၂၀၀၉ နှစ်ဆုံးကနေ ၂၀၁၀နှစ်စကို ကူးပြောင်းတဲ့အချိန်လေးမှာ မမိုးငွေ့ Tag ထားတဲ့ “နှစ်သစ်အတွက်...လက်ဆောင်”ဆိုတဲ့ post လေးကိုရေးခွင့်ရလိုက်တယ်.။ရေးချင်တာတွေကတော့ အများကြီးပါ။ရေးဖြစ်ခဲ့တာကတော့ချမ်းချမ်းသီဆိုထားတဲ့သီချင်းလက်ဆောင်ဆိုတဲ့သီချင်းလေးအကြောင်းနဲ့ ရင်ထဲက လတ်တလော ခံစားချက်လေးအကြောင်း ပါပဲ..။
၂၀၀၉ နှစ်ဆုံး ကနေ ၂၀၁၀နှစ်အစကို ကူးပြောင်းတဲ့အချိန်လေးမှာ မောင့်အတွက် အမှတ်တရဖြစ်စေဖို့ နဲ့ အကောင်းဆုံးနှစ်ကူးလက်ဆောင်အဖြစ် “အနာဂတ် မေတ္တာစံအိမ်က မောင်နဲ့ကျမ ဘဝ”ဆိုတဲ့ Post လေးကို (၁.၁.၂၀၁၀)ရက်စွဲဖြစ်တဲ့ ၂၀၀၉ မှ ၂၀၁၀ သို့ ကူးပြောင်းပြီး နာရီဝက်(မိနစ်၃၀)အကြာမှာ တင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဲဒီPost လေးဟာ (၃၁.၁၂.၂၀၀၉) ရက်စွဲနဲ့သာ တက်လာခဲ့ပါတယ်..။
၁.၁.၂၀၁၀ ရက်စွဲဖြစ်အောင် ပြန်လုပ်ချင်ပေမယ့် အမှတ်တရရေးပေးထားကြတဲ့ သူငယ်ချင်းတို့ရဲ့ Comment လေးတွေ မတော်တဆ ပျောက်ပျက်သွားမှာစိုးတာကြောင့် ၃၁.၁၂.၂၀၀၉ ရက်စွဲနဲ့ပဲ ထားလိုက်ရတဲ့အတွက်..မောင့်ကိုအလျှော်ပေးတဲ့အနေနဲ့ ဒီPost အသစ်လေးကို
“နှစ်သစ်အတွက်.....သီချင်းလက်ဆောင်”အဖြစ် မောင်လက်ခံပေးပါနော်...
xxxအချိန်တွေရယ်xxxစက္ကန့်တိုင်းရယ်xxxရှင်သန်ပြောင်းလဲxxxမင်းကြောင့်ပါအချစ်ရယ်xxxရင်ခုန်သံ သီချင်းများစွာxxxရင်မှာမွေးဖွားxxxဖူးပွင့်လာတယ်xxxx
xxပျှော်ရွှင်စရာသီချင်းလေးxxxမင်းကိုဆိုပြမယ်xxxအကြင်နာချစ်ခြင်းတွေရယ်xxxမင်းကိုရည်ညွှန်းတယ်xxချိုမြိန်တဲ့အနမ်းလေးxxxလက်ဆောင်ထည့်ထားမယ်xxxအချစ်သီချင်းလေးတွေxxxမင်း...အတွက်xxxx
သီချင်းလေးရဲ့စာသားအရဆိုရင်တော့ ကျမက မောင့်ကို သီချင်းဆိုပြရမှာလေ...၊ ဒါပေမယ့် ကျမအိပ်တဲ့အခါတိုင်း မောင်က လေလှိုင်းထဲကနေ သီချင်းလေးတွေဆိုပြီး ကျမကို သိပ်တတ်တယ်။ ကျမ အိပ်ပျော်လောက်တဲ့အချိန်ကျမှ လေလှိုင်းထဲကနေ ကျမရဲ့နှဖူးလေးကို ဖွဖွလေးနမ်းပြီး သီချင်းဆိုရပ်ကာ ကျမအနားကနေ ညင်သာစွာထွက်ခွာသွားတတ်နော်...။
လေလှိုင်းထဲကဆိုပေမယ့် ကျမအတွက်တော့ ကျမရဲ့ဘေးမှာ မောင်ရှိနေသလိုပါပဲ..။ ကျမပေါ်ကိုကျရောက်မယ့် ချမ်းအေးလှတဲ့ ဆောင်းရာသီရဲ့အအေးဒါဏ်တွေကိုလည်း မောင့်ရဲ့မေတ္တာတွေနဲ့ လွှမ်းခြုံနွေးထွေးစေခဲ့တဲ့ မောင့်ရဲ့ နူးညံ့တဲ့အကြင်နာတွေကို ကျမ ဘယ်လိုနည်းနဲ့မှ ဥပက္ခာမပြုနိုင်ခဲ့ဘူး။
“အခုတော့လည်း
ထွေးပွေ့ထားတဲ့ နင့်ရဲ့ စာနာနားလည်မှု
အဖြူရောင် တောင်ပံတွေကြားက
ငြိမ်းချမ်းတဲ့ ရင်ခွင်တစ်စုံမှာ
လုံခြုံစွာ အရိပ်ခိုနိုင်ခဲ့ပြီလေ ...”
xxxသံစဉ်တွေပြောင်းလဲသွားလည်းxxxဘယ်အခါ မပြောင်းလဲxxxမင်း အကြောင်းပါအချစ်ရယ်xxxစကားလုံးများxxxဆန်းသစ်သွားလည်းxxxမြင်ယောင်အတွေးထဲxxxမင်း...တစ်ယောက်ထဲxxx
“Romantic ညလေး..တည....
သီချင်းတပုဒ်ကို ငါသီဆိုနေခဲ့မယ်ဆိုရင်
You are my melody
နင်ဟာ ငါ့ရဲ့သံစဉ်လေးတွေပဲပေါ့....
ကဗျာတပုဒ်ကို ငါရေးစပ်နေမယ်ဆိုရင်
You are my rhyme
နင်ဟာ ငါ့ကဗျာထဲက ကာရန်လေးတွေပဲပေါ့....
အချစ်ဇာတ်လမ်းလေးတပုဒ်ကို ငါစိတ်ကူးယဉ်မိနေမယ်ဆိုရင်
You are my honey
နင်ဟာငါ့ရဲ့အချစ်သူရဲကောင်းလေးပဲပေါ့....
အကယ်၍ ...
နင်ရေးစပ်ခဲ့တဲ့ ကဗျာထဲက မင်းသမီးလေးဟာ ငါဖြစ်ခဲ့မယ်ဆိုရင်
I am your Angel
ငါဟာနင့်ရဲ့နတ်သမီးလေးပဲပေါ့...”
ကျမကတော့ မောင့်ရဲ့ရင်ထဲက “အဖြူရောင်နတ်သမီး”လေးပဲ ဖြစ်ချင်ပါတယ်....။
xxxမင်းအနားမှာ ဒီသီချင်းလေးxxxအမြဲတန်းဆပ်ဆိုမယ်xxxကိုယ်အသက်ရှင်နေတယ်xxxအချိန်တိုင်းxxxx
ချစ်တတ်သူ...မောင် နဲ့ အချစ်ငတ်သူ....ကျမ တို့ရဲ့ကြည်နူးစရာကောင်းတဲ့ ချစ်သူဘဝလေးကို ထွေးပိုက်ရင်း ပျော်ရွှင်ခြင်းများနဲ့အတူ ၂၀၁၀ နှစ်သစ်ကို ကြိုဆိုရင်း ကျမ အပျော်တန်း ပါဝင်သရုပ်ဆောင်ထားတဲ့ “သီချင်းလက်ဆောင်” သီချင်းလေးကို “မောင့်အတွက်...နှစ်သစ်လက်ဆောင်” အဖြစ် ပို့ပေးလိုက်တယ်နော်...။
အဲဒီသီချင်းလေးထဲမှာ ကျမပျော်နေတယ်.....
ကျမရဲ့ဘေးမှာ မောင်မရှိပေမယ့် မောင့်ရဲ့အချစ်တွေရှိနေတယ်....
လူချင်းဝေးနေပေမယ့် နှလုံးသားချင်းနီးနေတယ်.....
ကျမမှာ ယုံကြည်ချက်တခုရှိတယ်...မောင်
အဲဒါကတော့....
ဘဝနှစ်ခု ပေါင်းစပ်တော့မယ်ဆိုရင်....
မတူညီတာတွေကို ညှိယူကြရတယ်...တဲ့
*မောင်က အမဲရောင် ဖြစ်ပြီး
*တကယ်လို့ မောင်က အနီရောင်ဖြစ်ပြီး
ကဲ....မောင်ရေ....
အခု ကျရောက်လာပြီဖြစ်တဲ့...၂၀၁၀ မှာ မောင်နဲ့ကျမတို့ရဲ့ ...
ပျော်ရွှင်ခြင်း..
ကြည်နူးခြင်း....
နားလည်ခွင့်လွှတ်ခြင်း...
ဖေးမကူညီခြင်း....
ယုံကြည်ခြင်း....
သစ္စာစောင့်သိခြင်း...ဆိုတဲ့ အရောင်တွေနဲ့ “၂၀၁၀” မှာ မောင်နဲ့ကျမတို့ရဲ့
11 comments:
နတ်သာမီးရေ...
ချစ်သူအတွက် သီချင်းလက်ဆောင်လေးကို ခံစားသွားတယ်ဗျားးးး
(နတ်သာမီးတစ်ယောက်ကတော့ သရုပ်ဆောင်လည်း... တယ်မခေဘူးကိုးးးးး)
ချမ်းချမ်းသီချင်းဆိုတာ... ကျွန်တော်လည်းကြိုက်တယ်ဗျ...။ အသံအားကောင်းတယ်လေ...(အရိုးထဲက ထွက်တဲ့ အသံမို့လားမသိဘူး.... ဟီးးးးးးးး)
ခင်မင်တဲ့
ဏီလင်းညို
သီချင်းနားထောင်ရင်း အဖြူရောင်နတ်သမီးကို ပါကြည့်သွားလိုက်တယ်။
သူများတွေများ ချစ်တတ်လိုက်ကြတာနော်း)
ပျော်ရွှင်အဆင်ပြေပါစေ
ညီမလေးရေ
ပျော်ရွှင်စရာ အချစ်ဇာတ်လမ်းလေးတွေကို လာပြီး အားကျသွားပါတယ်.. ကြည်နူးစရာလေးတွေပါ.. ဆန္ဒတွေ အမြန်ဆုံးပြည့်ပါစေ
မချော
ကျမရဲ့ဘေးမှာ မောင်မရှိပေမယ့် မောင့်ရဲ့အချစ်တွေရှိနေတယ်....
လူချင်းဝေးနေပေမယ့် နှလုံးသားချင်းနီးနေတယ်....တဲ့
... အင်း...ဟုတ်မှာပါလေ။
အဲ .. လူချင်းနီးသွားအောင် လုပ်ပေးလိုက်ရင်ကောင်းမလားဘဲ :) :) :P
ဒီနတ်သားတော့..အမဲေ၇ာင်နဲ့ အနီရောင် အမြန်ချယ်ပေးမှဖြစ်တော့မယ်...ဒါမှမီးခိုးရောင်နဲ့ ပန်းရောင် မြန်မြန်ဖြစ်မှာ....
း) မင်္ဂလာနှစ်သစ်ပါ
း) မောင်လက်ခံမခံတိဝူး
မောင်ဘကြိုင်ကတော့ လက်ခံပြီး နားထောင်တွားတယ်ဂျ
း)
မင်္ဂလာပါ နတ်သမီးလေးရေ..
နတ်သမီးလေးရဲ့မောင် နဲ့ 2010 မှာတင်မဟုတ်ဘဲ.. ဘ၀ဆက်တိုင်း ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ ယုံကြည်နားလည်ခွင့်လွှတ်ခြင်းတွေနဲ့ အတူ အစစအရာရာ အဆင်ပြေအောင်မြင်ချောမွေ့တဲ့ ဘ၀ခရီးကို ဆေးရောင်လှလှလေးတွေ တူနှစ်ကိုယ်ခြယ်သ နိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် ကွယ်..
ခင်မင်စွာဖြင့်
ကိုမျိုး
မမ မောင်တော့ မသိဘူး..
မမက အရမ်း Romantic ဆန်တယ်နော်..
မမမောင်ဖြစ်တဲ့လူ ကံကောင်းပါတယ်။
ဒီလောက်ချစ်တတ်တာ..ရင်ခုန်စရာကောင်းတယ်။
အညင်ကပ်တယ် .. ။ မောင်တစ်ယောက် နှစ်သစ်မှာ လိုအင်ဆန္ဒတွေ တစ်လုံးလုံး တ၀ကြီး သောက် .. အဲ ပြည့်ဝပါစေ ...။
ကျနော် တို့အတွက်လည်း ဆုတောင်းမပေးတော့ဘူးလားဗျာ
နတ်သမီးလေး...ချစ်သူနဲ့အတူအမြန်ဆုံးဆုံတွေ့ခွင့်ရပါစေ
မိုးငွေ့ကိုအမှတ်တရရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဒီရက်ပိုင်းအလုပ်နည်းနည်းရှုပ်နေလို့ နောက်မှလာရေးဖြစ်တာကို ခွင့်လွှတ်ပါနော်
ခင်မင်စွာဖြင့်
မိုးငွေ့
Post a Comment