Monday, May 3, 2010

လရိပ်ချို

<>

မီးအိမ်ရှင် ပျိုးခဲ့တဲ့အလင်းပြတိုက်မှာ
ညကမ္ဘာဟာ လမသာပေမဲ့လှလို့ နေခဲ့တယ်
့ကြင်နာခြင်းစိမ်းစိုမှုအရောင်က
မမှောင်သောအလင်းလိုပေါ့ ...
တိုက်ခတ်သမျှလေဟာနယ်မှာ
ဖူးရစ်စပွင့်ဖတ်လေးတွေက
သွယ်လျလျနဲ့ 
အနုအလှ ဆိုတာတွေကလည်း
ဥပက္ခာ ပြုရက်စရာမရှိလေတော့
သူ့ ကဗျာတွေကဘဲ
ကျမနှလုံးသားကိုသိမ်းပိုက်ခဲ့လေသလား . . .

19 comments:

မိုးစက်အိမ် said...

မမှောင်သောအလင်းလိုပေါ့ အဲအသုံးအနှုန်း
ကြိုက်တယ်ဗျာ ကဗျာလှလှလေးတစ်ပုဒ်
ပါဘဲဗျာ ပျော်ရွှင်ချမ်းမြေ့ ပါစေ . . .

Flower said...

ပန်းကလေးတွေက လှလိုက်တာ
ဘာပန်းများပါလိမ့်
လူကလေးကလဲ လှ၊ ပန်းကလေးတွေကလဲလှ
အလှချင်းပြိုင်တော့ ဘယ်သူကနိုင်မယ် မပြောတတ်
ဘာဘဲဖြစ်ဖြစ် လှတယ်..
ကဗျာလေးကလဲ ချိုတယ်..
ဒါပါဘဲ

အဖြူရောင်နတ်သမီး said...

ဆိုက်ပရပ်စ်နိုင်ငံမှာရှိတဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့ချစ်သူတွေရဲ့ရှေ့မှာ အဲဒီပန်းကလေးတွေရဲ့ပွင့်ဖတ်တခုချင်းစီကို “he love me”..“he don't love me”..ဟု နှုတ်မှရွတ်ဆိုပြီး ခြွေကာ နောက်ဆုံးပွင့်ဖတ်ရဲ့
ကျရောက်လာမည့်အဖြေကို ရယူရင်း ချစ်သူတို့ကျီစယ်ကစားလေ့ရှိသော..
“မာဂရိတာ”ဟုခေါ်သည့် အချစ်ပန်းကလေးများပဲဖြစ်ပါတယ် မချောရေ...။

kiki said...

နောက်ဆုံး ကျန် နေ တဲ့ ပွင့် ဖတ် က ဘာ တဲ့လည်း...
ပိုးကောင် ကိုက်ထား လို့  တစ်ဝက် ပဲ ကျန်နေရင် ရော .. ဘီလို လုပ်ကြမလည်း ....း))

အနှိုင်းမဲ့ said...

ကဗျာလေးကောင်းတယ်..ငါ့အမရေ

ဝက်ဝံလေး said...

ပေါက်ပေါက်နဲ့ရှာရှာ မကိနော် ဘာာာာာ ပိုးကောင်ကိုက်တာလဲ မနမ်း ပြောလိုက်လေ ပြောလိုက် အဖြေက ဘာရလဲလို့ ဟိ
မမနတ်သမီးး မီးးး လည်လည်ရောက်ရယ်နော် သိရားးးးးးးးးး
ကဗျာကို ရင်ဘတ်နဲ့ဖတ်သွားတယ်နော်

ဇာနည်မောင် said...

နေ့တိုင်းနီးပါးရောက်ပါတယ် နတ်သမီးရေ ဒါပေမယ့် စီဘောက်မရှိတော့ မန်းလာမပေးခဲ့ဘူးလေ။ အဆင်ပြေတဲ့ အခါစီဘောက်ပြန်ထားစေချင်တယ် password နဲ့ စီဘောက်ကိုပြန်ဝင်ကြည့်လို့ရအောင် စီဘောက် password ပါလုပ်ထားပေါ့ ရိုင်း ရိုင်းစိုင်းစိုင်း လာရေးတဲ့ သူတွေကို လနဲ့နှစ်နဲ့ချီပြီး ဒါမှမဟုတ် forever ban ပြစ်လို့လည်းရအောင်လို့ပေါ့။
ဘုရားဖြစ်နေတာတောင်မှအနှောက်အယှက်အနည်းနဲ့အများရှိနေသေးတယ်ဆိုရင်တော့ သာမန်လူသားတွေအ တွက်ကတော့သိပ်ပြောစရာမလိုတော့ဘူးလေ နတ်သမီး ... ဒါပေမယ့် အောင်ပွဲဆိုတာ တိုက်ရဲ့သူတွေ အတွက်ပဲဖြစ်တယ်ဆိုတဲ့ ထုံးကိုနှလုံးမူပြီး ကိုယ်မှန်တယ် ထင်တာကိုရဲရဲဆက်လုပ်ဖို့ အကြံပေးခဲ့ ပါတယ် နတ်သမီးရေ ........

အဖြူရောင်နတ်သမီး said...

အာ..မကိ ကလည်း...
ပန်းပွင့်ကို ပိုးကောင်ကိုက်တယ်ဆိုကတည်းက
အချစ်ချိုချိုတွေနဲ့ပြည့်နှက်နေတဲ့ ပွင့်ဖတ်မို့လို့ပေါ့...
အဲဒီပွင့်ဖတ်ကို လာကိုက်သွားတဲ့ ပိုးကောင်လေးရဲ့သွားတွေလည်း ပိုးစားမှာသေခြာတယ်..

နော်.....ဝက်ဝံလေးရယ်...
အဟတ်...

မိုးငွေ့...... said...

တစ်ပုဒ်လုံးကောင်းတယ် နတ်သမီးရေ...
အမကတော့ ကဗျာလှလှလေးတစ်ပုဒ်ရေးတတ်ချင်လိုက်တာ...
ကြိုးစားလိုက်ဦးမယ်...။


ခင်မင်စွာဖြင့်
မိုးငွေ့

~ဏီလင်းညို~ said...

နတ်သမီးရေ........
ကိုဏီကဗျာလာဖတ်တယ်........။

ကဗျာကောင်းလေးဖတ်ရလို့ရော.......
တစ်ခါမှ မကြားဖူးတဲ့ ပန်းပွင့်လေးတွေအကြောင်းရော သိလိုက်ရလို့ ကျေးဇူးဗျာ.........။

(ခုမှရောက်တာ....ခွေးလွှတ်စ်....။ ခုတစ်လော အရှုပ်တွေလုပ်နေရလို့........း))

ခင်မင်တဲ့
ဏီလင်းညို

SHWE ZIN U said...

နတ်သမီး ကဗျာလေး လာဖတ်ရင်း နဲ့ စာကြွေးတွေ ရှင်းသွားတယ်နော်

ခင်တဲ့
ရွှေစင်

ကိုဇော် said...

ဂွတ်. . .
နှလုံးသားတောင်မှ သိမ်းသွားသတဲ့လား . . .
ဒီတစ်ခါ အစ်ကို တွေ့မှ ပြန်တောင်းပေးမယ်နော်။
တော်တော်ဆိုးတဲ့ ကောင်လေးပဲ။

ညလင်းအိမ် said...

ကဗျာတွေကတော့ ပိုပိုမိုက်လာတယ် ...
နုရွလိုက်တာလည်း လွန်ပါရောဗျာ ...

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ

ကဗျာလေးကလဲ မိုက်တယ်...

ပန်းဝါဝါလေးတွေကလဲ လှတယ်...

ပန်းပွင့် ဖြူဖြူကြီးကတော့ အလှဆုံးပဲ

ထင်းနေတာပဲ....

မမဓါတ်ပုံတွေ ပြန်တင်တာ မြင်ရတော့ မမကို ပြန်မြင်ခွင့်ရပြီဆိုပြီးတော့ ဝမ်းသာမိပါတယ်.....

what is good things said...

အနုအလှဆိုတာတွေကလည်း
ဥပက္ခာပြုရက်စရာမရှိတော့
ဆိုတာလေး လန်းတယ် နတ်သမီးရေ..။ ကဗျာလေးး ခံစား သွားပါတယ်။

ဝက်ကတော့ ဖွားကိကိုမနိုင်တာနဲ့ ကျုပ်ကိုစစ်ကူတောင်းပီ။ ဟွင်းးး ကျောချင်ဝူးး

Khinmarlaraung said...

နတ်သမီးတဲ့...လူကောနံမည်လေးကော လှလွန်းတယ်။
ယဉ်တယ်။ :)...ကဗျာလေးကလဲ ခံစားချက်တွေ အပြည့်။
:)...ကြိုက်တယ်။ "မာဂရိတာ" ပန်းလေးအကြောင်း
ဗဟုသုတ ယူသွားတယ်နော်။ :)

Anonymous said...

ကြက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါပေတယ်နော်
www.hlayamin.com

သဒ္ဓါလှိုင်း said...

မနတ်သမီးရေ..
ပျောက်နေတာခွင့်လွှတ်....။
ကဗျာလေးကိုခံစားသွားတယ်..။ လူရော၊ကဗျာလေး
ရော လှလွန်းလို့.......
ခင်တဲ့
သဒ္ဓါ

ရိုးမ အရိုင်းပန်း said...

very sweat.... u also beautiful than ever, ma ma angel.
And I love yellow flowers too !!!!

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .