
ငါ...
ဖြတ်သန်းခဲ့တဲ့...“ဘဝ”
လမ်းကြမ်းကြမ်းမှာ
မင်းလက်ကို တွဲလို့
ရင်ဆိုင်ကျော်လွှားချင်တဲ့
ငါ့ရဲ့...“ဆန္ဒတစ်စုံ” ...နဲ့
ငါ့ရဲ့...အိပ်မက်တွေ ရှင်သန်လာခဲ့တယ်...။
အိပ်မက်က နိုးထလာချိန်မှာ
မဝံ့မရဲနဲ့
မင်းကို..ငါ..အကြည့်
တွေဝေနေတဲ့
မင်းရဲ့မျက်ဝန်းတစ်စုံနဲ့
ငါ့ရဲ့...ဆန္ဒတစ်စုံတို့
စီးချင်းထိုးနေကြတယ်...။
ပန်းခင်းတဲ့...“လမ်း”ဆိုတာ
ငါ့ဘဝမှာ...မရှိ
ငါ..လျှောက်တဲ့..လမ်း
ပျော့ပျောင်းတဲ့...“ဖယောင်းလမ်း”တော့ မဟုတ်ဘူး
ကြမ်းတမ်းတဲ့..“ခယောင်းလမ်း”...။
အဲဒီ...ဆူးခင်းတဲ့....“ဘဝလမ်း” မှာ
မင်း...
ငါ့လက်ကို..ဆွဲလို့
ရဲရဲလျှောက်ရဲတယ်ဆိုရင်
“ဝင်လာခဲ့”....
ငါ့ဘဝထဲကို.......။
1 comments:
အားပါး။ ၀င်လာခဲ့လို့ ခေါ်တဲ့ကဗျာကလည်း နဲနဲလေသံပြင်းသလိုပဲနော်။ မလာရင် တစ်ခုခုများ လုပ်တော့မလားလို့ ခံစားရတယ် ... ကဗျာကို။
Post a Comment