Thursday, July 8, 2010

အမှတ်တရတော့ ရှိနေပေးပါ

ပျော်မြူးတာ ခဏတာပါပဲ
စိုးထိတ် တိုးတိတ်ညတွေက ယောက်ယက်ခတ်...
အိပ်မှုန်စုံဝါးနဲ့ နမိတ်စုံတွေရနေလည်း
ထွေညတွေ အိပ်မက်တွေဝေလို့
လွမ်းချင်းလည်း လွမ်းဖို့ဝေး
ငါ့စိတ်ကူးတွေခပ်ဝေးဝေး...
အလွမ်းတွေလည်းမဆုံးပါဘူး
အနမ်းတွေလည်း....
ပန်းတွေ နွမ်းသွားရင်တောင်
နင်.....
ခြောက်ခြားရတဲ့ တရေးနိုးညတွေ
အေးစက်နေတဲ့ ချွေးစက်တွေနဲ့
နင်...ကြောက်ရွံ့မနေပါနဲ့
ဒီ...ညတွေမှာပဲ....
အစဉ်သာရွေ့နေရတဲ့အဖြစ်တွေက အိပ်မှုန်စုံဝါး....
တစိမ်းဆန်တာမဟုတ်ဘူး....
“သံယောဇဉ်” လွန်းတင်သည့်ကြိုးကို
ဖြတ်တောက်နိုင်ဖို့ ခွန်အားမရှိမှတော့
“အမှတ်တရ”နေ့တွေအတွက်
သမင်လည်ပြန် ခပ်ဖွဖွအလွမ်းတွေနဲ့
ငါ့ကို...
“အမှတ်တရ”တော့ ရှိနေပေးပါ...။

ရေးသူ။ ။ မင်းသိနိုး၊အချစ်မဲ့ဂီတာ၊အရုပ်ကလေး၊အနှိုင်းမဲ့၊နမ်းမဝ
အချိန်။ ။၁.၀၇.၂၀၁၀ ..နှုတ်ဆက်ပွဲ အမှတ်တရ
ကဗျာအမျိုးအစား။ ။လက်တန်းရေးကဗျာ

14 comments:

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

စုရေးဖြစ်တဲ့ကဗျာလေးပေါ့
မိုက်တယ် အားကျတယ်ဗျာ
ခပ်ဖွဖွအလွမ်းတွေတဲ့ ဖွဲ့ထားတာလေး ကြိုက်တယ်

ကိုဇော် said...

ကဗျာစုစုလေး....

ညလင်းအိမ် said...

ကဗျာလေးက ကောင်းတယ်ဗျာ ...

နွေဆူးလင်္ကာ said...

အလဲ့ ဂျီးတော် မြန်မာပြည်ပြန်လာတာ အမှတ်တရတွေ အများကြီး ကျန်ခဲ့တာပါလား။ ကောင်းတယ် ကောင်းတယ်။ မြန်မာပြည်ကို လွမ်းတဲ့ ကဗျာတွေ ထွက်လာဦးမှာပေါ့။

အရုပ်ကလေး said...

စကားလုံးတိုင်းရဲ့ အာနိသင်
ဘယ်ကိုမှ မယွင်းပဲ ... ဟောသည်ကဗျာစုရပ်မှာ မေးတင် ....
ကဗျာက ကဗျာလိုအငြိမ်မနေပဲ စီးဆင်းနေမှတော့
အသွေးသားက တောင့်တချက်တိုင်း ကဗျာတွေ သီးပွင့်ဦးမယ် ....။

idulize(အရုပ်ကလေး)

ချော(အစိမ်းရောင်လွင်ပြင်) said...

လက်တန်းကဗျာလေးပေမဲ့ တော်တော်ကောင်းတာပါဘဲ
ပါရမီရှင်တွေမို့ထင်ရဲ့..
ဖတ်တဲ့သူတောင် သတိရချင်စိတ်ပေါက်လာပြီ..

နတ်သမီးရေ အစ်မ ဘလော့ လင့်ပြောင်းသွားပြီ..
ပြန်ပြောင်းချိတ်ပေးနော်..
http://www.missgreenlady.com

အနမ်း said...

နတ်သမီးရဲ့ အမှတ်တရတွေပေါ့လေး))
ပိုစ့်တွေလာဖတ်သွားပီနော်။ အခြေအနေကိုသိတယ်ဟုတ် !

ရွှေရတုမှတ်တမ်း said...

လွမ်းစရာလေးတွေ...
ခုမှပဲ စာတွေစုဖတ်ရတယ် ငါ့တူမရေ့..

မြတ်မွန် said...

ကဗျာလေးကို ခံစားသွားပါတယ်..။
မမရေ..ပျော်ခဲ့မှာပေါ့နော်..။

သဒ္ဓါလှိုင်း said...

ခွဲခွါခဲ့ရတော့လည်းအလွမ်းတွေအဖြစ်ကျန်ခဲ့တယ်နော်..။
လက်တမ်းစပ်ဆိုတဲ့ကဗျာလေးကလည်းအလွမ်း
တွေအပြည့်နဲ့..။

ခင်တဲ့
သဒ္ဓါ

သက်တန့်ချို said...

ပြန်လာတာ ကဗျာလေးနဲ့ပေါ့ နောက်တစ်ခေါက်တော့လာတွေ့ဖြစ်အောင်တွေ့ပါ့မယ် စိတ်ချ ဟီး ကဗျာလေးခံစားသွားပါတယ် နတ်သမီးရေး)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နတ်သမီးလေး ရေ..

ကဗျာလေးကို ဖတ်ရှု့ခံစားသွားပါတယ်။

ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ..

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

sosegado said...

ကဗျာကိုခံစားသွားပါသည်၊ အမှတ်တရတော့ရှိနေမှာပါ။

ဏီလင်းညို said...

နတ်သာမီးရေ....

ကိုဏီရောက်လာပြီး.....ကဗျာလေးဖတ်သွားပါတယ်.....။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .