ငါ့ ကဗျာတွေနဲ့ ဝေးနေတဲ့ခဏမှာ
နင် ငါ့ကို သတိရပေးပါ
ငါ နင့် ကိုလွမ်းနေမှာမို့ပါ ...။
ငါ့ကဗျာရင်ထဲက
အလွမ်းကြယ်တွေကြွေတဲ့အခါ
နင်ကောက်ယူသိမ်းဆည်းထားပေးပါ
ငါ နင့်ကိုသတိရတာသိစေချင်လို့ ပါ ...။
ငါ့ ကဗျာနှုတ်ခမ်းက
အနမ်းပြာပြာပန်းပွင့်တွေဝေတဲ့အခါ
နင်လက်ခံထိန်းသိမ်းပေးပါ
ငါ့အနမ်းတွေ နင့်အတွက်
အမှတ်တရရှိစေချင်လို့ ပါ ...။
ငါ့ဘ၀ဟာနင် . . .နင့်ဘ၀ဟာ ငါ
ငါ့ကမ္ဘာဟာနင် . . . နင့်ကမ္ဘာဟာငါ
ငါ့အနာဂါတ်ဟာနင် . . . နင့်အနာဂါတ်ဟာငါ
ဒီလိုနဲ့  . . . ဒီလိုနဲ့ ပေါ့
ငါ့ကဗျာဟာနင် . . . နင့်ကဗျာဟာငါ ဖြစ်လာတယ် ...။
နင့်ကဗျာတွေထဲ ငါအိပ်စက်တဲ့အခါ
နင် ငါ့ကိုထွေးပွေ့ထားပေးပါ
နင့်ဆီကနွေးထွေးခြင်းကို
ငါထာဝရတမ်းတနေလို့ ပါ ...။
နင့်ကဗျာတွေထဲမှာ ငါအိပ်မက်မက်တဲ့အခါ
နင့်အိပ်မက်ထဲမှာ ငါ့ကိုယုယစွာကြင်နာပေးပါ
နင်ပေးတဲ့မေတ္တာဟာ ငါ့အိုအေစစ်လေးဖြစ်နေလို့ ပါ ...။
နင့်ကဗျာတွေထဲက ငါနိုးထတဲ့အခါ
နင့်အဆုံးမရှိအနမ်းတွေနဲ့  ငါ့ကိုခမ်းနားစွာကြိုပါ
“ငါ့ကဗျာ”တွေဘ၀ဆက်တိုင်း
“နင့်ကဗျာ ”တွေနဲ့ ဘဲအသက်ရှင်ချင်လို့ ပါ ...။
နင် ငါ့ကို သတိရပေးပါ
ငါ နင့် ကိုလွမ်းနေမှာမို့ပါ ...။
ငါ့ကဗျာရင်ထဲက
အလွမ်းကြယ်တွေကြွေတဲ့အခါ
နင်ကောက်ယူသိမ်းဆည်းထားပေးပါ
ငါ နင့်ကိုသတိရတာသိစေချင်လို့ ပါ ...။
ငါ့ ကဗျာနှုတ်ခမ်းက
အနမ်းပြာပြာပန်းပွင့်တွေဝေတဲ့အခါ
နင်လက်ခံထိန်းသိမ်းပေးပါ
ငါ့အနမ်းတွေ နင့်အတွက်
အမှတ်တရရှိစေချင်လို့ ပါ ...။
ငါ့ဘ၀ဟာနင် . . .နင့်ဘ၀ဟာ ငါ
ငါ့ကမ္ဘာဟာနင် . . . နင့်ကမ္ဘာဟာငါ
ငါ့အနာဂါတ်ဟာနင် . . . နင့်အနာဂါတ်ဟာငါ
ဒီလိုနဲ့  . . . ဒီလိုနဲ့ ပေါ့
ငါ့ကဗျာဟာနင် . . . နင့်ကဗျာဟာငါ ဖြစ်လာတယ် ...။
နင့်ကဗျာတွေထဲ ငါအိပ်စက်တဲ့အခါ
နင် ငါ့ကိုထွေးပွေ့ထားပေးပါ
နင့်ဆီကနွေးထွေးခြင်းကို
ငါထာဝရတမ်းတနေလို့ ပါ ...။
နင့်ကဗျာတွေထဲမှာ ငါအိပ်မက်မက်တဲ့အခါ
နင့်အိပ်မက်ထဲမှာ ငါ့ကိုယုယစွာကြင်နာပေးပါ
နင်ပေးတဲ့မေတ္တာဟာ ငါ့အိုအေစစ်လေးဖြစ်နေလို့ ပါ ...။
နင့်ကဗျာတွေထဲက ငါနိုးထတဲ့အခါ
နင့်အဆုံးမရှိအနမ်းတွေနဲ့  ငါ့ကိုခမ်းနားစွာကြိုပါ
“ငါ့ကဗျာ”တွေဘ၀ဆက်တိုင်း
“နင့်ကဗျာ ”တွေနဲ့ ဘဲအသက်ရှင်ချင်လို့ ပါ ...။
17 comments:
ကောင်းလိုက်တဲ့ ကဗျာ လေးးး ...!
ဒီကဗျာ လေးကို
အရမ်း ကြိုက်သွားတယ် ..
ခံစားပြီး ဖတ်သွားတယ် မ ရေ ..>>>
နှင်းထုအဖြူရောင်ကြားက
ရှုမငြီးအောင်လှတဲ့
ညီမအဖြူရောင်နတ်သမီးရေ..
ကဗျာတွေကြားမှာမှော်ဝင်လို့
ထာဝရ ပျော်ရွှင်နိုင်ပါစေကွယ်....
ကဗျာက ထိရက်စရာမရှိအောင် နူးညံ့လှချည်လား မဖြူ။
အိပ်မက်ဆုတောင်းတွေပြည့်ပါစေ။
နှင်းတွေနဲ့ ပျော်စရာကြီး။ ဆော့ချင်လိုက်တား(
သိပ်နူးညံ့တဲ့ကဗျာလေးပေးပါဘဲ ဒီလိုကဗျာမျိုးဆိုတာ
သိပ်ချစ်တတ်ကြတဲ့ချစ်သူတွေမှသာ ရင်မှပေါက်ပွား
နိုင်ကြတာမျိုးပါ...မနမ်းချစ်သူလည်းတော်တော်ကံကောင်း
တဲ့လူမျိုးဘဲဖြစ်မှာပါ...ပျော်ရွှင်သောဘ၀လေးကိုပိုင်ဆိုင်နိုင်
ပါစေဗျာ...ကဗျာတွေလည်းဆက်လက်ရေးသားနိုင်ပါစေ
ခင်မင်အားပေးလျက် ...
ငါ..ဆိုတဲ့ ကောင်မလေးရေးထားတဲ့ကဗျာတွေကို
နင်.. ဆိုတဲ့ ကောင်ကလေး ဖတ်မိခံစား သိနိုင်ပါစေ
လို့ ... ....
ခံစားချက်အပြည့်နဲ့ပါလား နတ်သမီးရေ ...
လေးစားလျက်
အထာကျတယ်..နတ်သမီးရေ..
ကောင်းလိုက်တဲ့ ကဗျာပဲ..
သူ့ကိုတောင်မှ သတိရသွားတယ်...
သက်မွန်ုမြင့်လေးကို...:P
ပျော်ရွှင်ပါစေ
အစ်မနော်... အနော် မနာလို ဖြစ်လာပြီ... သူတို့ကြတော့ ချစ်လိုက်ကြတာ ... ခံစားပြီးရေးတဲ့ ကဗျာတောင် အချစ်တွေ တရွှမ်းရွှမ်းနဲ့ ဖလမ်းဖလမ်းကို နူးညံ့နေတာပဲ ... ဟင့်...
စိတ်မဆိုးဘူးထင်လို့ စသွားတဲ့နော်..
ခင်တဲ့
ညရဲ့ကောင်းကင်
ကဗျာလည်းလှ... လူလဲ လှ.. အားကျ....
အအေးမိနေလို့..နတ်သမီးရေ
ကောင်းလိုက်တဲ့ကဗျာလေးပါမနတ်သမီးရေ..
နူးညံ့လိုက်ပုံများ...
ခင်တဲ့
သဒ္ဓါ
ကဗျာလေးကနူးညံ့နွေးထွေးမှုကို ဖတ်ရင်းနဲ့ ခံစားနိုင်တယ်...။ နတ်သမီးချစ်သူနဲ့ အမြန်ဆုံးပေါင်းဖက်နိုင်ပါစေ...။
ခင်မင်စွာဖြင့်
မိုးငွေ့
ဒီကဗျာ ဖတ်ရတာ ငါ နင် တယ် ကွယ်။
ဂျီးတော်ရေ .. ရေပေးပါကွဲ့။
ချစ်မရေ.....
ကဗျာလေးက သိမ်မွေ့လွန်းတယ်ဗျာာာာာာ
ကဗျာလေးတွေ ပျော်ရွှင်ချမ်းမြေ့စွာ အသက်ဆက်ရှင်နိုင်ပါစေနော်.........
ကဗျာလေးက လှတယ် ..
အဲလေ .. ယောင်လို့  .. ကောင်းတယ်ပြောတာပါ ။
ပထမဦးဆုံးအကြိမ် နတ်သမီး ဆီလာလည်တာပါ ။
နတ်သမီးက ဓာတ်ပုံရိုက်ရတာဝါသနာပါတယ်ထင်တယ်နော် ..
ဓာတ်ပုံလေးတွေကလဲ လှပါတယ် ။
တင်ထားတဲ့ ကဗျာလေးတွေ စာလေးတွေကလဲ ကောင်းပါတယ် ။
လင့်ခ် ထားလိုက်တော့မယ်နော် ..
သက်အောင်
ဒီနားရောက်တိုင်းလည်း ဓာတ်ပုံတွေပဲကြည့်တယ်။
နတ်သမီးလည်းလှ... ကဗျာတွေလည်းလှ ပါတယ်။
ဆက်လက်ရေးသားနိုင်ပါစေနတ်သမီးလေး...။ူ
ကောင်းတယ်ဗျာ ..
ကဗျာလေးကိုလည်းသဘောကျတယ်ဗျ
နှင်းတွေကိုလည်းသဘောကျတယ် တကယ်အေးမယ်ထင် တယ်နော့
အအေးဆိုကြောက်တယ် ဒါပေမယ့်နှင်းကိုချစ်တယ်း)
Post a Comment