'Nan! this is my present for you'...ဟုဆိုကာ ကျမ၏ လက်ကောက်ဝတ်တွင် သူမကိုယ်တိုင်ဝတ်ပေးနေသည့် ဘူဂေးရီးယားသူ (Bulgaria) ဝန်ထမ်းမလေးက ပေးသော “ကြိုးလက်ကောက်လေး” ကို ကျမကြည့်ရင်း လက်ဆောင်ပေးရခြင်း၏ အကြောင်းကို မေးဖြစ်ခဲ့သည်။
ဘူဂေးရီးယားနိုင်ငံ၏ နွေဦးပေါက်ကာလ၏ ပထမဦးဆုံးနေ့ဖြစ်သော (1st of March)နေ့သည် “Begining of spring day” ဖြစ်သည့်အတွက် ဘူဂေးရီးယား လူမျိုးများအတွက် “Very special day” ဟု ဆိုပါသည်။
ထိုနေ့တွင် ဘူဂေးရီးယား တနိုင်ငံလုံးမှ အမျိုးသားများသည် မိမိတို့၏ မျက်နှာများကို ဆေးရောင်ခြယ်ကာ တရိစ္ဆာန်ပုံသဏ္ဍာန်ချုပ်လုပ်ထားသည့် ဝတ်စုံများကို ဝတ်ဆင်၍ မြူးကြွသည့်တေးသီချင်းများဖြင့် လမ်းမများပေါ်တွင် ကခုန်ရင်းစီတန်းလှည့်လည်သည့် ပျော်ပွဲရွှင်ပွဲတရပ်ကို ရိုးရာဓလေ့ အရ နွေဦးကာလကို နှစ်စဉ်ကြိုဆိုလေ့ရှိသည်။
[Image]
ဘူဂေးရီးယားလူမျိုးများသည် March လ၏ ပထမဦးဆုံးနေ့ဖြစ်သော (1st of March)နေ့တွင် ကြိုးဖြင့်ပြုလုပ်ထားသော ဘူဂေးရီးယားနိုင်ငံ၏ ရိုးရာ ကြိုးလက်ကောက်လေးများကို အချင်းချင်းပေးကာ ကံကောင်းခြင်းလက်ဆောင်အဖြစ် ဝတ်ဆင်ကြသည်၊ ထိုနေ့ (1st of March) မှ စ၍ (31st of March)အတွင်း ဘူဂေးရီးယားနိုင်ငံမှ Lucky Bird ဟုခေါ်သော ငှက်တမျိုးကို မြင်တွေ့သော သူသည် လွန်စွာ ကံကောင်းသူဖြစ်ပြီး မိမိဝတ်ဆင်ထားသော ကြိုးလက်ကောက်လေးကို ချွတ်၍ သစ်ပင်တစ်ပင်၏ အကိုင်းအခက်တစ်ခုတွင်ချွတ်ဆွဲ၍ လိုရာဆုတောင်းလျှင် ဆုတောင်းပြည့်သည်ဟု အယူရှိကြသည်။
အကယ်၍ (31st of March) နေ့ရောက်သည်အထိ ထို Lucky Bird ကို မမြင်တွေ့ပါက မိမိဝတ်ထားသော ကြိုးလက်ကောက်လေးကို သစ်ပင်တစ်ပင်တွင်ချိတ်ဆွဲ၍ တနှစ်ပတ်လုံး ကံကောင်းစေရန် ဆုတောင်းရပြန်ပါသည်။
“ကဲ...နမ်း..ရေ..ဒီနေ့ကစပြီးငါပြောတဲ့ Lucky Bird ကို တစ်လအတွင်း မြင်တွေ့ပါစေလို့ ဆုတောင်းပေးပါတယ်..၊ အဲဒီငှက်ကိုတွေ့ရင် မင်းရဲ့ဆုတောင်းပြည့်ပြီလို့သာမှတ်လိုက်ပါ..၊”....တဲ့လေ။
ဘူဂေးရီးယားသူ ကျမ၏ သူငယ်ချင်းမလေးပေးသော ကြိုးလက်ကောက်လေးကို ကျမငုံ့ကြည့်ရင်း သူမပြောပြသော Lucky Bird ဟု ခေါ်သည့် ငှက်ကလေးကို ကျမဘယ်မှာ ရှာရပါမည်နည်း....၊ ဘယ်အရပ်မှာ တွေ့နိုင်ပါမည်နည်း.....၊ သေခြာသည်ကတော့ 31st of March နေ့တွင် ဤကြိုးလက်ကောက်လေးကို သစ်ပင်တစ်ပင်တွင် သွားရောက်ချိတ်ဆွဲပြီး လိုရာဆုတောင်းဖို့သာ ကျမဆုံးဖြတ်လိုက်ပါတော့သည်။
Tuesday, March 2, 2010
ကြိုးလက်ကောက်လေး
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
14 comments:
စီဘောက်ဖြုတ်လိုက်တာကို နာလည်းပါတယ်၊ စီဘောက်က ခံစားနာလည်ခြင်း တွေပေးနိုင်ပါတယ်၊ တည်းဖြတ်လို့ရတာပဲ၊ ဘာပဲဖြစ်ဖြစ် မင်္ဂလာပါ၊ ကြိုးလက်ကောက်လေး နှင့် Lucky Bird ကို 31st of March ထိစောင့်ကြည့်ကြတာပေါ့၊
lucky bird လေးနဲ့ ဆုံတွေ့စေဖို့ဆုတောင်းပေးပါတယ် အစ်မရေ..
ဒီမှာလည်း နွေဦးဝင်ပြီလေ..။
အော်.. ဒီလိုကိုး။ သူတို့လည်းသူတို့အယူနဲ့ သူတို့ပေါ့လေ။
ပုံထဲက လက်ကလေးတွေ ဖွေးသန့်ပြီး ကြည့်ကောင်းနေကြတယ်။း)
lucky bird မတွေ့လည်း ကံကောင်းခြင်းတွေနဲ့ နှစ်တနှစ်ဖြစ်ဖို့ ဆုတောင်းပေးပါတယ်နော် ..း))
တခုလောက်ပေးပါလားဟင်
း)
C-Box မရှိဘဲ ဘလော့ဂ်ရေးနေသူတွေလည်း အများကြီးရှိကြတာပဲနော့်။ အစ်မကတော့ မဖြုတ်သေးဘူး စောင့်ကြည့်လိုက်ဦးမယ်။
လူမျိုးတိုင်း လူမျိုးတိုင်းမှာ ကောင်းတဲ့ မိရိုးဖလာ ဓလေ့လေ့တွေ ထိန်းသိမ်းထားကြတာ သိပ်ပြီး သဘောကျတယ်။ Lucky bird နဲ့ တွေ့ရပါစေ။
မင်္ဂလာပါ..
ဘူဂေးရီးယားလူမျိုးများ ရဲ့ ရိုးရာအစဉ်အလာ ထိန်းသိမ်းထားမှုလေးတွေကို ဝေမျှတင်ပြပေးတာ ဖတ်ရသိရလို့ ကျေးဇူးပါကွယ်...
Lucky Bird လေးနဲ့လည်း တွေ့မြင်နိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် နတ်သမီးလေးရေ....
ခင်မင်စွာဖြင့်
ကိုမျိုး
လူမျိုးစု တစုနဲ့တစု မတူညီကြတဲ့ ရိုးရာဓလေ့တွေကို သိခွင့်ရလို့ ကျေးဇူးတင်ပါတယ် နမ်းရေ..။
ကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်ပါစေ..။
ခင်မင်လေးစားလျှက်
ဒါလေးလဲ စိတ်ဝင်စားစရာတစ်မျိုးပါလားနော်
အစ်မတို့ ဒေသမှာက အပ်ချည်ကြိုးနဲ့ချည်တာကို
လိပ်ပြာကြိုးချည်တယ်ခေါ်တယ်
မင်္ဂလာမောင်နှံတွေချည်လေ့ရှိတယ်
ဖျားနာသူတွေ ကံကောင်းအောင် ချည်လေ့ရှိတယ်
အဓိပ္ပါယ်ကတော့ နီးစပ်မယ်ထင်ပါတယ်.. ကံကောင်းအောင် ချည်တဲ့သဘောပါဘဲ..
ညီငယ် Craton ပြောသလိုပဲ အဟဲ...။
လာမည် ကြာမည် ကွန်ပူတာပျက်နေတယ်ဟာ။
ကြိုးလေး တစ်ခုယူသွားသည်။
စီဘောက်ကိုအကောင့်နဲ့ဝင်တာပြန်လုပ်တာပေါ့ဟာ။ ငါတော့ ဖြုတ်ဘူး ဆဲပစေ ။ဟုတ်မှမဟုတ်တာ ယုတ်မာတာ လူသိတာပေါ့ဟာ။ ထားပါ အဆင်ပြေအေးချမ်းပါစေကွာ။
အားလုံးကို ပျော်စေချင်တဲ့
ကိုလတ်....။
မနတ်သမီးရေ..
အချိန်ပေးပြီးလာခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်..။ ပျော်ရွှင်ပါစေ.။
ပျော်ရွှင်ခြင်းတွေ ရရှိပါစေ ညီမရေ..။
Good Luck! ချစ်မရေ...
လက်လေးတွေက လှလိုက်တာ ..
နတ်သမီးလက်က ဘယ်လက်လဲ မသိဘူး :)
Post a Comment