန်ချွေသွား လိုက်ပါတယ်နော်။
ပျော်ရွှင်ချမ်းမြေ့ပါစေနော်..။
ခင်မင်စွာ..
မြသွေးနီ
Hi,
The pronunciation for "Mojito" cocktail is "Mo-He-To".
It is a Spanish word and "J" is pronounced as "H".
Just to correct the usage.
Thnx
မှန်ပါတယ်ရှင်...
ရေးတဲ့အချိန်မှာတော့ “မိုဂျီတို” လို့ရေးပြီး ဖတ်တဲ့အချိန်မှာ “မိုဟိတို” လို့ဖတ်ရပါတယ်...
Post a Comment