Monday, December 7, 2009

“နှိုင်း” အတွက်ပါ

ဒီဇင်ဘာမှာ
မွေးခဲ့တဲ့ သူလေး....
နှင်းကလေးတပွင့် မဟုတ်ပေမယ့်
နှင်းကလေးလို နူးညံ့တဲ့ သူမ
မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်
ရည်မွန်တဲ့စိတ်ကို ရှေ့တန်းတင်လို့
ကိုယ်ပိုင်...ဟန်
ကိုယ်ပိုင်...မာန်
ကိုယ်ပိုင်...သဏ္ဍာန်တွေနဲ့
အတိတ်ကို ကျောခိုင်း
ပစ္စုပ္ပန်ကို ချနင်း
အနာဂတ်ကို ရှေးရှုပြီး
နှစ်တနှစ်ရဲ့ နောက်ဆုံးလမှာမွေးတဲ့သူမို့
ကံကောင်းခြင်းလက်ဆောင်တွေကို
နောက်ဆုံးပိတ် အိတ်နဲ့လွယ်လို့
အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကို
မရောက်၊ရောက်အောင်သွားမယ့်
"သူ"..........
"ဒေါင်းဒေါင်" ဆိုတဲ့ မိန်းခလေး......။





-----------------------------------------------------------

ကဗျာတွေကို ချစ်တဲ့ ကျမ
ကဗျာလက်ဆောင်တွေ ရခဲ့ဖူးတယ်...
သိပ်လည်း ပျော်ခဲ့ဖူးပါတယ်....
ဒီနေ့ ကဗျာတွေကိုချစ်တဲ့...
သူငယ်ချင်း "နှိုင်း"ရဲ့မွေးနေ့မှာ..
ကဗျာလေးတပုဒ် "နှိုင်း"အတွက်
ပို့ပေးခဲ့တယ်..။
Quality မမှီပေမယ့် "နှိုင်း"အတွက်
အမှတ်တရ..ပါ....
လက်ခံပေးခဲ့တဲ့ "နှိုင်း"ကို...
ကျေးဇူးတင်ပါတယ်နော်...
HAPPY BIRTHDAY ..ပါ.."နှိုင်း"ရေ.....

9 comments:

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးပါဗျာ မနှိုင်းရေ
ကျွန်တော်ဆုတောင်းပေးခဲ့တယ်
အေးချမ်းသာယာတဲ့ဘဝပိုင်ရှင်ဖြစ်ပါစေဗျာ

အနှိုင်းမဲ့ said...

ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက်ပိုတာရှိခဲ့ရင်
အဲဒီစကားကိုပြောချင်ပါတယ်..
တစ်ခုခုကြောင့်လွဲမှားခဲ့တယ်ဆိုရင်လဲ..
တောင်းပန်ပါတယ်ဆိုတဲ့စကားထက် ပိုတဲ့စကားများရှိခဲ့ရင်
အဲဒီစကားလုံးကိုပဲရွေးချယ်မှာပါ...။

အများကြီးကျေးဇူးတင်ပါတယ်..နတ်သမီးလေးရယ်

မိုးငွေ့...... said...

အနှိုင်းမဲ့အတွက် ကဗျာလေးကချစ်စရာလေးပါ နတ်သမီးရယ်...

Nge Naing said...

အဖြူရောင် နတ်သမီးက ကဗျာစပ်သိပ်တော်တယ်နော့်။

ဂျပန်ကောင်လေး said...

ရေးတတ်လိုက်တာနော်.... ရေးချင်တာလေးကို အလှပဆုံး စကားလုံးတွေနဲ့ ရေးတတ်တာ ချီးကျူပါတယ်ဗျာ... နှိုင်းဆိုတာကို မသိပေမယ့် ဟက်ပီဘဒ်ဒေး ပါ....း)

NweYoe said...

ကောင်း၏း-)
အတူတူပဲ ဆုတောင်းပေးပါ၏။

~ဏီလင်းညို~ said...

နတ်သမီးရေ...
အနှိုင်းမဲ့ရဲ့ အိမ်လေးကို တစ်ခါရောက်ဖူးခဲ့တယ်...။
ပျော်ရွှင်စရာ မွေးနေ့ပါ အနှိုင်းမဲ့ရေ...။ ကဗျာလေးလည်းကောင်းပါ၏။
(ဒီလိုမှန်းတိ..နာလည်းရေးပေးပါဒယ်..၊ ဟိ..ဟိ...။)

ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

အနှိုင်းမဲ့ အတွက် မွေးနေ့ကဗျာလေးကို ဖတ်သွားပါတယ်ခင်ဗျ...

F@LL3N said...

ဗျာ...!
ကျနော်က လတစ်လရဲ့ရှေ့ဆုံးမှာမွေးတာဗျ
အဲဒါဆိုကံကောင်းခြင်းတွေကို
နှောင်းလူတွေအတွက်ချန်ပစ်ရတော့မှာပေါ့နော်
ကြေကွဲလိုက်တာဗျာ

ခင်လို့စတာချိတ်ချိုးနဲ့
happy birthdayမနိုင်းရေ

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .