
ဆိုပြီး...ကျမရဲ့မွေးနေ့မှာ နတ်သမီးအင်္ကျီလေးနဲ့ ကဗျာလေးကို လက်ဆောင်ပေးခဲ့ဖူးတဲ့
သူငယ်ချင်း မမိုးရဲ့ (17.03.2010 )မှာ ကျရောက်မဲ့ မွေးနေ့ပွဲလေးကို ရောက်လာခဲ့ပါပြီ...။
မမိုးရဲ့မွေးနေ့အမှီ မြန်မာပြည်ကို ပြန်ဖို့စီစဉ်ထားခဲ့ပေမယ့် ဆိုက်ပရပ်စ်နိုင်ငံကိုပြန်ဝင်ခွင့် Visa အခက်အခဲကြောင့် မြန်မာပြည်မှာကျင်းပမယ့် မမိုးရဲ့မွေးနေ့ပွဲလေးကို မတက်ရောက်နိုင်ခဲ့ပေမယ့် ချစ်သူငယ်ချင်းလေး မမိုးအတွက် ဒီနေရာကနေပဲ မွေးနေ့ပွဲလေးကျင်းပပေးလိုက်တယ်နော်...
Happy Birthday ပါ....မမိုး..ရေ...
ချစ်သူငယ်ချင်းလေး မမိုးအတွက် ကျမနှစ်သက်တဲ့ “ပန်းရောင်”ကိုရွေးပြီး
“ပန်းရောင်မွေးနေ့ပွဲလေး”ကို စီစဉ်ထားပါတယ်...
တည်ခင်းဧည့်ခံမယ့် အစားအသောက်များကိုလည်း အတတ်နိုင်ဆုံး ပန်းရောင်လေးများဖြစ်အောင်စီစဉ်ထားပါတယ်..(ဆိုးဆေးလုံးဝမပါပါ).။







အထူးအစီအစဉ်အနေနဲ မမိုးရဲ့ပန်းရောင်မွေးနေ့ပွဲလေးကို တက်ရောက်လာသူများ
ထဲမှပန်းရောင်ပါဝင်သော အဝတ်တန်ဆာ ဝတ်ဆင်ထားသူများကို အမှတ်တရ
“ပန်းရောင် လက်ဆောင်” ချီးမြှင့်ပေးမှာဖြစ်ပါတယ်..။ပန်းရောင်အဝတ်အစားဝတ်လာသူများ
အနေဖြင့် အိမ်အပြန်လက်ဆောင်“ပန်းရောင် လက်ဆောင်လက်ဆောင်”လေးများကို ယူသွားကြ
ပါရန်နှင့် တည်ခင်းထားသော စားသောက်ဖွယ်ရာများကို တပျော်တပါး စားသောက်ရင်း
မမိုး(မိုးငွေ့)ရဲ့ မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ဆင်နွှဲကြပါစို့...



ပန်းရောင်ဝတ်စုံ ဝတ်ဆင်လာသူများအတွက်..အိမ်အပြန်လက်ဆောင်
19 comments:
မွေးနေ့မှာပျော်ရွှင်ပါစေ.....မမီးရေ
နတ်သမီးတည်ခင်းကျွေးတဲ့ မုန့်တွေကိုလဲ အားရပါးရစားသွားပါတယ်...
မွေးနေ့ရှင်ကတော့ ဘလောက်ထဲမှာပဲကျွေးမှာတဲ့
အမနမ်းမ၀ရေ...။ အပြင်မှာ ကျွေးဘူးတဲ့ဗျ.:(
ံHappy Birthday ပါ မမိုးငွေ့ရေ..
နတ်သမီးကိုလဲ အမြဲသတိရနေပါတယ်....
ရောက်ပါတယ်.. နှုတ်ဆက်ဖို့ အချိန်မရလို့ပါနော်..
မွေးနေ့ရှင်ရော ဘလော့ပိုင်ရှင်ပါ ပျော်ရွှင်ချမ်ူမြေ့သာယာရှိပါစေလို့
ခင်မင်စွာဖြင့်
ချစ်ညီမ
ပူးတေ
Happy Hirthday နော်
နတ်သမီးရဲ့ သူငယ်ချင်းဆိုတော့ မသိပေမဲ့
မွေးနေ့ပွဲကိုရောက်လာပါတယ်..
ပျော်ရွှင်စရာ ပန်းရောင်သန်းတဲ့
မွေးနေ့ညချမ်းဖြစ်ပါစေနော်..
နောင် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်သာယာတဲ့ ဘ၀လေးကို ပိုင်ဆိုင်ပါစေ..
Happy Birthday ပါ မမိုးငွေ့.....
ပျော်ပျော်ပါးပါး စားကြမယ်ဗျို့.....
ကျနော်က ပန်းရောင် လက်ပတ်နာရီလေး မွေးနေ့ လက်ဆောင်ပေးတယ်ဗျာ..........
နောက်ပြီး ခေါင်းစည်းဖဲကြိုးပန်းရောင်တွေ....
မမိုးငွေ့ကိုပဲ ပေးလို့ မဖြစ်သေးဘူးဗျို့......
အဖြူရောင်ဆိုတဲ့ ကောင်မလေးကလည်း စိတ်ကောက်နေဦးမယ်....
သူကလည်း ညီမလေး မဟုတ်လား..........
သူ့အတွက်က.......အဖြူစွတ်စွတ် နာရီလေး....
မွေးနေ့ပွဲ စပြီဟေ့.........
စားမယ်...စားမယ်....
ပျော်ရွှင်ကြပါစေ
ကိုဇော်
( မနေ့က ညီမကို Tag မလို့ ညီမက စိတ်မကောင်း ဖြစ်နေသေးလို့ ချန်ထားခဲ့တာ နောက်တစ်ခါ ဆိုရင်တော့ ရေးနော်။ )
မိုးရေ... မိုးရေ... ဟတ်ပီးဘသ်ဒေး ပါမိုးရေ... ပန်းရောင် လေးတွေ လှလိုက်တာ ကြိုက်မှကြိုက်...
=-------------------=
HappY BirthdaY
=-------------------=
မနတ်သမီးလေးရဲ့ အချစ်ဆုံးတူနယ်ဂျင်း မမိုးငွေ့ မွေးနေ့မှစသည့် မနက်ဖြန်များစွာတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါ၏
==-------------------------------------------==
အပန်းရောင်လေးတွေနဲ့ တအားလှတယ်၊ ဆိုးဆေးမပါဘူးဆိုတော့ အဲ့ဒီမုန့်လေးကို စားချင်တယ် :)
ZaunG
သူငယ်ချင်းမွေးနေ့ပွဲကို ကျင်းပပေးတဲ့ စိတ်လှသူနတ်သမီးလေးကို..သာဓုခေါ်သွားပါတယ်ဗျာ
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ မမိုးငွေ့း))
အစ်မ မိုးငွေ့ မွေးနေ့လေးကို ဒီမှာ လာရောက်ဆုတောင်းပေးပါတယ် ...
အစ်မမိုးငွေ့ မွေးနေ့မှသည် ကျန်းမာပျော်ရွှင်ပါစေလို့ ...
အစ်မ နမ်းမ၀ ကျွန်တော်ကတော့ သူ့အတွက် ကဗျာ လက်ဆောင်လေးပေးထားတယ် ...
မမအဖြူရောင်လေးရဲ့ဖိတ်ကြားချက်အရ....
ပန်းနုရောင် ၀မ်းဆက်လေးတစ်စုံနဲ့ နှင်းဟေမာလို့ ခေါ်တဲ့ကောင်မလေးတစ်ယောက်လဲ ပျော်ရွှင်စွာ တတ်ရောက် ချီးမြှင့်ပေးခဲ့ပါတယ် ...း)
တည်ခင်းဧည့်ခံထားတဲ့ စားစရာများကို အားပါးတရ သုံးဆောင်ရင်း အမှတ်တရ ပန်းရောင် ပစ္စည်းလှလှလေးများကို ယူဆောင်သွားရင်း ပန်းနုရောင် မွေးနေ့ရှင် မမိုးငွေ့အတွက် .....
ယခုကျရောက်ခဲ့တဲ့ မွေးနေ့ရက်မြတ်မှအစပြု၍ တိုတောင်းလှတဲ့လူ့ဘ၀ခရီးတစ်ခုမှာ မွန်မြတ်သော ၊ အဓိပ္ပါယ်ရှိသော ၊ တန်ဖိုးမဖြတ်နိုင်သော ၊ ရှင်သန်မှုမျိုးဖြင့် လှပစွာရှင်သန်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများတောင်လိုက်ပါတယ်
ခင်မင်လေးစားလျှက်
နတ်သာမီးရေ....
မမိုးအိမ် ကိုဏီရောက်ခဲ့ပြီးပြီဗျ.......။
မမိုးကြီး........ ဟက်ပီးဘတ်သ်ဒေးဗျိုးးးးးးးးး
(နတ်သာမီးက အရမ်းတော်တယ်....။ မမိုးအတွက် မွေးနေ့ပွဲလုပ်ပေးတာ.......။ မမိုးကိုယ်စား...ဒီနေရာမှာ ပြောလိုက်ဦးမယ်......။ ကျေးဇူး........း))
ခင်မင်တဲ့
ဏီလင်းညို
နတ်သမီးမမရဲ့ သယ်ရင်းမွေးနေ့လာတက်သွားတယ်ဗျ
ချဉ်ပေါင်နှစ်စီးလက်ဆောင်ချန်သွားတယ်
မမိုးတစ်ယောက် လိုအင်ဆန္ဒအားလုံးပြည့်ဝပါစေဗျာ
ထာဝရပြုံးပျော်နိုင်ပါစေလို့ဆုမွန်တောင်းခဲ့ပါတယ်း)
အယ်.... ကျေးဇူးတင်လိုက်တာ နတ်သမီးရယ်..။
တကယ်ဝမ်းသာတယ်သိလား ..။ အမတို့တကယ်ဆို ရန်ကုန်မှာ အတူဆုံကြရမှာနော်...။ နတ်သမီးရဲ့ ပန်းရောင်မွေးနေ့လက်ဆောင်ကို အမဘလော့ဂ်မှာပြန်တင်မယ်နော်...။ ဆုတောင်းပေးကြတဲ့ သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်...။
ခင်မင်စွာဖြင့်
မိုးငွေ့
နမ်းရဲ့ စိတ်ကူးယဉ်ပြတိုက်ထဲက ပန်းရောင်မွေးနေ့ပါတီလေးကို ရောက်ခဲ့တယ်နော်။
Happy Birthday ပါ မမိုးငွေ့....
ခင်မင်လေးစားလျှက်
HAPPY BIRTHDAY ပါ...မမိုးရေ..
လာရောက်အားပေးကြသူ..မောင်နှမအားလုံးကို မမိုးကိုယ်စား အထူးပဲကျေးဇူးတင်ရှိပါကြောင်းနှင့်...
ဘလော့ဂါ မောင်နှမတွေရဲ့မွေးနေ့ပွဲများကို “စီစဉ်သူတစ်ယောက်”အဖြစ် ဆက်လက် တာဝန်ယူသွားမှာမို့ မွေးနေ့ရက်လေးများကို ကြိုတင်အကြောင်းကြားပေးပါရန် သတင်းကောင်းပါးရင်း...
ပန်းရောင် စားသောက်ဖွယ်ရာများကို ကြည့်ရင်း သွားရည်ကျနေပါသည်...းးး))))))
မွေးနေ့ရှင်ပျော်ရွှင်ပါစေ
မွေးနေ့ပွဲကျင်းပပေးတဲ့စိတ်ကူးလေးလည်း ကောင်းလွန်းတယ်။ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ် ခင်ခင် ဖြစ်စေတယ်။
ပန်းရောင်မုန့် လေးတွေကို သဘောကျပြီးပြန်သွားတယ်
အဲလို မွေးနေ့ ပွဲလေးလုပ်ချင်လိုက်တာ....
နတ်သမီးရဲ့သူငယ်ချင်း မမိုးရဲ့မွေးနေ့ပွဲကိုရောက်လာ တယ်နော်။ နောက်လာမယ့်နှစ်မှာ နတ်သမီးမွေးနေ့ မုန့် အဖြစ် Hot Ice Cream ကျွေးနော်။ အချိန်ရရင်သတိရ လို့နေ့တိုင်းနီးပါးပဲရောက်နေပါတယ် နတ်သမီးရေ
Post a Comment