ပထမဦးဆုံး ပြောချင်တာကတော့...
"S-O-R-R-Y"....ပါ...
ကျမနေတဲ့ Paphos မြို့လေးမှာ မုန်တိုင်းဝင်နေပါတယ်..
၃ရက်ရှိပါပြီ..အခုချိန်ထိပါပဲ...ပင်လယ်ထဲက ခဲလုံးတွေဟာ အားပျင်းစွာ ပုတ်လိုက်တဲ့ လှိုင်းတွေကြောင့် ကားလမ်းမထိရောက်ပါတယ်...
ကျမရဲ့ အခန်းထဲက ကိုယ်ပိုင် Internet လိုင်းဟာ
မုန်တိုင်းဒါဏ်ကြောင့် လွတ်သွားလိုက်ပြန်မိလိုက်ဖြစ်နေရင်းကနေ..
လုံးဝကို ပြတ်တောက်သွားခဲ့ပါတယ်..
ရုံးကလူတွေကို ဖုန်းဆက်တော့လည်း မလာပါဘူး..
အခုချိန်ထိပါပဲ..စနေ..တနင်္ဂနွေကခံသွားသေးတယ်...
အခု သုံးနေတာက ကျမအလုပ်ထဲက Boss ရဲ့Computer နဲ့ပါ..
သူအလုပ်ကို မရောက်ခင်နဲ့ သူအလုပ်ကပြန်တဲ့အချိန်တွေမှာ အလစ်ချောင်းပြီး
ခိုးသုံးတာပါ..
အခုတင်ထားတဲ့ ဓာတ်ပုံကလည်း ကဗျာနဲ့တွဲတင်မလို့လုပ်နေတုန်း
Boss ရောက်လာလို့ ဘာမှဆက်လုပ်လို့မရတော့ပဲ ရုံးခန်းထဲကနေ လစ်ထွက်လာခဲ့ရတာပါ..။သူငယ်ချင်းတွေကို စိတ်ပူအောင်လုပ်မိတဲ့အတွက် ကျွန်တော်မျိုးကြီး "သေသင့်ပါတယ်"..
စိတ်ချပါ...
"အဖြူရောင်နတ်သမီး" ဟာ..ဘယ်သူရဲ့ပရောဂနဲ့မှ ဒီ ဘလော့င်္ဂ လောက ကနေထွက်ခွာမသွားပါဘူး....
ဘာဖြစ်လို့လဲ သိလား...
Blogger မောင်နှမအားလုံးကို ချစ်လို့ပေါ့....
တခုတော့ရှိတယ်နော်...အခန်းထဲမှာ Internet လိုင်းမရမချင်း သူငယ်ချင်းတို့နဲ့ ခနလောက်တော့ အဆက်အသွယ်ပြတ်နေအုံးမှာနော်..စိတ်ပူမနေနဲ့အုံး...
လွမ်းရင် Mail ပို့ထားလိုက်နော်..ဒီကြားထဲ..
X'mas မှာဝတ်ဖို့ ဆိုင်ကဝန်ထမ်းတွေအတွက် ဝတ်စုံအသစ်တွေ အပြီးချုပ်ပေးနေရလို့ Internet ဆိုင်ကိုလည်း သွားဖို့အချိန်မရတော့ ဒီပြသနာတွေဖြစ်သွားရတာပေါ့...S-O-R-R-Y....
လွမ်းနေတယ်နော်..အားလုံးကို...
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
*အမြင်မကြည်လင်ဖြစ်ပြီး အထင်လွဲနေသူများကိုလည်း...
တခါထဲ တောင်းပန်လိုက်ပါတယ်ရှင့်.....
Friday, December 18, 2009
S-O-R-R-Y
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
7 comments:
အဲလိုလုပ်ပါဟာ... ဘာများဖြစ်လို့လဲလို့ စိတ်ပူသွားတယ်။ လစ်တုန်းခိုးတင်တာကလည်း စုံလို့ပါပဲနော်။...း)
ခင်မင်လေးစားလျှက်
တော်သေးတာပေါ့...... ၀ူး
နတ်သာမီးရေ...
တော်သေးတာပေါ့...။ မရှင်း...မရှင်း နောက်မလုပ်နဲ့နော်...။ ဘော်ဘော်တွေ စိတ်ပူအောင်လို့လေ...ဟင်းးးးး
ညီမဒဏ္ဍာရီပြောသလိုပဲ... လစ်တုန်းခိုးတင်တာများ...စုံလို့...ဟီးဟီး
(နတ်သာမီးက...မိုးပေါ်မှာမနေပဲ...ဘယ့်နှယ်..အိမ်ထဲဝင်နေရတာဒုန်းဟ...)
ခင်မင်တဲ့
ဏီလင်းညို
Har Har....Sis , wish for faster recovery from strom..and internet cut-off. within these days, think about new post ok !!!!
ဟူးးးးးးးးးးးးးတော်သေးတာပေါ့ မမရာ.....
ညိုးညိုးလုပ်နဲ့နော်...။
လန့်အောင်..
ညန်ညန်ပြန်ကောင်းပါစေနော်.......အင်တာနက်.....။
အမြန်ရပါစေ.....(အင်တာနက်)
ထားပါတော့တော့ ထားပါတော့ဗျာ...
အားလုံးက စိတ်ပူနေကြတယ်လေ... တော်သေးတာပေါ့..
ရာသီဥတုတွေ အမြန်ကြည်လင်သာယာလာပါစေဗျာ..
Post a Comment