Thursday, December 24, 2009

ပန်းသီးလက်ဆောင်



ဒီနေ့ဟာ Christmas Eve ဖြစ်သော (၂၄)ရက် ဒီဇင်ဘာနေ့ဖြစ်သည်။ အလုပ်ထဲကို ကျမရောက်တော့ သူငယ်ချင်းဖြစ်သူ တရုတ်မလေးတယောက်က ကျမအတွက် ကျောက်စိမ်း အကာနှင့်လုပ်ထားသော ပန်းသီးလေးတစ်လုံးကို လက်ဆောင်ပေးရင်း “(၂၄)ရက်နေ့၊ဒီဇင်ဘာလတွင် လက်ဆောင်းပေးရသော ပန်းသီး” အကြောင်းကိုရှင်းပြခဲ့ပါတယ်။
(၂၄)ရက်နေ့၊ ဒီဇင်ဘာလ၊ “ည”အခါတွင် တရုတ်လူမျိုးများသည် ပန်းသီးလက်ဆောင်ပေးသည့် ရိုးရာဓလေ့ကို ယခုအချိန်ထိ ကျင်းပမြဲဖြစ်သည်။
Safe(အသက်ရှည်ခြင်း/ကျန်းမာခြင်း)ကို တရုတ်ဘာသာစကားဖြင့် =Ping An(ဖျင်န်အန်)
Apple(ပန်းသီးပေးခြင်း ) ကို တရုတ်ဘာသာစကားဖြင့်=Ping Guo(ဖျင်န်ကွာန်)
Safe(အသက်ရှည်ခြင်း/ကျန်းမာခြင်း)----------------=Apple(ပန်းသီးပေးခြင်း)ဟု အဓိပ္ပါယ်သက်ရောက်သည်။
ထို့အတွက် “ပန်းသီးလက်ဆောင်ရသောသူသည် ထိုနေ့မှစ၍ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်စေရန်” ကံကောင်းခြင်းလက်ဆောင်အဖြစ်သတ်မှတ်ပြီး အချင်းချင်းအပြန်အလှန် ပန်းသီးလက်ဆောင် ပေးကြခြင်းဖြစ်သည်။
ဤပန်းသီးလက်ဆောင်ကို (၂၄)ရက်၊ ဒီဇင်ဘာ ညအချိန်ခါတွင်သာ သတ်မှတ်ပြီးပေးခြင်းကြောင့် ....ထိုညကို
Safe Night = Ping An Ye(ဖျင်န်အန်ယဲ့)ဟု ခေါ်ဆိုပြီး “ကျန်းမာပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသော ကံကောင်းခြင်း လက်ဆောင် ပန်းသီးပေးသောည ”ဟု တင်စားခေါ်ဆိုကြကြောင်း ဗဟုသုတအနေဖြင့် တင်ပြရင်း (၂၄)ရက်၊ဒီဇင်ဘာ ညမှာ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ တို့ကို ပန်းသီးလက်ဆောင်ပေးကြရအောင်လား......။
ကဲ............ရော့
သူငယ်ချင်းတို့အတွက် ကံကောင်းခြင်းနဲ့ ကျန်းမာပျော်ရွှင်ခြင်းတွေ အပြည့်ထည့်ထားတဲ့ ...
“ပန်းသီး လက်ဆောင်”....



10 comments:

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ........ နွယ် ပန်းသီးလေး လာယူသွားပါတယ်။း)
ကျန်းမာခြင်း ပျော်ရွှင်ခြင်းတွေ တနှစ်ပတ်လုံး ပြည့်စုံအောင်လေို့နော်...။

Merry X-Mas ပါ နမ်းရေ..။

ခင်မင်လေးစားလျှက်

နှင်းဟေမာ said...

မမအဖြူရောင်လေးရေ.....
ကဗျာဆန်ဆန်လှတယ်း)
ဗဟုသုတလေးတစ်ခုကိုယူသွားပြန်ပြီ
ချစ်ညလေး

မြတ်မွန် said...

မမရေ ပန်သီးလာစားတယ်နော်..
သိုင်းကျူး..နော် ပျော်ရွှင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေ။

အနှိုင်းမဲ့ said...

ပန်းသီးစားချင်လို့လှမ်းယူချင်ပေမယ့်..
နတ်တမီးကမယူရဲအောင်လုပ်ထားတယ်.ဟင့် :P

ချော said...

စိတ်ကူးကောင်းလေးတစ်ခုပါ.. ဒီညတော့ ၂၅ရက် ခရစ္စမတ်ညဖြစ်သွားတော့ နောက်ကျသွားပြီ.. နောက်နှစ်ကို စောင့်လိုက်ဦးမယ်နော်.. ပန်းသီးလေးပေးဖို့

ဝေလင်း ( Вэй Линн) said...

ပန်းသီးပေးရတယ်တဲ့လား...

နေစစ်သူ said...

ပန်းသီး လက်ဆောင်ယူပြီး ပြန်သွားတယ်နော်....

ကိုကိုမောင်(ပန်းရနံ့) said...

အခုမှ သိတယ်။ ပန်းသီးလက်ဆောင်ရရင် ကံကောင်းတယ်ဆိုတာ။ ဗဟုသုတပေါ့။

~ဏီလင်းညို~ said...

နတ်သမီးရေ...
ကျေးဇူးးးး...မသိသေးတာ သိရလို့...။
(ပန်းသီးက တစ်လုံးထဲဆို လောက်ဘူးဗျ...:D...)
ခင်မင်တဲ့
ဏီလင်းညို

ခြင် said...

ဒီကိုလဲ တလုံးလောက်.... တကိုက်ကိုက်ပြီး နာ့လတော့ အဖုံးမှာ ပလာစတာနဲ့ ကပ်ထားဘို့.... ခွိ

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .