Tuesday, May 18, 2010

လက်ထပ်ခွင့်

ချစ်ခြင်းတရားရဲ့ နောက်ကွယ်မှာ.......

ယောက်ျားတွေဟာ သူတို့ရဲ့ချစ်သူအတွက်
ဘဝတခုလုံးကို ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ တပြိုက်နက်
ချစ်သူဆီက “လက်ထပ်ခွင့်” ကို တောင်းခံကြတယ်..။

မိန်းမတွေကျပြန်တော့ သူတို့ရဲ့ချစ်သူအပေါ်မှာ
သံသယကင်းတဲ့ ယုံကြည်မှုတခုကို ရလိုက်တာနဲ့
သူတို့ချစ်သူရဲ့ “လက်ထပ်ခွင့်” ကို ခေါင်းညိတ်ပြီး လက်ခံလိုက်ကြတာပါပဲ..။
တကယ်တော့ “လက်ထပ်ခြင်း” ဆိုတာ.........
“ဘဝတခုလုံး”နဲ့ “သံသယကင်းတဲ့ ယုံကြည်မှု”
လဲလှယ်ခြင်းပဲဖြစ်ပါတယ်...။

20 comments:

သဒ္ဓါလှိုင်း said...

ဘယ်လိုပဲဖြစ်ဖြစ်လက်ထပ်စာချုပ်လေးကအရမ်းလှတယ်။

ခင်တဲ့
သဒ္ဓါ

အနှိုင်းမဲ့ said...

အမယ်... မကြာမီလာတော့မယ်ထင်တယ်။
အဲဒါကြောင့် Intro ၀င်ထားတာမလား..ဟင်းဟင်း
တိနေတယ်နော်..တိနေတယ်.... အပျိုကြီးတော့..ဟွန်း... :P

မိုးငွေ့...... said...

အန်တီနတ်သမီး ရေးတဲ့ပို့စ်ထဲမှာ အတိုဆုံးတဲ့ အဓိပ္ပါယ်အလေးနက်ဆုံး ပို့စ်လေးတစ်ခုပါပဲ...။ အဲဒီလို သတ္တိမျိုးရှိတဲ့ မိန်းမတိုင်းကို ချီးကျူးပါတယ်..ဘာလို့လဲ ဆိုတော့ သူတို့ဟာ အနာဂတ်ရဲ့မိခင်လောင်းဖြစ်လာကြမှာလေ။

ချစ်တဲ့
မီးမီး

ကိုဇော် said...

အမှန်ပေါ့ ညီမရယ်။

ရယ်စရာလေး တစ်ခုတော့ ကြားဖူးတယ်။
ယောက်ျားများသည် မိန်းမလိုချင်၍ မင်္ဂလာဆောင်ပြီး
မိန်းမများသည် မင်္ဂလာဆောင်ချင်၍ ယောက်ျားယူသည် ...တဲ့.။ အကို ပြောတာ ဟုတ်ဝူးနော်...ဟီး။

နတ်ဆိုးလေး said...

အရမ်းမိုက်တယ်.. ဆက်ပြီး အားပေးပါ့မယ်
အချိန်ရမှ follow လိုက်ပါ့မယ် ခုတော့ မအားလို့ ဖတ်...ပြန်.....

ရွှေရတုမှတ်တမ်း said...

အဟင်း...မကြာမီလာတော့မယ်ထင်တယ်...
ဖိတ်စာတွေ..ကြိုပြနေပြီ...
ဒီလောက်လှတဲ့..ကိုယ့်တူမအပျိုကြီးဘဝက ကျွတ်တော့မယ်ထင်ပါရဲ့

Flower said...

ဟင်းဟင်း
တစ်ခုခုတော့ တစ်ခုခုဘဲနော်
ဘာလဲတော့မသိဘူး ထူးခြားတယ်..
အားကျအောင်လုပ်နေပြန်ပြီ.
တို့လဲ ဖိတ်စာရိုက်ထားပြီးပါပြီနော်
(သီလရှင်ဝတ်ပွဲဖိတ်စာ)

kiki said...

ဘယ်တော့ စားရမလည်းးး
ဘီဒူ နဲ့လည်းးးး ဟင်..
မြန်မြန်လေး လုပ်နော်.. အချိန်တွေ သိပ်မဆွဲ နေနဲ့ ..
ရေ မရှိ ၊ မီး မရှိ လည်း ဖြစ်တယ် ဟုတ်...
အချစ်သာ ရှိ .. အားလုံး ရှိ ၏ ....တဲ့ ..
ဘာရှိတာလဲ တော့ မသိ .. ဟိဟိ

mosquito said...

ညီမလေးရေ အမြဲရောက်တယ်.... မင်္ဂလာဆောင်ပြီးရင် စလုံးလာလယ်ဦးနော်.... :))

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ...... ဖိတ်စာလေး မြင်ပြီး ရင်တောင်ခုန်တယ်။း)
ပြန်လာမယ့် အချိန်နဲ့ ဒီလို အချိန်လေးကို မျှော်နေတယ်နော်။ နွယ့်အိမ်လေးကို အမြဲတမ်း လာကြည့်ပေးထားလို့ ကျေးဇူးပါ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ပွဲနီးရင်လက်တို့နော် အစ်မ တားမှာ ပွဲတိုးမယ့် ကုတ် လေးဘာလေးရှာဖို့အချိန်လိုတယ် တိုက်ပုံနဲ့ပုဆိုးဝယ်ရအုံး မယ်ဗျး)

SHWE ZIN U said...

အလှကြိုက်တဲ့ ညီမ

အချစ်လှလှ လက်ထပ်ခြင်းလှလှ ဘဝလှလှ လေးတွေ နဲ့သာ ကြုံတွေ့နိုင်ပါစေလို့

ခင်တဲ့
မမရွှေစင်

သက်တန့်ချို said...

အဆူအဆလေးကိုထောက်ခံ၏ ။

sosegado said...

လက်ထပ်ခွင့် မပိုင်တဲ့၊ လက်ထပ်ခြင်းကို ခေါင်းငြိမ့်လိုက်ရတဲ့ သူတွေလည်းရှိပါတယ်၊
ဘဝတစ်ခုလုံးကို ဘာနှင့် လဲလိုက်သလဲ မသိလိုက်ကြပါဘူး၊ သူတို့အတွက်ကတော့ လက်ထပ်ခြင်းဟာ အတူနေခြင်းနဲ့ ကာမပိုင်ဆိုင်ခြင်းပဲဖြစ်ပါတယ်၊ တကယ်လို့ ချစ်သူကလက်ထပ်ခွင့်တောင်း လက်ထပ်ခြင်းဖြစ်မြောက်လာရင်တော့ ကံကောင်းတဲ့ သူတွေပါပဲ။ ဒါကြောင့်လည်း ချစ်သူတိုင်းလည်း ညားကြပါစေ၊ ညားသူတိုင်းလည်း ချစ်ကြပါစေ …ရှိလာတယ်မဟုတ်လား….

လေပြေ said...

နတ်သမီးလေးဆီကိုခုမှရောက်လာရတယ်...။
လက်ထပ်ခွင့်လေးဖတ်သွားတယ်.....
နတ်သမီးလေးထင်ထားတဲ့လက်ထပ်ခွင့်ကိုလည်း
အပြည့်အ၀ထောက်ခံသွားပါတယ်ခင်ဗျာ...။

မြစ်ကျိုးအင်း said...

လေးလေးနက်နက် အတွေးအခေါ်ပါပဲ
ယုံကြည်မှု ရှိဖို့ သိပ်အရေးကြီးပါတယ်။
အနာဂါတ် ခရီးလမ်းအတွက် ယုံကြည်မှုက
လူနှစ်ယောက်လုံးအတွက် လက်နက်ကောင်း ပါပဲ။

ဏီလင်းညို said...

နတ်သာမီးရေ......
ဘယ်လိုလည်း...... ကိုဏီတို့ စားရဖို့နီးပြီထင်ပါရဲ့လေ....း))
ဖိတ်ဦးနော်..... မင်္ဂလာချောင်ရင်.......။
ကိုဏီ့အတွက် ဂါဝန်တစ်ထည်ချုပ်ထားပေး....
မင်္ဂလာပွဲတက်ဖို့......
ဒါဘာဗြဲ...........း))
(ရေးထားတာလေး..... အဓိပ္ပာယ်ကောင်းပါဗျား.....)

ခင်မင်တဲ့
ဏီလင်းညို

သကျသွေး said...

သံသယကင်းစွာ စောင့်မျှော်နေပါကြောင်း.........။
လာလည်ဖို့ပျော်တာပါ။ ပျော်ရွှင်ပါစေ

သိင်္ဂါကျော် said...

ဖိတ်စာလေးက လှလိုက်တာ.. ခရမ်းရောင်လေးဆိုတော့ ဆန်းနေတယ်..

မကြည့်ရသေးတဲ့ ပုံတွေအများကြီး ခုမှပဲ လာကြည့်ဖြစ်တယ်.. :)

ခိုင်နုငယ် said...

"လက်ထပ်ခွင့်"
ပိုစ့်လေးလာဖတ်သွားပါတယ်။
link ပါချိတ်သွားတယ်နှော်အမ
ခွင့်ပြုပါ။ ပျော်ရွှင်ပါစေ

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .