Sunday, April 11, 2010

အိမ်မက်ကဗျာ


တိမ်လွှာမျဉ်းကောက်က
ကဗျာကိုအလွမ်းလိုတောက်တတ်တဲ့
အိုဘယ့်  နတ်သမီး . . .
ကဗျာတစ်ပုဒ်ကို သီချင်းလိုလုပ်
ခံစားချက် သံစဉ်ကြားမှာ ကြိုးခတ်အညှို
မှေးစက်လွင့်မျော နက္ခတ်တို့ မြူးချိန်
အိပ်ဖန်စောင့် ချစ်သူမင်းသားက
လရိပ်ချိုတေးအချော့နဲ့  မှေးလျော့သွားစဉ် . . .

စင်ဒရဲလားဝင်စား နတ်သမီးတပါး
ညမင်းသားနဲ့  ကဗျာတွေကြား
ကကြိုးတွေထပ် ညသန်းခေါင်ကိုကျော်ဖြတ်လို့ 
သံစဉ်ကရပ် ကကြိုးအပြတ်မှာ
မရပ်ခဲ့တဲ့ (ငါ့) နှလုံးသားရင်ခုန်သံစည်းချက်
ပန်းမွေ့ ရာထက် ပျောင်းအိ ညွှတ်တွဲ
ဒီအချစ်စီရင်ပွဲမှာ
ငါ့နံနက်ခင်းတိုင်း နူးညံ့စွာမိုးလင်းခဲ့တယ် . . .

28 comments:

မိုးစက်အိမ် said...

အိပ်ဖန်စောင့်ချစ်သူမင်းသား လရိပ်ချိုတေးအချော့နဲ့ 
ပန်းမွေ့ ရာထက် ပျောင်းအိညွှတ်တွဲ ဒီအချစ်စီရင်ပွဲမှာ
နံနက်ခင်းတိုင်း နူးညံ့စွာမိုးလင်းခဲ့တယ် . . .
အရမ်းကိုနူးညံ့ပြီး နှစ်သက်သဘောကျမိတယ်
အဲ အစ်ကိုကိုလည်း အားကျမိပါရဲ့ ဗျာ :)
အားပေးလျက်ပါဗျာ ဒါနဲ့ မရစဖူး တစ် လားမသိဘူး
ဟီးးးးးးးးးးးးးးးး

ဝေလင်း said...

အစ်မကဗျာလေးတွေပိုကောင်းလာတယ်။
ပိုပြီး ခံစားချက်တွေပါလာသလို၊ ပိုပြီး ပုံဖော်နိုင်လာသလိုပဲ...
PS ရေလောင်းလိုက်သည်.. ဗွမ်း.. ဗွမ်း
ဟေးးးးးးးးးးးးးးးးးးးးး

ဏီလင်းညို said...

နတ်သာမီးရေ.......
ကဗျာလေးက...... မိုက်မှ....မိုက်.......စ်......။
ချစ်သောသူများ အဆင်ပြေချောမွေ့ကြပါစေ......။
မင်္ဂလာနှစ်သစ်လည်း.... ဖြစ်ပါစေကြောင်းးးးးးးးးးး
(သင်္ကြန်အမှီ သူကလည်း..... ဓာတ်ပုံလေးနဲ့ ရှိုးထုတ်တယ်ပေါ့လေ........း))
ခင်မင်တဲ့
ဏီလင်းညို

ဧပရယ်လ်ပူး@ပူးတေ said...

နတ်သမီး ရေ...
ပုံလေးက လှမှလှ...
ပူးတေက 23 ပါ....
ကျေးဇူး

ကိုဇော် said...

ညီမရေ. . . . . .

“ ဗွမ်း. . ”

ရှင် ဆိုပြီး လှည့် အကြည့်မှာ ရေလောင်းလိုက်တယ်. . .ဟဲဟဲ. . .

ခံစားချက် အပြည့်နဲ့ ကဗျာလေးပါပဲ. . .
ကဗျာလေးက သူနဲ့သာ ဆိုရင် ဆိုပြီး ခံစားမိသွားတယ် ညီမရေ.. . . .
လွမ်းမိသလိုလိုတောင်မှ ဖြစ်သွားပြီ. . .

ပျော်ရွှင်ပါစေ
ကိုဇော်

rose of sharon said...

လက်စသတ်တော့ အဖြူရောင်နတ်သမီးက စင်ဒရဲလားဝင်စားတာကိုး...

ဒဏ္ဍာရီ said...

သင်္ကြန်ရေလာလောင်းရင်း ကဗျာလေးကို ခံစားသွားတယ် နမ်းရေ.......
စင်ဒရဲ့လားလေးကို မျက်စိထဲမြင်သွားတယ်။း)

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

နတ်သာမီးကို ရေလာလောင်တယ်ဟေးးးးးးးးးးး
ကိုင်း......... လာလေရော့ဟ.........
ဗွမ်းးးးးးးး......... ဗွမ်းးးးးးးးးး....... ဗွမ်းးးးးးးးးးးးး

ကဲ... ကိုဏီ့ကိုတော့ ခွက်စောင်းမခုတ်နဲ့.....အဟေးးးးး

နှစ်သစ်မှာ အစစ အဆင်ပြေစိတ်ချမ်းသာပါစေဗျား.......
ခင်မင်တဲ့
ဏီလင်းညို

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

မနက်ဖန်ဆို သင်္ကြန်ကျပြီမို့... ရွှဲရွှဲစိုအောင် လောင်းလိုက်မယ်... ရွှဲရွှဲစို အေးမြ စေသတည်း။ :) :).....

ကဗျာလေးကို လာရောက်ခံစား ဖတ်ရှု့ရင်း နှစ်သစ်မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ် နတ်သမီးလေးရေ...

ခင်မင်စွာဖြင့်
ကိုမျိုး

အင်ကြင်းသန့် said...

မမနတ်သမီးရေ...

အလည်လာရင်း...ကဗျာဖတ်ရင်း...ရေပါပြန်လောင်းသွားတယ်နော်...ဗွမ်းးးးးးးးးး...စိုစိုရွှဲသွားလို့ စိတ်ဆိုးနဲ့နော်...နတ်သမီးဆိုတာ စိတ်ဆိုးရဘူး :))))


ခင်မင်စွာဖြင့်
အင်ကြင်း

PhyoPhyo said...

နတ်သမီးရေ ဗွမ်း ဗွမ်း ဘွမ် ...
Happy Thingyan !

မြတ်မွန် said...

ဗြွတ် ဗြွတ်..စတီးပြွတ်နဲ့ ပြွတ်သွားတယ် မမကို..ချိတ်ဆိုးရဘူးနော်..။
ရေလောင်းပြီးပြီး။
ကဗျာလေး ဖတ်ပြီးပြီး။
မမပိုလှလာတယ်။
ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးတယ် မမရေ..။

အဖြူရောင်နတ်သမီး said...

အဲ...ပြွတ် တယ်တော့...
အာ..ယောင်လို့....
ပက်တယ်တော့....
းးး))))

ရွှေရတုမှတ်တမ်း said...

ဘကျောက်ကတော့ သပြေခက်နဲ့ ရေပက်သွားတယ်..
နှစ်ဦးမှာရွှင်မြူးပါစေ....

ဒဏ္ဍာရီ said...

မြန်မာ့ရိုးရာ သင်္ကြန်လေးအတိုင်း နမ်းကို ရေလောင်းသွားတယ်နော်...း))

sosegado said...

ကဗျာလေးက ကောင်းတယ်
ဒီဓာတ်ပုံက အချော ဆုံးပဲ
အကြိုနေ့ လာလည်သွားပါတယ်၊
နှစ်ကူး အတာမှာ စိတ်ရော ကိုယ်ပါ ရွှင်လန်းချမ်းမြေ့ပါစေ

ဧပရယ်လ်ပူး@ပူးတေ said...

နတ်သမီးရေ...

ဒီနေ့ သင်္ကြန်အကြိုနေ့မို့ ရေလာပက်သွားပါတယ်နော်.... ရေခဲရေနဲ့ ရေမွှေးလေးတောင်ပါသေး .... ၁ ဖလားလုံးပက်သွားတာ....
ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကူးကို ပိုင်ဆိုင်နိုင်ပါစေနော်...

ခင်တဲ့
ပူးတေ

သူ့ကိုရေပက်ရတာ ပူးတေတောင် ချမ်းတယ်... :)

kiki said...

အိပ်မက်နေတုံးလား ..
သင်္ကြန်ကျပြီ ..ထတော့ ..ထတော့ ..
ခွက်စောင်းခုတ်မလို့  စောင့်နေတာ ...
အဖြူရောင် နတ်သမီး ဆိုတော့ ၊ အိုးမဲပါ အဆစ်သုတ်တယ် ကွာ ..
လာလေရော့ .. ဗွမ်းး

ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာပါ ....

ခင်မင်စွာဖြင့် ..
မကိ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နတ်သမီးလေး ရေ..

သင်္ကြန်မှာ ရေလာလောင်းပါတယ်။ ရေခဲရေအေးအေး နဲ့ လောင်းလိုက်မယ်... ချမ်းချမ်းတုန် အေးမြပါစေ ဗျား.... :) :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

အနမ်း said...

ကဗျာလေးဖတ်ရင်း ရေလာပက်တယ်((((((((ဗွမ်းးးးး))))))
နှစ်သစ်မှာ အေးချမ်းပါစေ။

khun thadar said...

ခွန်လည်း ရေလာပြန်လောင်းတာပါ မရေ...

နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့ပါစေနော်...

ကဗျာတွေလည်းဖတ်သွားပါတယ်။

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

လေပြေသွေး said...

မင်္ဂလာပါဗျာ။ ခင်မင်ရင်းနှီးစွာနဲ့ ကဗျာတွေလာဖတ်သွားပါတယ်။

sosegado said...

ဘွမ်း ပက်ပြီ အိပ်နေတုန်း ရေခဲရေနှင့် ပက်တာ၊ ကဲ စိတ်မဆိုးနဲ့၊

ဂျေဂျူဝိုင် said...

ကဗျာ အဆုံးသတ်လေးကို ကြိုက်တယ်

An Asian Tour Operator said...

ရေလာလောင်းပါတယ်။ သင်္ကြန်ရေနဲ့ပျော်ရွှင်ပါစေ။

((((Splash))))
Rejoice with Thingyan Water

AATO

Angel Shaper said...

ဓါတ်ပုံကြည့်ရင်း ကဗျာဖတ်သွားပါတယ်.....:)

ညလင်းအိမ် said...

ခုမှာပဲ လာဖြစ်တယ် အစ်မရေ ..
ရေလည်းမလောင်းလိုက်ရဘူး ...
အစ်မ ကဗျာတွေ ပိုကောင်းလာတယ်နော် ...

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ ...

မိုးငွေ့...... said...

ကဗျာလေးအရမ်းကောင်းတယ်
နတ်သမီး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ..
မိုးစက်အိမ်ကတော့ တစ်ရတယ် မိုးငွေ့လဲ တစ်ပါပဲ ဒါပေမယ့် သုံးဆယ်တစ်...း)

ခင်မင်စွာဖြင့်
မိုးငွေ့

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .