Monday, December 21, 2009

Romantic ကဗျာထဲက ရာဇဝင်တွင်မယ့် လူသား(၂)ဦး


"လ"သာတဲ့ ည တစ်ညမှာ
Romantic ဆန်တဲ့
ရာဇဝင်ထဲက လူသားနှစ်ဦး
အသက်ဝင် နိုးထလာခဲ့တယ်....

တိုက်ခတ်နေတဲ့
လေညှင်းလေးနဲ့ အတူ
ကမ္ဘာအစွန်း နှစ်ဖက်ဆီက
သူတို့ရဲ့ နှင်းဆီရောင်သန်းနေတဲ့
စပျစ်ဝိုင်ခွက်ထဲက
အချစ်သေရည် ယစ်မူးနေတဲ့
ရေးလက်စ ကဗျာလေးတပုဒ်ကို
Romantic ဇာတ်လမ်းလေးဖြစ်အောင်

ဟိုး.........အတိတ်ဆီက
သမိုင်းတွင်ခဲ့ဖူးတဲ့
အချစ်ရာဇဝင် ဟောင်းတွေကို
မြေလှန်ရင်း
ကမ္ဘာဦး..."အစ"
"နှစ်ယောက်ထဲရှိတဲ့"...
"အာဒံ နဲ့ ဧဝ" လူသား"ဘဝ"ကို
New Version အဖြစ် ပြောင်းလဲဖို့
တိတ်တိတ်လေး ကြိုးစားနေကြလေရဲ့....။

13 comments:

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ လှပတဲ့ ဥယာဉ်ကြီးက အာဒံနဲ့ဧ၀ လို လှပတဲ့ ချစ်ခြင်းတရားတွေ ထာဝရ ထွေးပွေ့ထားနိုင်ပါစေ..။

ခင်မင်လေးစားလျှက်

ဧပရယ်လ်ပူး@ပူးတေ said...

မိုက်တယ်... ကဗျာလေးကိုက Romentic ဆန်နေတာ...
နတ်သမီး အောင်မြင်ပျော်ရွှင်ပါစေ.

ပူးတေ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ရိုမန်တစ်ဆန်လိုက်လေခြင်းနော်
ဟင့်
အခုတလော ကဗျာလေးတွေဖတ်မိပြီး အလွမ်းတွေပိနေ၏

သက်တန့်ချို said...

ကောင်းလိုက်တဲ့ကဗျာလေး ညက်ညက်လေး နတ်သမီးရေ..း)

ကျွန်တော် said...

အင်း..ဘာပြောရမှန်းမသိဘူး..မိုက်တာတော့မိုက်တယ်.. အား...ကဗျာခေတ်ကြီးမကုန်သေးဘူးလားဗျို့...ဟီ

နွေဆူးလင်္ကာ said...

ရိုမန်တစ်ကဗျာထဲက အာဒံနဲ့ဧ၀မှာ အ၀တ်အစားကော ပါလား ဂျီးတော် .. :-P

အဖြူရောင်နတ်သမီး said...

ဦးလေးနော်..
ကပ်ပြီးမရစ်နဲ့...

သိင်္ဂါကျော် said...

New version လှလှပပ ပြောင်းပြီး ပျော်ရွှင်နိုင်ပါစေနော်..

ညလင်းအိမ် said...

အလဲ့ အာဒံနဲ့ဧ၀ new version ....
မကြာမီလာမည် မျှော်.....

ကဗျာလေးက ရိုမန်တစ်ဆန်လိုက်တာဗျာ...
ပျော်ရွှင်ချမ်းမြေ့ပါစေ...

ဝေလင်း ( Вэй Линн) said...

အာဒံနဲ့ ဧ၀တောင် version ပြောင်းဦးမတဲ့လား..?
လေးစားလောက်တဲ့ အချစ်ပါပဲဗျာ။ အဆင်ပြေပါစေ။ အလုပ်ကြီးပဲလည်း သိပ်လုပ်မနေပါနဲ့လေ..နားနားနေနေပေါ့..

မိုးစက်အိမ် said...

အာဒံ နဲ့  ဧ၀ တောင် Update ပေးပြီး
Version မြှင့်ချစ်မယ်ဆိုတော့ Romantic
ကဆန်ပြီးပေါ့ဗျာ . . . အားကျလိုက်ပါဘိဗျာ
ချစ်နိုင်သူတွေ ချစ်ကြပါဗျာ . . . :)

လင်းကြယ်ဖြူ said...

စာသားတွေက တကယ့်ကို မော်ဒန် ဆန်ဆန်နဲ့
စိတ်ကူးကောင်းလေးပါပဲခင်ဗျာ
လေးစားစွာ
*.*.*

မြတ်မွန် said...

ဝါးးးးးးးး Romantic ဆန်လိုက်တာ..
ကမ္ဘာပေါ်မှာ သူတို့နှစ်ယောက်ထဲပေါ့...။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .