Wednesday, December 16, 2009

ကဲ.....ပြော


သူ့ဆီက အချစ်"စစ်စစ်"တွေပြည့်နှက်နေတဲ့ "နှလုံးသားနုနု"တစုံကို ကျမ အပြီးအပိုင် သိမ်းပိုက်နိုင်လိုက်တဲ့ အချိန်က"စ"ပြီး..
သူဟာ..ကျမရဲ့ အတွေးကမ္ဘာထဲကို အချိန်ပြည့်ရောက်ရှိနေတတ်တယ်...။
သူ့ရဲ့အကြင်နာတွေအောက်မှာ ကျမရဲ့ဘဝလေး နွေးထွေးနေခဲ့တာ...။
သူ့ရဲ့အပြောလေးတွေကြားမှာ ကျမရဲ့နှလုံးသားလေး မျောပါသွားခဲ့တာ...။
သူ့ရဲ့ပုံရိပ်ကွန်ယက်တွေကြားက ကျမရုန်းထွက်လို့မရနိုင်ခဲ့တာ...။
သူပြောသမျှကို နှုတ်ခမ်းလေးကိုက်ပြီး ပြုံးပြုံးလေးနားထောင်နေတတ်တာ...။
သူပြောပြတတ်တဲ့ အချစ်ပုံပြင်လေးတပုဒ် မပြီးဆုံးခင်မှာ ခလေးတယောက်လို ကျမအိပ်ပျော်သွားတတ်တာ...။
သူ့ကိုအချိန်ပြည့် ကျမလွမ်းဆွတ် သတိရနေတတ်တာ....။
....အဲဒီခံစားချက်တွေ အားလုံးဟာ...
သူက ကျမကို ပိုချစ်လို့ဖြစ်ပေါ်လာတာလား...
ကျမက သူ့ကိုပိုချစ်လို့ဖြစ်ပေါ်လာတာလား...???????
ကဲ..ပြော....
သူငယ်ချင်းတို့ရဲ့ ထင်မြင်ချက်လေးတွေ......
(ဖတ်ပြီးသွားရင် ဒီအတိုင်းလှည့်မပြန်ကြေးနော်....တခုခုရေးခဲ့ပြီးမှ ပြန်..ဒါပဲ...)

13 comments:

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဘီရိုကြောရမှန်းတိဝူးဖစ်တွားဒယ်ဂျ
း)
ကိုယ်ကချစ်လွန်းရင်အဲလိုဖြစ်တတ်တယ် ဟဲဟဲ
ထင်တာပဲအစ်မရဲ့ ကျွန်တော်လည်းဖြစ်ဖူးလို့
လူတိုင်း ကိုယ့်ချစ်သူကို ချစ်မိတိုင်း ဂလိုဖြစ်တယ်ထင်
တာပဲ ကိုယ်ချစ်တဲ့ချစ်သူ ဘက်ကတော့တိဝူးးးး
း)

~ဏီလင်းညို~ said...

နတ်သမီးရေ...
အတူတူပဲစ်...လို့ထင်ပါ၏၊
(တော်ကြာ သူ့ပိုတယ်..ငါ့ပိုတယ် ဖြစ်နေမှာစိုးလို့လေ...။ ဟိ..ဟိ..)

ခင်မင်တဲ့
ဏီလင်းညို

အနှိုင်းမဲ့ said...

အချစ်စစ်မှာ
ပိုတယ်...........
လိုတယ်...........
ဆိုတာရှိသေးလို့လားးး...?

ဝေလင်း said...

လောလောဆယ်တွေ့ရတာတော့ အစ်မကပိုချစ်တယ်ဗျ :)

မိုးငွေ့...... said...

မောင်လေးညက သူ့ခံစားချက်တွေကို လာဖွင့်သွားတယ်တော့.....။
အမှန်တော့ သူကပိုချစ်တယ် ငါကပိုချစ်တယ်ဆိုပြီး အဲဒီအချစ်ကိုတိုင်းတာတဲ့ကိရိယာလည်းမရှိပါဘူး..။
အချစ်=အချစ် ပါပဲ

ရဲဝင့်သူ said...

ဟုတ်ကဲ့...လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တယ်ထင်ပဗျာ။

မောင်နွေသစ် said...

ပြောလို့မရဘူး...
ဘာလို့လဲဆိုတော့...
တစ်ယောက်တည်းရဲ့အခြေနေကိုပဲ ပြောထားတာလေ...
အခု ..အစ်မပြောသလိုဆို၇င်တော့..အစ်မက
သူ့ကို ချစ်တာသေချာတယ်..........။

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ .... ခံစားချက်ခြင်း တူညီတဲ့ ချစ်သူတွေမှ ရတတ်တဲ့ ခံစားမှုမျိုးပါ။

ခင်မင်လေးစားလျှက်

nyimg said...

....အဲဒီခံစားချက်တွေ အားလုံးဟာ...
သူက ကျမကို ပိုချစ်လို့ဖြစ်ပေါ်လာတာလား...
ကျမက သူ့ကိုပိုချစ်လို့ဖြစ်ပေါ်လာတာလား...???????

အပေါ်က ဆိုလိုချက်အရဆို အဖြူရောင်နတ်သမီးခံစားချက် ကြောင့်ဒီကဗျာလေးဖြစ်လာတာပေါ့။ ဒါဆို အဖြူရောင်နတ်သမီးက ချစ်လို့.. ပိုချစ်လို့ ဆိုတာ ၂ယောက်နှိုင်းယှဉ်မှရမယ်ထင်တယ်။
တော်ကြာ သူပိုတယ် ကိုယ်ပိုတယ်ဆိုပြီး စကားများနေအုံးမယ်

PhyoPhyo said...

တစ်ခုခုရေးသွားရမယ် ဆိုလို့ .. :) အတူတူချင်းမို့ ပါ .. ဟုတ်ဘူးလား

Starry Prince said...

ကောင်းပါတယ်ဗျာ... အရမ်းကို ကောင်းပါတယ်(****)
<(^ ^,)>

sitt said...

တခုခု ရေးခဲ့ ဆိုရင်တော့....မင်း အရမ်း လှတာပဲ ....

Anonymous said...

တခုခုတော.ပြောခဲ.ချင်ပါတယ်...အမလိုပဲ အမေးတွေပဲ များနေလို.ထပ်မေးပေး ပါဦးမယ်...ပန်းအတွက်ပါ
အပိုဖြေပေးကြပါ လို....

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .