Wednesday, December 9, 2009

“လမ်း”




"လမ်း" ဆိုတာ လျှောက်ဖို့
"ဖယောင်းလမ်း" လည်းရှိတယ်
"ခယောင်းလမ်း" လည်းရှိတယ်
"ကွေ့ကောက်လမ်း" လည်းရှိတယ်
"ဖြောင့်တန်းနေတဲ့လမ်း" လည်းရှိတယ်
ဘယ် "လမ်း" ကို ဘယ်လိုပဲလျှောက်...လျှောက်
အဓိက က လျှောက်တတ်ဖို့ပဲ လိုတယ်
"ဘဝလမ်း"...ဆိုရင်တော့
"ဥာဏ်"ကိုနင်းပြီး...
ဖြေးဖြေး နဲ့ မှန်မှန် သတိနဲ့လျှောက်ပေါ့....
လျှောက်တတ်ရင်
ရောက်တတ်ရာမှာ ပျော်စရာတွေအပြည့်နဲ့ပါ

21 comments:

rose of sharon said...

ဟုတ်တယ်နော်... ထောက်ခံပါတယ်

WWKM @နန်းဝါ၀ါမောင် said...

လမ်းမပေါ်မှာ ကောင်မလေးချောချောလေးတစ်ယောက်
ရပ်နေပါလား။း)

ဝေလင်း ( Вэй Линн) said...

“လမ်း” ...တဲ့လား.......

ညလင်းအိမ် said...

လမ်းဆိုတာ လှမ်းနေသရွေ့
တွေ့ကြုံရမယ့် အရာ...
ဘ၀ဆိုတာ တွေ့ကြုံနေသရွေ့
လှမ်းနေရမယ့် အရာပေါ့...

ဘ၀ဆိုတဲ့လမ်း လျှောက်လမ်းတိုင်းကို
ဥာဏ်နှင့်ယှဉ်၍ ဖြတ်သန်းနိုင်ပါစေ...


လေးစားမှုဖြင့်
ညရဲ့ကောင်းကင်

နေညိုရင့် said...

အမှန်ပဲ လမ်းဆိုတာ လျှောက်တတ်ဖို့ လိုတယ်..

မိုးစက်အိမ် said...

ပန်းခင်းလမ်းလေးမှာ ထာဝရ လျောက်လှမ်းနိုင်ပါစေ အမရေ . . . ခရောင်းလမ်းက ညတွေကုန်လွန်ပါစေဗျာ

သိင်္ဂါကျော် said...

ဟုတ်တာပေါ့... ဘဝလမ်း ဆိုတာ ကွေ့တလှည့် ဖြောင့်တလှည့် လျှောက်ကြရတာပဲလေ..

kiki said...

ဒီလမ်းတွေ ဘယ်လို လျှောက်ရ လျှောက်ရ ပါ ..
လျှောက် ရဲ အောင်၊ လျှောက် တတ်အောင် လေ့ကျင့် ပြီး လျှောက်ကြရမှာပါ ..တလမ်းမဟုတ် တလမ်းပေါ့ ၊

ဒါပေမဲ့ နောက်ဆုံး လူတိုင်းလျှောက်ကြရမဲ့
တလမ်း .. ရှိသေးတာ.. မပြန်လမ်း တဲ့လေ
ဒီလမ်း..ကိုတော့ လူတိုင်း အချိန်မရွေး လျှောက် ဖို့  သတ္တိ နဲ့  ပြင်ဆင်ထားရလိမ့်မယ် ..

လုံမလေး said...

မမ ချေားချေားလေး ရပ်နေ တာပဲ ကြည့်ပြီး
ကဗျာ ဖတ်ဖို့  မေ့ သွားတယ် :P

မှတ်သားသွားပါတယ်ရှင်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

မှန်တယ်အစ်မရေ လမ်းတွေများတယ်ဗျာ
ကျွန်တော်လဲ လမ်းပေါ်မှာပဲ ဒါပေမယ့် သဲကွဲသေးဖူး
ဘယ်လမ်းလဲဆိုတာ

ဒဏ္ဍာရီ said...

ဟုတ်တယ် သူငယ်ချင်းရေ ......... အဲဒီ လမ်း ကို ဒို့တတွေ ဖြောင့်တန်းအောင် လျှောက်နိုင်ဖို့လိုတယ်နော်။ ထာဝရ ပန်းခင်းလမ်း မဖြစ်နိုင်ပေမယ့် သူငယ်ချင်း ပြောသလို ဥာဏ်နဲ့ ဆင်ခြင်ပြီး လျှောက်ရမှာပဲလေ...

ခင်မင်လေးစားလျှက်

တီချမ်း said...

လမ်းလာလျောက်တယ်အေ့

အနှိုင်းမဲ့ said...

အခုချိန်ထိ.....ဘ၀လမ်းကိုကောင်းကောင်းမလျှောက်တတ်သေးပါဘူး..အမရေ..
နတ်သမီးရဲ့ကဗျာလေးက နှိုင်းအတွက်တော့အားဖြစ်စေပါတယ်။

ဧပရယ်လ်ပူး@ပူးတေ said...

ကောင်းလိုက်တာနတ်သမီးရေ...
အဓိပ္ပာယ် အပြည့်ပဲ။
ဘဝလမ်းမှာအောင်မြင်မှု သရဖူ ဆောင်းနိုင်ပါစေ။
ချစ်တဲ့
ပူးတေ
:P

F@LL3N said...

အဟဲ
ကျနော်တော့လမ်းလျှောက်ရင်းနဲ့
လမ်းပျောက်နေပြီ
လမ်းပြပါဦးနတ်သမီးရေ

Nge Naing said...

ကွေ့ကောက်လမ်းပဲ တဘ၀လုံးလျှောက်နေရတယ် ကျန်တဲ့ လမ်းတွေ မလျှောက်ဖူးသေးဘူး။ အဖြူရောင် နတ်သမီးက ဘယ်လမ်းပဲ လျှောက်လျှောက်၊ တတ်ဖို့ပဲ လိုတယ်ဆိုပေမယ့် လျှောက်မတတ်လို့လားမသိဘူး အခုထိတော့ မရောက်သေးဘူး။

အဖြူရောင်နတ်သမီး said...

ဟုတ်ပ...
နတ်သမီးလည်း ရေးသာရေးရတယ်...
လျှောက်နေတုန်းပါပဲ...
ခုထိတော့ ရောက်သေးပါဘူး....

အနမ်း said...

ကဗျာလေးမိုက်တယ်နော် နတ်သမီး။ လမ်းပေါ်ကလူကပို မိုက်သေးတယ်း))

Anonymous said...

ဓာတ်ပုံရိုက်ရင် ဘာဖြစ်လို့  ဇက်ကြီးကို ပုပုထားရတာလဲ

ဂျေဂျူဝိုင် said...

ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ပါတယ်

Anonymous said...

နောက်တစ်ခါဆို ဖိနပ်ချွတ်ရိုက် :P

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .