Friday, October 9, 2009

တစ်ခါတစ်လေမှာ ဒီသီချင်းလေးတွေကို ညည်းတတ်တယ်

“တစ်ခါတစ်လေမှာ ဒီသီချင်းလေးတွေကို ညည်းတတ်တယ် ”..ဆိုတဲ့ ခေါင်းစဉ်နဲ့..“နှင်းလေး(နှင်းဟေမာ) က...ရေးပေးဖို့တောင်းဆိုထားတာကြောင့်...မအားလပ်တဲ့ကြားက ကြိုးစားပြီးရေးဖြစ်ခဲ့တယ်...။ သီချင်းတွေကိုများများစားစား မညည်းတတ်တဲ့ကျမအတွက် ..အမြဲတန်းညည်းဖြစ်တဲ့ သီချင်းလေးကတော့...“ခုံတန်းလေး”..တဲ့...ရှင်ဖုန်းဆိုထားတာပါ။ အလွမ်းဓာတ်ခံရှိပြီးသား ဖြစ်တဲ့ ကျမအတွက် ဒီသီချင်းလေးဟာ ကျမအတွက် အလွမ်းဖြေဖို့ဖြစ်လာခဲ့ပါတယ်..။


ကျမကတော့ကျိန်စာသင့်နေတဲ့လူတစ်ယောက်လိုပါပဲ.. နေ့ဆိုရင်တော့ အလုပ်တွေကို
အားနဲ့မာန်နဲ့လုပ်ဆောင်နိုင်တယ်...။ ညရောက်လို့ စိတ်ရောလူပါ...ခြေကုန်လက်ပန်းကျလာလို့... စိတ်ကိုလွှတ်လိုက်တာနဲ့..တစ်ပြိုင်နက်...ကျမရဲ့အတွေးထဲကို..
အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှုတွေ ...ကျူးကျော်ဝင်ရောက်လာတော့တာပါပဲ...။
ကျမက ကျမကို စိတ်ညစ်ဖို့အချိန်မရှိလောက်အောင်.. အလုပ်တွေ ပိနေချင်တာပါ...။
လူ့ဘဝရဲ့အဓိပ္ပါယ်ကိုက....အလုပ်လုပ်နေခြင်းလို့ အဓိပ္ပါယ်သက်ရောက်နေစေချင်တာ..။
ဒါပေမဲ့ လောကကြီးကတရားလွန်ပါတယ်..။ လူ့ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ...တစ်ခုတည်းမဟုတ်ဘူး... ခံစားချက်တွေ...ချစ်ခြင်းမေတ္တာတွေလည်း ...ရောယှက်ပါဝင်နေသေးတယ်...။ အလုပ်ထဲမှာ...အဆင်မပြေလို့ကျမရဲ့အာရုံတွေမျက်ရည်တချို့နဲ့ဝေဝါးလာခဲ့ရင်ကျမလှမ်းကြည့်တတ်တာက...“ပင်လယ်ပြင်” ကိုပါပဲ...။ စိတ်ဖိစည်းမှုတွေ သိပ်များလာတဲ့အခါ...ကျမအတွက် “ပင်လယ်”ဟာ...အသက်ကယ်ဆေး တစ်ခွက်ဖြစ်ခဲ့တယ်...။ “ပင်လယ်”က..ကျမရဲ့ ပျော့ညံ့မှုတွေကို...ပြန်မာကျောစေတယ်..။ ကျမရဲ့...ယိမ်းယိုင်မှုတွေကို ပြန်တည့်မတ်စေတယ်...။ ကျမရဲ့ တွေဝေမှုတွေကို..ပြတ်သားစေတယ်...။ ကျမရဲ့ ကစဉ့်ကလျှားဖြစ်မှုတွေကို..ပြန်စုစည်းစေတယ်...။
“ပင်လယ်”က ကျမအတွက်တော့ အရာခတ်သိမ်းပါပဲ...။ ကျမ ဘဝမှာ...အလိုချင်ဆုံးအရာက..
“ပင်လယ်”နဲ့အတူ... ရှိနေမဲ့..အချိန်နာရီ...နေ့ရက်တွေနဲ့..သက္ကရာဇ်တွေပါပဲ..။
ပင်လယ်ဟာ...ကျမကို နားလည်မှုအပေးနိုင်ဆုံး...နဲ့... ကျမရဲ့ခံစားချက်တွေကို...ဝေမျှခံစားရင်း.... အဝေးဆုံးနေရာရဲ့...အနီးဆုံးတနေရာမှာ.ရှိနေပေမယ်...အခုတော့...ကျမနဲ့ဝေးရာကိုထွက်သွားခဲ့ပါပြီ။ အခုတော့လည်း...ပင်လယ်ပြင်ကို ငေးကြည့်ရင်း...ခုံတန်းလေးရဲ့ဘေးမှာ.သီချင်းလေးကိုညည်းရင်း.....ကျမတစ်ယောက်ထဲပဲပေါ့.....

ဟိုအရင် xxx ခုံတန်းလေးက လှမ်းမေးစဉ်တိုင်းမှာ xxxx
ကိုယ်လေ xxx တစ်ယောက်ထဲ တွေးရင်း လွမ်းလို့နေတာ xxxx
မျှော်လင့်ချက်များစွာဟာ xxx မင်းလေးပဲ ပေးခဲ့တာ xxxx
ယူထားလိုက်ပေါ့ တို့ဘဝက မင်းလက်ထဲမှာ xxxx
ခံစားရတဲ့..နေ့...ည...သိပ်ရှည်လို့ပါ xxxx
အချစ်ဆုံးလေးရဲ့ အနမ်းလေးများ xxxx
မဝေးချင်သေးတာ...သူမြင်နိုင်အုံးမလား xxxx
မင်းလေးပေးတဲ့ ဒဏ်ရာတွေကို ကိုယ်လေ ထွေးပိုက်ကာ xxxx
နှလုံးသား ရင်ခွင်လေး တစ်နေရာမှာ သိမ်းထားတာ xxxx
အလွမ်းရဲ့..နေ့ရက်များအလယ်မှာ xxxx
ခုံတန်းလေးလည်း...ဆွေးလို့သွား xxxx
ပိုပြီးဝေးမယ့် အချိန်တွေကိုလေ xxx ကိုယ်လေ မတွေးရဲပါ xxxx
အေးစက်နေတဲ့...ကြင်နာသူရေ...ပြန်ကာလှမ်းကြည့်ပါ xxxx
တို့ရဲ့နွေရက်များ xxx တစ်နေ့နေ့တော့...ဆုံးမှာလား xxxxxxxxxxxx


http://www.youtube.com/watch?v=Rn93PX3j5KQ


လျှပ်တစ်ပျက်..ဆုတောင်း
နှင်းတွေကျနေပြီချစ်သူ...
ပင်လယ်ကမ်းခြေက
ငါတို့ထိုင်နေကျ ခုံတန်းလေးမှာ
အခုတော့..ငါတစ်ယောက်ထဲပေါ့....။
လေထဲမှာ ဝေ့ဝဲပျံသန်းနေတဲ့
ငါ့ရဲ့ဆံနွယ်တွေလည်း
သူတို့ကိုပွတ်သတ်ကျီစယ်မဲ့
သူတို့ရဲ့သခင်ကိုလွမ်းနေကြပြီ....။
နင်နဲ့တွေ့ရင်...
အမြဲတန်း အေးစက်နေတတ်တဲ့
ငါ့ရဲ့လက်ချောင်းကလေးတွေလည်း
သူတို့ကိုနွေးထွေးအောင်လုပ်ပေးတတ်တဲ့
သူတို့ရဲ့သခင်ကိုမျှော်ရင်း
ခိုက်ခိုက်တုန်အောင်ချမ်းနေကြပြီ....။
ကောင်းကင်က သာနေတဲ့ လမင်းကြီးလည်း
ငါ့ကိုငုံ့ကြည့်ရင်း
ငိုမဲ့မဲ့ဖြစ်နေခဲ့ပြီ....။
ငါ...သူတို့ကိုနှစ်သိမ့်ရင်း
ပြည့်လျှံတက်လာတဲ့
ငါ့မျက်ဝန်းထဲက
မျက်ရည်တွေကို အသိမ်းမှာ
ရုတ်တရက် ကြွေကျသွားတဲ့
မျက်ရည်တစ်စက်နဲ့...
ကောင်းကင်ပေါ်က
ငါ..ဆုတောင်းဖို့ ခြွေချလိုက်တဲ့
ကြယ်တစ်စင်းတို့
မမြင်ရတဲ့ဆုံမှတ်တစ်ခုမှာ
ဆုံတွေ့ကြတဲ့အချိန်...
လျှပ်တစ်ပျက်..
ငါ...ဆုတောင်းမိလိုက်တာကတော့
“နင်...ငါ့ဆီကို အမြန်ပြန်လာပါ...”....

(နှင်းလေးရေ...ကျေနပ်မယ် ထင်ပါတယ်..နော်...)

5 comments:

နှင်းဟေမာ said...

မမအဖြူရောင်လေးရေ......
အတိုင်းထက်အလွန်ပါပဲ ..... ဖြေပေးသွားတာလေးက သိပ်ကို လှပ အသက်ဝင်ပါတယ်......
မမနဲ့ထပ်တူ ခံစားကြေကွဲမိရင်း
သီချင်းလေးကိုလဲ နားဆင်သွားတယ်
ရင်ဘတလထဲက ထွက်ကျလာတဲ့ အလွမ်းကဗျာစလေးတွေကိုလဲ
အလေးအနက်ဖတ်သွားပါတယ်နော်
ချစ်တဲ့ .... နှင်း

ငဝန်နဒီ said...

အခုတော့လဲ အစ်မ ရေသူမ နတ်သမီး ပေါ့...

မိုးစက်အိမ် said...

အမရေ သိပ်စိတ်ညစ် ခံမနေပါနဲ့  ဗျာ . . . စိတ်ဖိစီး
မှုတွေများရင် ရုပ်ရည်ပါကျတယ်ခင်ဗျ . . . ပျော်အောင်
သာ ကြိုးစားနေလိုက်ပါဗျာ

ဘလောဂ်ဂါတို့ရဲ့ ဘလောဂ့်ဂါ said...

အင်း ဘယ်လိုမှ နားလို့မရတဲ့ ဒီဘလော့ဂ်

မင်းဘိုးအေ said...

အော် ရှက်စရာကြီးပါလားကွယ်ရိုး ယောက်ျားရင့်မာကြီး (ဘလောက်ဂါတို့ ရဲ့ ဘလောက်ဂါ ) ရူးကြောင်ကြောင် အုပ်စုက ခွေးအုပ်က ဝိုင်းဆွဲသလို မိန်းကလေးတစ်ယောက်ကို ရေးထားတာများ ရှက်စရာအတိ ဖြစ်ရပါဘီဗျာ။ကြုံဘူးပါဘူး။အရင်က မိန်းကလေးတွေများ အတင်းပြောတက် ကဲ့ရယ်တက် မနာလိုတက်လား (ဆောရီး တချို့ ကို ဆိုလို၏) လို ထင်မိပါတယ် ။ ယောက်က်ျား ရင့် မာကြီးတွေက သူတပါးကို ကဲ့ရယ် အပုတ်ချ စော်ကား မော်ကား ပြောတက် တယ် ဆိုတာ ခုတော့ ကျွန်ုပ်သိပေပြီး။ အော်ရှက်စရာတိကောင်းလေစွ။
သူတပါးကို ထိခိုက်ဆောကားပြောတဲ့ အတက်ပညာကို မိဘတွေကများသင်ပေးလိုက်သလား မသိပါဘိ။အော်ဒီလိုဆို မိမဆုံမ ဖမဆုံးမ သားသမီး တွေ ဖြစ်ချေတော့အံ့..။ဘလောက်ဂါတို့ ရဲ့  ဘလောက်ဂါဆိုတော့ကာ ဘယ်ဘလောက် လောကတွက်များ အကျိုးပြု အလုပ်တွေ လုပ်ခဲ့ ပါသလည်း။ ကျွန်ုပ်ဝင်ရေး ရသည်မှာ ကျွန်ုပ် ယခု သူငယ်မ ကိုသိရှိ ၍မဟုတ် မိန်းကလေးတစ်ယောက်ကို ယောက်က်ျားရင်မာကြီးတွေ က မိန်းမလိုမိန်းမရ ဆော်ကားနေသည်ကို ကြည့် မကောင်း၍ ဝင်ရောက်ပြောရပေသည်။ဘလောက်လောက အတွက်မှု ရင်လေးပေစွ။ ကျွန်ုပ်မှာမှုဘလောက်ဂါ မဟုတ်ပေ။ ဘလောက်လောကမှာ ဒီလို အလကားနေ သူများကို ဆော်ကားသည် သတ္တဝါတွေ ရှိနေသမျှ အသင်တို့ လောကကြီး ဘယ်သောခါမှ တိုးတက်မည် မဟုတ်။အော်ခက်ပေစွ ခက်ပေစွ တကား။နှမသားချင်းမှမစာမနာ သူရို့ နှမများသာဖြစ်နေရင်း အော် ...ရင်လေးပါဘိကွယ်..။
ကျွန်ုပ် ရေးသားသည်ကို မကြေနပ်ပေက ကျွန်ုပ်အားမေးပို့ ပြောလို့ ရပေသည်။ဒီ ဘလောက် အထဲတွင် ရေးစရာမလို တော့ပါ ။ စာဖတ်သူများ အနှောက်ယှက်ဖြစ်စေမည်ကို မလိုလားပေ။ကျွန်ုပ် စောင့်နေပေမည်။ ♦သင်တို့ အား

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .