Wednesday, August 19, 2009

အချစ်ဘယ်မှာလဲ....“သီရိမာ”

အချစ်ဘယ်မှာလဲ....“သီရိမာ”...တဲ့...ကျမ ငယ်ငယ်က ဖတ်ဖူးတဲ့ ရုပ်ပြဇာတ်လမ်းလေး
တစ်ပုဒ်ပါ... ရေးတဲ့သူကိုတော့ မမှတ်မိတော့ပါဘူး...ဒါပေမဲ့
ဇာတ်လမ်းလေးကိုတော့...ဘာကြောင့်မှန်းမသိ အခုအချိန်ထိ... အမှတ်တရ
ရှိနေဆဲပါ...အလှတရားမှာ ယစ်မူးခဲ့တဲ့..သူတော်စင် တစ်ပါးအကြောင်းပါ...ပုဂံခေတ်
ပုဂံပြည်က နန်းတွင်းထဲမှာ..သိပ်ချော သိပ်လှတဲ့..“သီရိမာ” ဆိုတဲ့ မင်းသမီးတစ်ပါး
ရှိတယ်တဲ့..။ နန်းတွင်းသူ အချောအလှတွေ အများကြီးထဲကမှ..“သီရိမာ” ရဲ့
အလှဟာ..စာဖွဲ့လို့မရအောင်..ချောမောလှပတယ်တဲ့....
သူမရဲ့..အသံ၏ကောင်းခြင်း..အသားအရောင်..ဆံကေသာ...
တို့ရဲ့အလှဟာ..အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိလွန်းတာကြောင့်..
မင်းညီ၊
မင်းသားတို့ရဲ့ ပါးစပ်ဖျားမှာ..ရေပန်းစားခဲ့ရတယ်..။ တစ်ခါတစ်လေ...
“သီရိမာ”
ရဲ့အလှအကြောင်း...စကားနိုင်လုပြောကြရင်းနဲ့...
မင်းညီ၊ မင်းသားအခြင်းခြင်း
ခိုက်ရန်ဖြစ်ပွားရတဲ့ အထိပါပဲ..။
တစ်နေ့..နန်းတွင်းထဲမှာ...သံဃာတော်တွေကို
ဆွမ်းကပ်လှူပွဲ
ကျင်းပတဲ့အခါ..ပုဂံပြည်တစ်မြို့လုံးမှာရှိတဲ့
သံဃာတော်အားလုံးကို ..ဘုရင်မင်းမြတ်မှ
ဆွမ်းခံကြွတော်မူစေတယ်..။နန်းတွင်းသူ..နန်းတွင်းသားများဟာလည်း..
လှူဖွယ်ပစ္စည်းအစုံအလင်နဲ့..ဆွမ်းကပ်လှူကြတာပေါ့...အဲဒီအထဲမှာ..
“သီရိမာ”လည်း
ပါဝင်ခဲ့တယ်..။ ဆွမ်းခံတဲ့ ရဟန်းသံဃာတော်တွေထဲက...
ရဟန်းငယ်တစ်ပါးဟာ..“သီရိမာ”
ကို မြင်တွေ့ပြီး...စွဲလန်းသွားလိုက်တာ... အဲဒီနေ့က “စ”
ပြီး..ဆွမ်းခံလည်းမထွက်..ဆွမ်းဘုန်းလည်းမပေး..တရားလည်းမထိုင်နိုင်..
မအိပ်နိုင်
မစားနိုင်တော့ပဲ... “သီရိမာ”ကိုပဲ..တမ်းတမြဲ တမ်းတနေတော့တယ်...။
ဘေးကရဟန်းတွေက
ဘယ်လိုပဲ ဖြောင်းဖျပေမဲ့ အဲဒီရဟန်းငယ်ဟာ... “သီရိမာ”ကို
ချစ်တဲ့စိတ်တွေနဲ့...ဘာကိုမှလက်မခံတော့ဘူး...။အဲဒီသတင်းဟာ
ရွှေနန်းတော်က
ဘုရင့်ရွှေနားတော်အထိ ရောက်ခဲ့ရတာပေါ့..။
အဲဒီရဟန်းငယ်ကြောင့်..သံဃာရဲ့
သာသနာတော်ကို..ထိပါးလာမှာစိုးရိမ်ရတာကြောင့်..
သံဃာတော်အဖြစ်မှ..
လူဝတ်လဲခိုင်းဖို့ စီစဉ်နေတုန်းမှာပဲ..“သီရိမာ” ဟာ..အပြင်းဖျားတဲ့
ဝေဒနာနဲ့...အသက်ဆုံးပါးသွားခဲ့တယ်...။
“သီရိမာ” ရဲ့
ရုပ်အလောင်းကို...ဘုရင်မင်းမြတ်ရဲ့ အမိန့်အရ...ရွာအပြင်မှာ...
မဏ္ဏပ်ထိုးပြီး
ရွာသူ ရွာသားများအား (၇)ရက် (၇)လီ...မကြည့်မနေရ အမိန့်နဲ့
...ကြည့်ရှုစေခဲ့တယ်...။“သီရိမာ” ရဲ့ ရုပ်အလောင်းထားရာ နှင့်
မလှမ်းမကမ်းမှာတော့..သံဃာတော်များအတွက်...နေရာထိုင်ခင်း စီစဉ်ပေးပြီး..........
ပရိတ်တရားတော်များကို...အချိန်ပြည့်...အလှည့်ကျ ရွတ်ဖတ်စေခဲ့တယ်...။ အဲဒီထဲမှာ
ရဟန်းငယ်လည်းပါဝင်ခဲ့တာပေါ့...။ အဲဒီပွဲဟာ ကြက်ပျံမကျ..စည်ကားခဲ့ပါတယ်..။
“သီရိမာ” ရဲ့ ရုပ်အလောင်းအား...သွားကြည့်သူတွေရဲ့..
အမျိုးမျိုးဝေဖန်သံတွေဟာလည်း.ပုဂံမြို့တစ်မြို့လုံးမှာ..ပြန့်နှံ့ခဲ့ပါတယ်..။
.. “သေသွားတာ နှမြောလိုက်တာ”...“အိပ်နေသလိုပါပဲ”....“အသားလေးကလည်း ဝင်းလို့”...
“ချောလိုက်တာ”...စသည်ဖြင့်ပေါ့...။
ဒီလိုနဲ့...(၃)ရက်မြောက်တဲ့နေ့မှာ..လာကြည့်သူတွေဟာ..
တဖြည်းဖြည်းနည်းလာခဲ့တယ်..ဘုရင့်အမိန့်တော်ကို မလွန်ဆန်နိုင်တဲ့..ရွာသူ ၊
ရွာသားများဟာ.. အလောင်းကောင်မှ ထွက်လာတဲ့ အနံ့ဆိုးကို မခံနိုင်တာက
တစ်ကြောင်း...ယို့ယွင်းပျက်စီးလာပြီဖြစ်တဲ့.. အလောင်းကောင်ကို မသတီတာက
တစ်ကြောင်းကြောင့်...မဏ္ဏပ်ရဲ့ မလှမ်းမကမ်းမှ ပဲ.. .ဝတ်ကြေတန်းကြေကြည့်ပြီး
လှည့်ပြန်သွားကြပါတယ်..။ (၅)ရက်မြောက်တဲ့နေ့မှာတော့...“သီရိမာ”ရဲ့
ရုပ်အလောင်းထားရာ..မဏ္ဏပ်ထဲမှာ.. ရဟန်းသံဃာတော်များနဲ့..“သီရိမာ”ရဲ့ ရုပ်အလောင်းသာ
ကျန်ရှိပါတော့တယ်...။ရွာသူရွာသားများဟာ မဏ္ဏပ်ရဲ့
အဝေးကနေပဲ...လှန်းကြည့်နေတော့တယ်...ရဟန်းများဟာလည်း..
ပရိတ်တရားတော်များကို
ရွတ်သာရွတ်နေရတယ်... အလောင်းကောင်မှ
ထွက်လာတဲ့ အနံ့ဆိုးများကြောင့်
အော့အန်ပြီး..
စိတ်မအီ မသာ ဖြစ်ကြရပါတယ်...။စိတ်ထဲကလည်း သတ်မှတ်ထားသော (၇) ရက်
အမြန်ရောက်ပါစေလို့ .. “ဆု”တောင်းနေကြပါတယ်...။ အဲဒီအချိန်မှာ...
ဘုရင်မင်းမြတ်ကိုယ်တိုင် “သီရိမာ” ရဲ့ ရုပ်အလောင်းရှိရာ..မဏ္ဏပ်ထဲသို့...
ကြွချီတော်မူလာပြီး....ရဟန်းငယ်အား ရှေ့တော်သို့ သွင်းစေခဲ့တယ်....။
ဘုရင့်ရှေ့တော်သို့ ရဟန်းငယ်ရောက်လာချိန်မှာ...ဘုရင်မင်းမြတ်မိန့်တော်မူတာကတော့....
“အသင် ရဟန်းငယ်....“သီရိမာ”အားရှုလော့.....“သီရိမာ”
၏အလှမှာ...အသင်ရူးသွပ်ခဲ့ဖူးသည်... “သီရိမာ”ကို...အသင်
အလွန်ပင်..စွဲလန်းချစ်မြတ်နိုးခဲ့ဖူးသည်....ထို့အတွက်... ယ္ခု....“သီရိမာ”၏
ရုပ်အလောင်းအား...သင့်ကိုပေးသနားတော်မူသည်...၊
အသင်....“သီရိမာ”ကို...ယ္ခင်ကကဲ့သို့....ချစ်သေးပါ၏လော......၊ “သီရိမာ” ၏ အလောင်းအား
အသင်အလိုရှိရာသို့ သယ်ဆောင်စေ....”ဟု... မိန့်တော်မူလေသည်.....။
ရဟန်းငယ်၏
မျက်နှာတွင် ဝမ်းသာမှုတစ်စုံတစ်ရာကို မတွေ့ရပဲ..အလွန်စိုးရိမ်
ထိတ်လန့်စွာဖြင့်...ငြင်းဆန်တောင်းပန်ပြီး.... ရဟန်းဘဝဖြင့်သာ
ပျော်မွေ့ပါတော့မည့်အကြောင်း...လျှောက်တင်လေသည်...။ ဘုရင်မင်းမြတ်လည်း...
ရဟန်းငယ် အကျွတ်တရား ရသွားပြီဖြစ်သဖြင့်...“သီရိမာ”၏.. ရုပ်အလောင်းအား
မီးသင်္ဂြီုလ်ရန် စီစဉ်စေသည်..။ရဟန်းငယ်၏ စိတ်မှာတော့ အရင်က အလွန်ချောမော
လှပခဲ့သော“သီရိမာ” ၊ မင်းညီ မင်းသားတို့ခိုက်ရန်ဖြစ်ခဲ့ရသော“သီရိမာ” ၊
အသံလေးကြားရယုံ နှင့် စွဲလန်းခဲ့ရသော “သီရိမာ” ၊ မြင်သူတစ်ကာ
ချစ်စိတ်ပေါက်ဖွားခဲ့ရသေ “သီရိမာ” ၊ သံဃာ့ဈန် လျှောခဲ့ရသော“သီရိမာ” ၊ အခုတော့
“အချစ်ဘယ်မှာလဲ “သီရိမာ” ရယ်.................

2 comments:

မောင်လုလင် said...

ဒါကလေးဖတ်ပြီးတော့ တရားတောင်မှသလို ဖြစ်သွားတယ် ဗျာ ..

ဏီ(န်)ကင်း said...

ဓာတ်ပုံလေးလဲကြည့်၊ပြီးတော့စာဖတ် ပြီးတော့သံဝေဂနဲနဲ ရသွားပါတယ်ဗျာ...

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .