စွဲကိုင်လှုပ်ရမ်းလိုက်ကြတာ...
“အ..စဉ်ထာဝရ
ဖြူ..စင်ခြင်းများနဲ့
ရောင်..စဉ်ဖြာကို
နတ်..ဘုံနန်းလိုနေရာလေးမှာ
သ..ခင်မလေး နမ်းမဝ
မီး..အိမ်ရှင်လေးအဖြစ် လမ်းပြနိုင်ပါစေ”.....(Anonymous)
“နတ်သမီးမွေးနေ့မှ စ၍
တိတ်စိတ်ခြောက်ကပ် အိပ်ပျက်ညတွေ လွန်မြောက်
ဘဝရဲ့ တန်ဖိုးထားရာ တခဏတာတွေ
ခဏခဏပိုင်ဆိုင်
တန်ဖိုးထားမြတ်နိုးရာတွေ
ကြာကြာသိမ်းဆည်းရရှိနိုင်ပါစေ”....
(ဝင်းမင်း-ရိုးမအရိုင်းပန်း)
“ညီမအဖြူရောင်နတ်သမီးအတွက်မွေးနေ့အကြို လက်ဆောင်လေးတွေ
ပို့ပေးလိုက်ပါတယ်..ညီမရေ။
မွေးနေ့မှာ အွန်လိုင်းမှ မိတ်ဆွေ မောင်နှမများနဲ့ အတူ
ပျော်ရွှင်ချမ်းမြေ့ဘွယ်ကောင်းတဲ့ မွေးနေ့လေးကို
ကျင်းပနိုင်ပါစေ”....
(ဝါဝါခိုင်မင်း)
“ဟဲလို...ဓာတ်ပုံလုပ်ပြီး ပို့လိုက်တယ်..သိလား..ကြိုက်လားတော့ မသိဘူး...မလုပ်တတ် လုပ်တတ်နဲ့ ပို့ထားတယ်...“ဝက်လေး”ပုံ မမြင်ဘူးသေးဘူးနဲ့ တူတယ်နော်...ဟဲ..ဟဲ..ပို့ပေးလိုက်တယ်..သိလား..ဘိုင်..တာ့တာ”...(ဝက်ဝံလေး)
“သူငယ်ချင်းထဲမှာ ထူးထူးဆန်းဆန်း နတ်သမီးတယောက်ပါနေတယ်။သူ့အဖေနဲ့အမေ ဘယ်သူမှန်းမသိဘူး..၊ ဒီနေ့ သူ့မွေးနေ့..တဲ့..။ဆရာစံဇာနည်ဘိုဆီသွားပြီး ဇာတာစစ်တော့ နတ်သမီးကို ဗေဒင်မေးလို့ မရဘူးတဲ့..။ဒါနဲ့..တရုတ်ဘုံကျောင်းသွားပြီးတရုတ်ဘုန်းကြီးကျောင်းသွားမေးတယ်..။ဘုန်းကြီးနဲ့တွေ့တော့...သူက..ni hao!...တဲ့.....”
(White lotus)
“မွေးနေ့လက်ဆောင် ပန်းလေးပါ..ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ..။
ကဗျာမစပ်တတ်လို့ ဓာတ်ပုံလေးပဲ ပေးလိုက်ပါတယ်..။
အဖြူရောင်နတ်သမီးပန်းလေး..လိုချင်တယ်ဆိုလို့”....
(Vista)
“ပျော်ရွှင်တဲ့ မွေးနေ့မင်္ဂလာဖြစ်ပါစေလို့ ဆုတောင်းပေးရင်း
မွေးနေ့လက်ဆောင် စာအုပ် ပို့ပေးတာပါ”...
(ကိုလူထွေး)
“မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပါစေ”...
(မြတ်မွန်)
“ညလေး..နှင်းဟေမာ ကိုယ်တိုင်လုပ်ထားတဲ့ မွေးနေ့ကဒ်လေးကို မမအတွက် ပို့ပေးလိုက်တယ်၊ ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း မမအတွက် အာဝါး...နော်” (နှင်းဟေမာ)
နိုဝင်ဘာ၁၉မှာအဖြူရောင်နတ်သမီးမွေးနေ့ပါ
၁၉xxဖေဖေမေမေ့သမီးပြုံး
ဇာတိxx၊xခရိုင်သိရင်သိကြနိုင်
ကြုံကြံ့ခိုင်တဲ့ဇာမဏီသမီး
ဆိုက်ပရပ်မှာတကိုယ်တည်းမငြီး
ပျော်ရွှင်စရာမွေးနေ့ဖြစ်သတည်း”...
(ဒါဗြဲ..)ခုနှစ်၊မွေးရပ်မသိလို့xx/xxပဲရေးပေးလိုက်တယ်...သဘောပေါက်စ်စ်စ်(ကိကီ)
“ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ”..(မိုးခါး)
“နတ်သက် တထောင်ရှည်ပါစေသော်”...(ရွှေရတုမှတ်တမ်း)
“ညီမရေ...လက်ဆောင်လေးကို ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်”...(busymozzee)
“မွေးနေ့က(၁၈)နှစ်ပြည့် မဟုတ်ဘူးဆိုလည်း လိုတဲ့နှစ်တွေကို စိတ်ထဲမှာ ပေါင်းထည့်လိုက်ပါဗျာ...” (July Dream)
“ Happy Birthday to you”....(Waing)
“ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ”...(ကိုအောင်-ပျူနိုင်ငံ)
“လတန်ဆောင်တိုင်သူ...လို့ ကြွေးကြော်သူ
ချစ်သော အမနမ်းမဝ
ရင်အေးသောအပြုံးဖြင့်
အစဉ်ထာဝရပြုံးပျော်နိုင်ပါစေ”...(ဆွေလေးမွန်)
2 comments:
မွေးနေ့အမှတ်တရ ဓါတ်ပုံလေးတွေကြည့်သွားပါတယ်
ညီမငယ်..
ပျော်ရွှင်မှုတွေကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေ။
wwkm
မွေးနေ့မှာ ပျော်ရွှင်ပါစေ.. ။ နောင်နှစ်ပေါင်းများစွားတိုင် ချစ်သော ခင်သော သူများနှင့် မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင် နိုင်ပါစေ.။ အောင်မြင်သော ဘ၀ တောင့်တသော ဘ၀ ကို အမြန် ဆုံးပိုင်ဆိုင်နိုင်ပါစေ.။
မွေးနေ့ က အရမ်းခမ်းနားတယ်နော်...။
ပျော်စရာကြီးပဲ.။
ခင်မင်လျှက်
ညီညီ
Post a Comment